ပြည်သူနဲ့အတူရှေ့ဆုံးကရဲရဲဝင့်ပါဝင်ခဲ့ပြီးဖမ်းဆီခံခဲ့ရပေမယ့်လည်း speak outလုပ်ပေးခြင်းမခံရရှာတဲ့အဆိုတော်ပိုပို

ပြည်သူနဲ့အတူရှေ့ဆုံးကရဲရဲဝင့်ပါဝင်ခဲ့ပြီးဖမ်းဆီခံခဲ့ရပေမယ့်လည်း speak outလုပ်ပေးခြင်းမခံရရှာတဲ့အဆိုတော်ပိုပို

ပရိသတ်တွေချစ်ခင်အားပေးရတဲ့အဆိုတော်ပိုပိုကတော့ကိုယ်ပိုင်သံစဉ်တွေကိုဖန်တီးပြီးဂီတနယ်ပယ်မှာနေရာတခုရရှိနေတာလည်းဖြစ်ပါတယ်။အဆိုတော်ပိုပိုကတော့ကိုယ်ပိုင်အလ်ဘမ်များစွာထွက်ရှိထားပြီး

လူငယ်ပရိသတ်တွေကြားရေပန်းစားခဲ့ကြတာဘဲဖြစ်ပါတယ်

အဆိုတော်ပိုပိုဟာ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရသူဖြစ်ပြီးဧပြီလထဲမှာဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပိုပိုနဲ့အတူနာမည်ကျော်အနုပညာရှင်တွေများစွာလည်းဖမ်းဆီးခံထားရပြီးလက်ရှိအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတော့လူထူလှုပ်ရှားမှုကြီးမှာထိပ်ဆုံးပါဝင်ခဲ့ပြီးပြည်သူနဲ့အတူရပ်တည်ပေးခဲ့တဲ့သူတစ်ယောက်ပါ။ဒါကြောင့်မလို့လည်းဖမ်းဝရမ်းထုတ်ခံရပြီးရှောင်တိမ်းနေစဉ်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာပိုပိုကအင်းစိန်ထောင်မှာရှိနေပြီးသရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့တစ်ဆောင်ထဲနေရတယ်လို့လည်းသိရပါတယ်။

အဆွေးသီချင်းတွေကိုအလွမ်းဓာတ်ခံပါပါသီဆိုပြီး၂၀၁၂ခုနှစ်မှာချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော်အခွေနဲ့ပရိသတ်တွေရဲ့အသည်းကျော်တစ်ဦးဖြစ်ခဲ့တဲ့ပိုပိုဟာယနေ့မေလ(၁၆)ရက်နေ့မှာပဲသက်(၃၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ပိုပိုကတော့၁၆.၅.၁၉၉၀ခုနှစ်မှာအဖဦးအောင်ကျော်ဝင်းအမိဒေါ်အေးအေးသိန်းတို့မှတောင်ဥက္ကလာမြို့နယ်မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

၆လသမီးထဲကနေအဖေ၊အမေနဲ့အတူမနေခဲ့ရပဲအဖွားဖြစ်သူကနွားနို့ဗူးတိုက်ပြီးမွေးခဲ့ရတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ပိုပိုဟာမွေးချင်းမရှိတဲ့တစ်ဦးတည်းသောသမီးပဲဖြစ်ပါတယ်။

ပိုပိုကိုချစ်ခင်အားပေးတဲ့ပရိသတ်တစ်ဦးကအမှန်တရားအတွက်ရဲရဲဝင့်ဝင့်ပါဝင်ခဲ့တဲ့ပိုပိုကိုspeak outလုပ်ပေးမယ့်တောင်းဆိုလိုက်ပါတယ်။

ဒါအပြင်အဆိုတော်ပိုပိုကိုမေ့နေကြပြီလားလို့လည်းဝမ်းနည်းစွာမေးခွန်းထုတ်လာပါတယ်။

ဖတ်ရှု့ပေးကြတဲ့မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Crd-Original Post

(ZAWGYI)











Crd-Original Post