လက်ရှိအချိန်ထိ တည်တံ့နေတဲ့ မြို့တော် ခန်းမ၊ ရန်ကုန်ဘူတာကြီး စတာတို့ကို တည်ဆောက်ခဲ့တဲ့ မြန်မာ့ဗိသုကာပညာရှင်

“မြန်မာဗိသုကာပညာရှင်စည်သူဦးတင်အကြောင်းကြီးမားကျယ် ပြန့်လှသော မြန်မာဆန်လှသော၊ဗိသုကာ လက်ရာမြောက်လှသော မြို့တော်ခန်းမကြီးကို ဘယ်သူ တည်ဆောက်ခဲ့ပါသလဲ။

ခြူးပန်း ခြူးနွယ်များဖြင့် မြန်မာဆန်ဆန် အလှဆင်ထားသော၊ မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူရမည့် အဆောက်အဦးကြီးကို
တည်ဆောက်ခဲ့သူကတော့ အင်းစိန် အေဂျီတီအိုင် ကျောင်းဆင်း မြန်မာဗိသုကာပညာရှင် စည်သူဦးတင်ပင် ဖြစ်ပါသည် ။

စည်သူဦးတင်ကား ရန်ကုန်မြို့တော်ခန်းမ အဆောက်အဦးကြီးကိုသာမက ရန်ကုန်မြို့မှ အခြား အထင်ကရ အဆောက်အဦး အချို့ကိုလည်း ပုံစံထုတ်ကာ တည်ဆောက်ခဲ့သည် ။

အဆိုပါ တည်ဆောက်ခဲ့ရသည့် အထင်ကရ အဆောက်အဦးများနှင့် အကြံပြုခဲ့ရသည့်လုပ်ငန်းရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

( ၁ ) ရန်ကုန်မြို့တော်ခန်းမ
( ၂ ) ရွှေတိဂုံစေတီတော် အနောက်မုခ် ( နှစ်ပြားတန်ဆောင်း )

( ၃ ) ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရသည့် ဆူးလေစေတီတော်အား မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ခြင်း
( ၄ ) ရန်ကုန်ဗဟို မီးသတ်အဆောက်အဦး

( ၅ ) စမ်းချောင်းမြို့နယ် မီးသတ်ရုံ
( ၆ )ရန်ကုန်တက္ကသိုလ်ဓမ္မာရုံ

( ၇ ) မြို့မကျောင်း
( ၈ )ရန်ကုန်ဘူတာကြီး

( ၉ ) နိုင်ငံခြား ကုန်သွယ်မှုဘဏ်( ရန်ကုန် )
( ၁၀ ) ကော်မာရှယ်ဘဏ်( မန္တလေး )

( ၁၁ ) ကောလိပ်ကျောင်းများ ( မန္တလေး ၊ မော်လမြိုင် ၊ ပုသိမ် ၊ တောင်ကြီး ) တို့ဖြစ်ကြသည် ။

စည်သူဦးတင်သည် မန္တလေးနန်းတွင်း အဆက်အနွယ်များမှ ဆင်းသက်လာသူ ဖြစ်ပြီး ၁၈၉ဝပြည့်နှစ်တွင် မန္တလေးမြို့ ပုလဲငွေရောင်ရပ်တွင် ဖွားမြင်ခဲ့သည် ။

မိဘများမှာ အင်စပက်တော်ဦးတိုးနှင့် ဒေါ်မြကြီးတို့ ဖြစ်ကြကာ ဖခင်ဦးတိုးဘက်မှ မိဘများမှ ာမန္တလေးနန်းတွင်းမှမင်းမှုထမ်းများ ဖြစ်ကြသည် ။

ဦးတိုး၏ဖခင်ဖြစ်သူ ဦးကြင်သည် မင်းတုန်းမင်းလက်ထက် နိုင်ငံခြားပညာတော်သင်တစ်ဦးဖြစ်ပြီး

