“လမ်းဘေးစာကြည့်တိုက်အသေးလေးတစ်ခုကို ပတ်ဝန်းကျင်ရှိကလေးများစာဖတ်နိုင်ရန် ကိုယ်တိုင်တည်ဆောက်ပေးခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး

“လမ်းဘေးစာကြည့်တိုက်အသေးလေးတစ်ခုကို ပတ်ဝန်းကျင်ရှိကလေးများစာဖတ်နိုင်ရန် ကိုယ်တိုင်တည်ဆောက်ပေးခဲ့တဲ့ ၁၅ နှစ်အရွယ်ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ Davao မြို့မှ အသက် ၁၅ နှစ်အရွယ် Lorenzo အမည်ရှိကောင်လေးတစ်ဦးဟာ စာဖတ်ခြင်းက ပျော်စရာကောင်း

တယ်လို့ ထင်မြင်ထားတာကြောင့် သူ့အိမ်ပတ်ဝန်းကျင်မှ စာဖတ်ဝါသနာပါတဲ့မည်သူမဆိုစာဖတ်နိုင်မဲ့ လမ်းဘေး mini

စာကြည့်တိုက်တစ်ခုကို တည်ဆောက်ပေးခဲ့ပါတယ်။

Lib of Positivity လို့ခေါ်တဲ့ ထိုစာကြည့်တိုက်ကို တည်ဆောက်ရတဲ့ပထမဆုံး

ရည်ရွယ်ချက်က သူနဲ့ရွယ်တူများကလေ့လာသင်ယူနိုင်ဖို့ကူညီတဲ့နေရာတစ်ခုဖြစ်စေရန် ရည်ရွယ်ခဲ့ပေမဲ့လည်း ထိုနေရာက

အလျင်အမြန် စာဖတ်ဝါသနာပါသူများရဲ့အကြိုက်ဖြစ်လာခဲ့လိမ့်မယ်လို့ သူ ဘယ်သောအခါမှမမျှော်လင့်ခဲ့ဖူးကြောင်းဆိုခဲ့ပါတယ်။

အခြားစာကြည့်တိုက်များနှင့်မတူဘဲ ၎င်းလမ်းဘေးစာကြည့်တိုက်ကိုရိုးရိုးအမိုးဖြင့်သာပြုလုပ်ထားပြီး စာအုပ်ဖတ်လိုသူများအတွက်

လမ်းဘေးစာကြည့်တိုက်ဘေးမှာ ကုလားထိုင်နှင့်စားပွဲတစ်ခုကိုလည်း ပြုလုပ်ပေးထားပါတယ်။

၎င်း Lib of Positivity ရှိစာအုပ်များဖြစ်တဲ့ သင်္ချာ၊ သိပ္ပံ၊ အင်္ဂလိပ်၊ ရုပ်ပိုင်းပညာရေး၊ သိပ္ပံနှင့်စာပေမှဖတ်စာအုပ်များအားလုံး

ကို ၂၄ နာရီလုံးလုံး မည်သူမဆိုလာအောင်ယူဖတ်နိုင်ပါတယ်။

၎င်းလမ်းဘေးစာကြည့်တိုက်က ရပ်ကွက်အတွင်းရှိကလေးများအတွက် သာမက အင်တာနက်ပေါ်၌ပါ ပျံ့နှံ့သွားတဲ့အခါ Lorenzo

ဟာ အံ့ဩသွားခဲ့ရပြီး သူတည်ဆောက်ဖြစ်ခဲ့တာကို အရမ်းဝမ်းမြောက်မိတယ်လို့လည်း ဆိုခဲ့ပါတယ်။

“ ကျွန်တော် အိပ်ရာနိုးတာနဲ့ အပြင်ထွက်ကြည့်တဲ့အခါ ကလေးတွေအားလုံးက ကျွန်တော့်စာအုပ်တွေကိုဖတ်နေတာကိုတွေ့ရတာ

အရမ်းပျော်ဖို့ကောင်းတယ်၊ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးကိုလည်း မြင်ခဲ့ရတယ်၊ အဲဒါက ကျွန်တော့်ရဲ့တစ်နေ့တာကို ခွန်အားဖြစ်စေ

တယ် ” လို့ Lorenzo က ပြောခဲ့ပါတယ်။

Lorenzo က သူ့ရဲ့လမ်းဘေးစာကြည့်တိုက်ဟာ ပတ်ဝန်းကျင်မှာ ကြီးမားတဲ့ရိုက်ခတ်မှုတစ်ခုဖြစ်တယ်လို့မြင်လျှင် အခြားသူများကို

လည်း ၎င်းနည်းတူ ကိုယ်ပိုင် mini စာကြည့်တိုက်များကိုဆောက်လုပ်ကြရန် လှုံဆော်ကာ “ မင်းရဲ့ကိုယ်ပိုင်ဒေသမှာ

ကိုယ်ပိုင်စာကြည့်တိုက်ငယ်လေးတွေဖွင့်နိုင်ခဲ့ရင် ပိုပြီးအံ့ဩစရာကောင်းလိမ့်ပါမယ် ” လို့လည်း ရေးသားခဲ့ပါသေးတယ်။

ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာ Lorenzo လိုကောင်လေးရှိနေခြင်းဟာ သင့်ကိုအများကြီးအကျိုးရှိနေမှာအမှန်ပါဘဲဗျာ။

Crd-Original Post

(ZAWGYI)

