ရိုက်ကူးရေးလုပ်နေတုန်းရိုက်ကွင်းနားမှာတွေတဲ့ အမေအိုကြီးကို ဆေးဖိုးတတ်နိုင်သလောက် ဒါနပြုခဲ့တဲ့ ရဲလေးမ

ရိုက်ကူးရေးလုပ်နေတုန်းရိုက်ကွင်းနားမှာတွေတဲ့ အမေအိုကြီးကို ဆေးဖိုးတတ်နိုင်သလောက် ဒါနပြုခဲ့တဲ့ ရဲလေးမ

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ရဲလေးမကတော့ စေတနာသဒ္ဓါတရားထက်သန်လှတာပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

အမြဲတမ်းလိုလို ခက်ခဲနေတဲ့သူတွေကိုလမ်းမှာမထင်မှတ်ဘဲတွေ့ရင်တောင် သူ့မှာရှိသလောက် ကူညီပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ရဲလေးမက အမေကြီးတစ်ယောက်ကို ထပ်မံကူညီလိုက်နိုင်ခဲ့တဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ

“တောင်သမာန်မှာရိုက်ကူးရေးလေးတစ်ခု့သွားရင်းအမေကြီးတစ်ယောက်တွေ့လို့ဆေးဖိုးဒါနလေးနိုင်သလောက်လှူခဲ့ပါတယ်။

ကိုယ်တွေသူတို့အသက်လောက်နေချင်မှနေရမယ်သူတို့လည်းအကြောင်းအမျိုးမျိုးကြောင့်ခုလိုနေရတာလေ။

ဘာပဲဖြစ်ဖြစ်အသက်ကြီးတဲ့ဘိုးဖွားတွေကိုသနားတယ်ကိုတွေလည်းမသိနိုင်တဲ့ကံမယုံနိုင်ဘူးမသိနိုင်ဘူးသေချာတာတစ်ခုကဒီလိုနေ‌ရာမဖြစ်မနေရောက်မယ့်သူတွေပါ။

ကိုယ့်အတွက်ကိုယ့်အလှည့်ဘယ်လိုလာမယ်မှန်းမသိ့နိုင်ဘူးသိတာတစ်ခု့ကစေတနာတစ်ခု့ရှေ့တန်းပြုခဲ့ပါတယ်

အာ့ကြောင့်ခုနှစ်ရက်သားသမီးသာဓုခေါ်ပါနော်”ဆိုပြီး ပီတိဖြစ်စွာနဲ့ သူ့ရဲ့အလှူလေးကို မျှဝေလာခဲ့တာပါ။

ပရိသတ်ကြီးရေ ရဲလေးမရဲ့ မွန်မြတ်လှတဲ့ အလှုလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Ye Lay Ma

Crd-Original Post

(ZAWGYI)











Source – Ye Lay Ma

Crd-Original Post