အိမ်ရှေ့စံကနောင်မင်းသားကြီး၏ လက်ရုံးတစ်ဆူ ဖြစ်ကာ မန္တလေးတွင် ဒင်္ဂါးစက်ရုံအမြောက်စက်ရုံများကို ဦးစီးခဲ့သည့် မြန်မာအင်ဂျင်နီယာကြီးတစ်ဦး ဖြစ်သည် ။ပန်းချီဆရာဗိသုကာ ပညာရှင် ဆရာခင်မောင်ရင်သည်ဦးတင်၏ တူတော်စပ်ပါသည်။

ယင်းကဲ့သို့ အင်ဂျင်နီယာမျိုးရိုးမှ ဆင်းသက်လာသော ဦးတင်အဖို့ လက်တွေ့ လုပ်ဆောင်ရသောအင်ဂျင်နီယာလုပ်ငန်းများကို ဝါသနာပါသူ ဖြစ်သည် ။

ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လုပ်ရမှကျေနပ်သူ ဦးတင်သည် မိမိပုံစံ ထုတ်ရေးဆွဲခဲ့သော အဆောက်အဦးများတည်ဆောက်ရာတွင် ကိုယ်တိုင် ကိုယ်ကျ ကြီးကြပ်ပေးခဲ့သည် ။

စည်သူဦးတင်သည် ယခုအခါ နှစ်ပေါင်းတစ်ရာကျော်သက်တမ်း
ကြာမြင့်ပြီဖြစ်သော ဂျီတီအိုင်ကျောင်း ( Government Technical Institute,G.T.I ) အင်းစိန်မှာ တက်ရောက်ခဲ့သူတစ်ဦး ဖြစ်သည် ။

အင်းစိန် ဂျီတီအိုင်ကျောင်းကြီးသည် တစ်ချိန်က အရှေ့တောင်အာရှတိုင်းပြည်များ၏ ပိုလီတက္ကနစ်ကျောင်းတော်ကြီး ဖြစ်ခဲ့သည် ။

စည်သူဦးတင်သည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆ လမ်းနှင့် ၂၄ လမ်းထောင့်ရှိ နာမည်ကျော်စိန့်ပီတာအထက်တန်း ကျောင်း(ယခုအခါ မန္တလေးအမှတ်( ၉ )အစိုးရအထက်တန် းကျောင်း) မှ ဆယ်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိလာကာ ရန်ကုန်ကောလိပ် တက်ရောက်ခဲ့သည် ။

ထိုစဉ်က ရန်ကုန်ကောလိပ်မှာ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံအဖြစ် ထားရှိချိန် ဖြစ်သည် ။စည်သူဦးတင်သည် ၁၉၀၉တွင်ရန်ကုန်ကောလိပ်မှ ပညာဆုံးခန်းတိုင်အောင် ပြီးစီးခဲ့သည် ။

ဦးတင်သည် အခြားသူများကဲ့သို့ ကာလကတ္တားသို့လည်း ဆက်လက် ပညာသွားရောက် မသင်ကြားလို ၊ မြို့အုပ်မြို့ပိုင် ၊

နယ်ပိုင်ဝန်ထောက်များလည်း မလုပ်လိုဘဲ လက်တွေ့လုပ်ငန်းများကိုသာ ဝါသနာပါသူတစ်ဦးဖြစ်ပေရာ ကိုတင် အဖို့ ပညာဆက်လက် ဆည်းပူးရန် လမ်းဆုံးသွားသကဲ့သို့ ဖြစ်နေသည် ။

သို့သော် ကိုတင်အတွက် အားကိုးအားထားပြုစရာ အစိုးရအင်ဂျင်နီယာကျောင်းတစ်ကျောင်းရှိနေပါသေးသည် ။ထိုကျောင်းကား မြန်မာအင်ဂျင်နီယာများကို မွေးထုတ်ပေးနေရာ အင်းစိန်ဂျီတီအိုင်ကျောင်းပင်ြ ဖစ်ပါသည် ။

