စစ်ကောင်စီက ဦးဖြိုးမင်းသိန်း ဇနီးကို ခြိမ်းခြောက်ထွက်ဆိုခိုင်းထား

စစ်ကောင်စီက ဦးဖြိုးမင်းသိန်း ဇနီးကို ခြိမ်းခြောက်ထွက်ဆိုခိုင်းထား

မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သူ့ဇနီး ဒေါ်ခင်မိမိကြွယ်တို့ ၂ ဦးကို စစ်ကောင်စီက နေပြည်တော် ခေါ်ဆောင်သွားပြီးနောက်

စစ်ကောင်စီ ခြိမ်းခြောက်ခိုင်းစေတဲ့အတိုင်း ထွက်ဆိုရန် ဒေါ်ခင်မိမိကြွယ်ကို ညွှန်ကြားထားတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။

တရားရုံးမှာ ဒေါ်ခင်မိမိကြွယ် ထွက်ဆိုရမယ့်စကားတွေကို စစ်ကောင်စီ က အတိအကျရေးထားပေးပြီးဖြစ်ကြောင်း၊ အဲဒီထွက်ဆိုချက်မှာ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ငွေနဲ့ရွှေတွေပေးခဲ့ရတာမှန်ကန်ကြောင်း၊

ဒေါ်ခင်မိမိကြွယ်က စီစဉ်ပေးတာဖြစ်ပြီး သူမရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းက သူ စီစဉ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ထံကိုသွားရောက်ပြီး ပေးပို့ရတာဖြစ်ကြောင်း စသဖြင့် ပါရှိတယ်လို့ စစ်ကောင်စီ အသိုင်းအဝန်းနဲ့

နီးစပ်သူတဦးက RFA ကို လှို့ဝှက်ဆက်သွယ် ပြောကြားပါတယ်။

အရင်အပတ်ရုံးချိန်းမှာ ဦးဖြိုးမင်းသိန်း ထွက်ဆိုစဉ်က ဒေါ်ခင်မိမိကြွယ်ကို နေပြည်တော်ရှိ ဟိုတယ်အခန်းတခုမှာ ဓါးစာခံအဖြစ် စောင့်ကြပ် ပိတ်လှောင်ထားခဲ့ကြောင်း၊

ရွှေ ၇ ပိသာနဲ့ဒေါ်လာ ၆ သိန်းကို ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အမှန်တကယ် ပေးခဲ့ခြင်းမရှိကြောင်းနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့အတွက် စစ်ကောင်စီ ခိုင်းစေတဲ့အတိုင်း ထွက်ဆိုကြရတာဖြစ်ကြောင်းလည်း အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

အခုသတင်းမှာပါတဲ့ အချက်အလက်တွေကို RFA က သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုလည်း လတ်တလော မရရှိသေးပါဘူး။

RFA

(ZAWGYI)

စစ္ေကာင္စီက ဦးၿဖိဳးမင္းသိန္း ဇနီးကို ၿခိမ္းေျခာက္ထြက္ဆိုခိုင္းထား

မနက္ျဖန္ ေအာက္တိုဘာလ ၈ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ သူ႔ဇနီး ေဒၚခင္မိမိႂကြယ္တို႔ ၂ ဦးကို စစ္ေကာင္စီက ေနျပည္ေတာ္ ေခၚေဆာင္သြားၿပီးေနာက္ စစ္ေကာင္စီ ၿခိမ္းေျခာက္ခိုင္းေစတဲ့အတိုင္း ထြက္ဆိုရန္ ေဒၚခင္မိမိႂကြယ္ကို ၫႊန္ၾကားထားတယ္လို႔ RFA ကစုံစမ္းသိရွိရပါတယ္။

တရား႐ုံးမွာ ေဒၚခင္မိမိႂကြယ္ ထြက္ဆိုရမယ့္စကားေတြကို စစ္ေကာင္စီ က အတိအက်ေရးထားေပးၿပီးျဖစ္ေၾကာင္း၊ အဲဒီထြက္ဆိုခ်က္မွာ ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ကို ေငြနဲ႔ေ႐ႊေတြေပးခဲ့ရတာမွန္ကန္ေၾကာင္း၊

ေဒၚခင္မိမိႂကြယ္က စီစဥ္ေပးတာျဖစ္ၿပီး သူမရဲ႕ခင္ပြန္း ဦးၿဖိဳးမင္းသိန္းက သူ စီစဥ္တဲ့အတိုင္း ေဒၚေအာင္ဆန္းစုၾကည္ထံကိုသြားေရာက္ၿပီး ေပးပို႔ရတာျဖစ္ေၾကာင္း စသျဖင့္ ပါရွိတယ္လို႔ စစ္ေကာင္စီ အသိုင္းအဝန္းနဲ႔ နီးစပ္သူတဦးက RFA ကို လႈိ႕ဝွက္ဆက္သြယ္ ေျပာၾကားပါတယ္။

အရင္အပတ္႐ုံးခ်ိန္းမွာ ဦးၿဖိဳးမင္းသိန္း ထြက္ဆိုစဥ္က ေဒၚခင္မိမိႂကြယ္ကို ေနျပည္ေတာ္ရွိ ဟိုတယ္အခန္းတခုမွာ ဓါးစာခံအျဖစ္ ေစာင့္ၾကပ္ ပိတ္ေလွာင္ထားခဲ့ေၾကာင္း၊

ေ႐ႊ ၇ ပိသာနဲ႔ေဒၚလာ ၆ သိန္းကို ဦးၿဖိဳးမင္းသိန္းက ေဒၚေအာင္ဆန္းစုၾကည္ထံ အမွန္တကယ္ ေပးခဲ့ျခင္းမရွိေၾကာင္းနဲ႔ အသက္အႏၲရာယ္ၿခိမ္းေျခာက္ခံေနရတဲ့အတြက္ စစ္ေကာင္စီ ခိုင္းေစတဲ့အတိုင္း ထြက္ဆိုၾကရတာျဖစ္ေၾကာင္းလည္း အဲဒီပုဂၢိဳလ္က ေျပာပါတယ္။

အခုသတင္းမွာပါတဲ့ အခ်က္အလက္ေတြကို RFA က သီးျခားအတည္ျပဳလို႔ မရေသးသလို စစ္ေကာင္စီဘက္က တုံ႔ျပန္ခ်က္ကိုလည္း လတ္တေလာ မရရွိေသးပါဘူး။

RFA

Crd-Original Post