လှည်းကူးစွန္နီဂျာမေဗလီလူငယ်လူမှုကူညီရေးအသင်းက ဦးဆောင်ပြီးစားသောက်ကုန်တချို့ လှူဒါန်း

လှည်းကူးစွန္နီဂျာမေဗလီလူငယ်လူမှုကူညီရေးအသင်းက ဦးဆောင်ပြီးစားသောက်ကုန်တချို့ လှူဒါန်း

လှည်းကူး စွန္နီဂျာမေဗလီ လူငယ်များ လူမှုကူညီရေးအသင်းက ဦးဆောင်ပြီး လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စု ၃၅၀ စာအတွက် ဆန်၊ ကြက်ဥ၊ခေါက်ဆွဲခြောက်၊ ကြက်သွန်နီနဲ့ ကော်ဖီ အပါအဝင် စားသောက်ဖွယ်ရာတွေကို ဒီနေ့ သြဂုတ် ၁၂ ရက်မှာ တိုကင်စနစ်နဲ့ ပေးဝေလှူဒါန်းခဲ့ပါတယ်။

ဗလီလူငယ်အသင်းအနေနဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာလည်းလှည်းကူးမြို့နယ်က ကွာရန်တင်းစင်တာတွေကို အစားအသောက်တွေ ချက်ပြုတ်လှူဒါန်းပေးခဲ့ပါတယ်။

အခု ကိုဗစ်တတိယလှိုင်းမှာလည်း အောက်ဆီဂျင်တိုင်းတာတဲ့စက်၊ Oximeter ၊ ပါးစပ်နှာခေါင်းစည်းတွေနဲ့ flow meter တို့ကို ဈေးနှုန်းသက်သာစွာရောင်းချပေးခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-Hein Htet Soe

(ZAWGYI)





ဓာတ်ပုံ-Hein Htet Soe