ဆေးနှင့်အောက်ဆီဂျင်လိုအပ်ချက်ကို Horn လူမှုကူညီရေးအဖွဲ့ အခမဲ့ကူညီ

ဆေးနှင့်အောက်ဆီဂျင်လိုအပ်ချက်ကို Horn လူမှုကူညီရေးအဖွဲ့ အခမဲ့ကူညီ

အောက်ဆီဂျင်နဲ့ ဈေးကွက်မှာ လိုအပ်နေတဲ့ဆေးတွေကို ဟိန္ဒူလူငယ်တွေနဲ့ ဆရာမတစ်ယောက်စုပေါင်းပြီး တည်ထောင်ထားတဲ့ Horn လူမှုကူညီရေးအဖွဲ့ကနေ သြဂုတ် ၁၂ ရက်မှာ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့ပြီး အမှန်တကယ်ခက်ခဲနေသူတွေကို အခမဲ့ကူညီပေးနေပါတယ်။

Horn လူမှုကူညီရေးအဖွဲ့ဟာ လတ်တလော Enoxaparin သွေးကျဲဆေး လိုအပ်ချက်မြင့်မာပြီး ဈေးကွက်မှာ ရှားပါတဲ့အပေါ် ဖြည့်ဆည်းပေးတာရယ်နဲ့ အရေးပေါ် အောက်ဆီဂျင်လိုတဲ့ လူနာတွေအတွက် အောက်စီဂျင်အိုးတွေ အခမဲ့ငှားရမ်းပေးတာတွေကို လုပ်နေတာပါ။

Horn အဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ်တော့ ကျနော်တို့ တတ်နိုင်တဲ့ ပမာဏလောက်ပဲ လုပ်ပေးနေပေမဲ့ နောက်ပိုင်း လူဦးရေ အများအတွက်လုပ်ပေးသွားဖို့ရှိပါတယ်။ အခက်အခဲရှိသူတွေအတွက် အခမဲ့ပေးဖို့ ခုလို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

Horn အဖွဲ့က ရောင်းချပေးနေတဲ့ ဆေးဝါးတချို့ကို ၅၁ လမ်း ဗိသာနိုးဘုရားကျောင်းရှေ့က အသင်းရုံးမှာ ဝယ်ယူနိုင်ပြီး အောင်ဆီဂျင်အိုးတွေ စက်တွေလည်း အခမဲ့ငှားရမ်းပေးနေပါတယ်။

Crd-Original Post

(ZAWGYI)

ေဆးႏွင့္ေအာက္ဆီဂ်င္လိုအပ္ခ်က္ကို Horn လူမႈကူညီေရးအဖြဲ႕ အခမဲ့ကူညီ

ေအာက္ဆီဂ်င္နဲ႔ ေဈးကြက္မွာ လိုအပ္ေနတဲ့ေဆးေတြကို ဟိႏၵဴလူငယ္ေတြနဲ႔ ဆရာမတစ္ေယာက္စုေပါင္းၿပီး တည္ေထာင္ထားတဲ့ Horn လူမႈကူညီေရးအဖြဲ႕ကေန ၾသဂုတ္ ၁၂ ရက္မွာ ေဈးႏႈန္းသက္သာစြာနဲ႔ ေရာင္းခ်ေပးခဲ့ၿပီး အမွန္တကယ္ခက္ခဲေနသူေတြကို အခမဲ့ကူညီေပးေနပါတယ္။

Horn လူမႈကူညီေရးအဖြဲ႕ဟာ လတ္တေလာ Enoxaparin ေသြးက်ဲေဆး လိုအပ္ခ်က္ျမင့္မာၿပီး ေဈးကြက္မွာ ရွားပါတဲ့အေပၚ ျဖည့္ဆည္းေပးတာရယ္နဲ႔ အေရးေပၚ ေအာက္ဆီဂ်င္လိုတဲ့ လူနာေတြအတြက္ ေအာက္စီဂ်င္အိုးေတြ အခမဲ့ငွားရမ္းေပးတာေတြကို လုပ္ေနတာပါ။

Horn အဖြဲ႕ တာဝန္ရွိသူ တစ္ဦးက “ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ တတ္ႏိုင္တဲ့ ပမာဏေလာက္ပဲ လုပ္ေပးေနေပမဲ့ ေနာက္ပိုင္း လူဦးေရ အမ်ားအတြက္လုပ္ေပးသြားဖို႔ရွိပါတယ္။

အခက္အခဲရွိသူေတြအတြက္ အခမဲ့ေပးဖို႔ ခုလို လုပ္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

Horn အဖြဲ႕က ေရာင္းခ်ေပးေနတဲ့ ေဆးဝါးတခ်ိဳ႕ကို ၅၁ လမ္း ဗိသာႏိုးဘုရားေက်ာင္းေရွ႕က အသင္း႐ုံးမွာ ဝယ္ယူႏိုင္ၿပီး ေအာင္ဆီဂ်င္အိုးေတြ စက္ေတြလည္း အခမဲ့ငွားရမ္းေပးေနပါတယ္။

Crd-Original Post