ကိုတင်တို့အင်းစိန်ဂျီတီအိုင်တွင်အဆောက်အဦးနှင့်လမ်းတံတားဘာသာရပ်များကိုသင်ယူနေချိန်တွင်မြန်မာပြည်၌အင်ဂျင်နီယာပညာရပ်ဆိုင်ရာကျောင်းဟူ၍ မရှိသေးပေ။

ထို့ကြောင့်အင်းစိန်ဂျီတီအိုင်မှ ကျောင်းဆင်းလာလျှင်ပြည်သူ့လုပ်ငန်းဌာန(Public Works Department)ကဲ့သို့သော
ဗြိတိသျှအစိုးရဌာနများကအလုပ်သင်အင်ဂျင်နီယာများအဖြစ်
ကြိုဆိုနေကြလေသည်။

ကိုတင်သည် ၁၉၁၂-၁၃ခုနှစ်တွင်အင်းစိန်ဂျီတီအိုင်မှကျောင်းပြီးခဲ့ပြီးပြည်သူ့လုပ်ငန်းဌာနတွင်တံတားကလေးစိတ္တဇဆေးရုံစီမံကိန်းလုပ်ငန်းခွင်သို့ဝင်ရောက်ခဲ့သည်။

ဦးတင်က အင်းစိန်ဂျီတီအိုင်မှ သင်ယူခဲ့သည့် အင်ဂျင်နီယာပညာရပ်များကိုလုပ်ငန်းခွင်တွင်လက်တွေ့အသုံးချသည်။

ပရိုဖိုင်း(Profile)များ ရိုက်သည်မှစ၍ မြေကြီးလုပ်ငန်း၊အောက်ခံကွန်ကရစ်လုပ်ငန်း၊ အုတ်စီလုပ်ငန်းများကိုကိုယ်တိုင်ကြီးကြပ်ကာ စနစ်တကျလုပ်ဆောင်ခဲ့သည်။

အရည်အချင်းထက်မြက်သောဦးတင်ကိုအိန္ဒိယသို့ပညာတော်သင်အဖြစ်ရွေးချယ်ခဲ့ပြီး ဘုံဘေမြို့ရှိ SirJamstedJiJee Bhoကျောင်းတွင်တစ်နှစ်ကြာဗိသုကာပညာရပ်များကိုသင်ယူခဲ့သည်။

ကျောင်းတက်နေစဉ်တစ်ဖက်မှလည်း လက်တွေ့လုပ်ငန်းခွင်အြစ်MessersEreeson,Brathy&Kihib ဗိသုကာကုမ္ပဏီတွင်
ဝင်ရောက်လုပ်ကိုင်ကာတည်ဆောက်ဆဲဖြစ်သောအတွင်း
ဝန်ရုံးတည်ဆောက်ရေးလုပ်ငန်းများကိုလေ့လာသင်ယူခဲ့သည်။

ဦးတင်သည် အိန္ဒိယနိုင်ငံမှ ၁၉၂၄တွင်ပြန်လာခဲ့ပြီးနောက် ရန်ကုန်မြို့တော်မြူနီစီပယ်ရုံးကြီးတွင် အဆောက်အဦး
အင်ဂျင်နီယာ(Building Engineer)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ထမ်းဆောင်နေစဉ် တစ်ဖက်မှလည်း

ဗိသုကာပညာရှင်အဖြစ် အထင်ကရအဆောက်အဦးအချို့ကို ပုံစံထုတ်ခြင်း ၊ ကိုယ်တိုင်ကြီးကြပ်တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည် ။

မြန်မာတိုင်းအတွက်လေးစားအားကျအတုယူရမည့် မြန်မာအင်ဂျင်နီယာဗိသုကာပညာရှင်စည်သူဦးတင်ကို ယခုစာစုဖြင့် ဂုဏ်ပြုအပ်ပါသည် ။

Crd-Original Post