“လမ္းေဘးစာၾကည့္တိုက္အေသးေလးတစ္ခုကို ပတ္ဝန္းက်င္ရွိကေလးမ်ားစာဖတ္ႏိုင္ရန္ ကိုယ္တိုင္တည္ေဆာက္ေပးခဲ့တဲ့ ၁၅ ႏွစ္အ႐ြယ္ေကာင္ေလး

ဖိလစ္ပိုင္ႏိုင္ငံ Davao ၿမိဳ႕မွ အသက္ ၁၅ ႏွစ္အ႐ြယ္ Lorenzo အမည္ရွိေကာင္ေလးတစ္ဦးဟာ စာဖတ္ျခင္းက ေပ်ာ္စရာေကာင္း

တယ္လို႔ ထင္ျမင္ထားတာေၾကာင့္ သူ႔အိမ္ပတ္ဝန္းက်င္မွ စာဖတ္ဝါသနာပါတဲ့မည္သူမဆိုစာဖတ္ႏိုင္မဲ့ လမ္းေဘး mini

စာၾကည့္တိုက္တစ္ခုကို တည္ေဆာက္ေပးခဲ့ပါတယ္။

Lib of Positivity လို႔ေခၚတဲ့ ထိုစာၾကည့္တိုက္ကို တည္ေဆာက္ရတဲ့ပထမဆုံး

ရည္႐ြယ္ခ်က္က သူနဲ႔႐ြယ္တူမ်ားကေလ့လာသင္ယူႏိုင္ဖို႔ကူညီတဲ့ေနရာတစ္ခုျဖစ္ေစရန္ ရည္႐ြယ္ခဲ့ေပမဲ့လည္း ထိုေနရာက

အလ်င္အျမန္ စာဖတ္ဝါသနာပါသူမ်ားရဲ႕အႀကိဳက္ျဖစ္လာခဲ့လိမ့္မယ္လို႔ သူ ဘယ္ေသာအခါမွမေမွ်ာ္လင့္ခဲ့ဖူးေၾကာင္းဆိုခဲ့ပါတယ္။

အျခားစာၾကည့္တိုက္မ်ားႏွင့္မတူဘဲ ၎လမ္းေဘးစာၾကည့္တိုက္ကို႐ိုး႐ိုးအမိုးျဖင့္သာျပဳလုပ္ထားၿပီး စာအုပ္ဖတ္လိုသူမ်ားအတြက္

လမ္းေဘးစာၾကည့္တိုက္ေဘးမွာ ကုလားထိုင္ႏွင့္စားပြဲတစ္ခုကိုလည္း ျပဳလုပ္ေပးထားပါတယ္။

၎ Lib of Positivity ရွိစာအုပ္မ်ားျဖစ္တဲ့ သခ်ၤာ၊ သိပၸံ၊ အဂၤလိပ္၊ ႐ုပ္ပိုင္းပညာေရး၊ သိပၸံႏွင့္စာေပမွဖတ္စာအုပ္မ်ားအားလုံး

ကို ၂၄ နာရီလုံးလုံး မည္သူမဆိုလာေအာင္ယူဖတ္ႏိုင္ပါတယ္။

၎လမ္းေဘးစာၾကည့္တိုက္က ရပ္ကြက္အတြင္းရွိကေလးမ်ားအတြက္ သာမက အင္တာနက္ေပၚ၌ပါ ပ်ံ႕ႏွံ႔သြားတဲ့အခါ Lorenzo

ဟာ အံ့ဩသြားခဲ့ရၿပီး သူတည္ေဆာက္ျဖစ္ခဲ့တာကို အရမ္းဝမ္းေျမာက္မိတယ္လို႔လည္း ဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္ အိပ္ရာႏိုးတာနဲ႔ အျပင္ထြက္ၾကည့္တဲ့အခါ ကေလးေတြအားလုံးက ကြၽန္ေတာ့္စာအုပ္ေတြကိုဖတ္ေနတာကိုေတြ႕ရတာ

အရမ္းေပ်ာ္ဖို႔ေကာင္းတယ္၊ သူတို႔ရဲ႕မ်က္ႏွာေပၚကအၿပဳံးကိုလည္း ျမင္ခဲ့ရတယ္၊ အဲဒါက ကြၽန္ေတာ့္ရဲ႕တစ္ေန႔တာကို ခြန္အားျဖစ္ေစ

တယ္ ” လို႔ Lorenzo က ေျပာခဲ့ပါတယ္။

Lorenzo က သူ႔ရဲ႕လမ္းေဘးစာၾကည့္တိုက္ဟာ ပတ္ဝန္းက်င္မွာ ႀကီးမားတဲ့႐ိုက္ခတ္မႈတစ္ခုျဖစ္တယ္လို႔ျမင္လွ်င္ အျခားသူမ်ားကို

လည္း ၎နည္းတူ ကိုယ္ပိုင္ mini စာၾကည့္တိုက္မ်ားကိုေဆာက္လုပ္ၾကရန္ လႈံေဆာ္ကာ “ မင္းရဲ႕ကိုယ္ပိုင္ေဒသမွာ

ကိုယ္ပိုင္စာၾကည့္တိုက္ငယ္ေလးေတြဖြင့္ႏိုင္ခဲ့ရင္ ပိုၿပီးအံ့ဩစရာေကာင္းလိမ့္ပါမယ္ ” လို႔လည္း ေရးသားခဲ့ပါေသးတယ္။

ကိုယ္ေနထိုင္တဲ့ပတ္ဝန္းက်င္မွာ Lorenzo လိုေကာင္ေလးရွိေနျခင္းဟာ သင့္ကိုအမ်ားႀကီးအက်ိဳးရွိေနမွာအမွန္ပါဘဲဗ်ာ။

Crd-Original Post