NUG သံအမတ်ကြီးဦးကျော်မိုးထွန်း ဒီမိုကရေစီသူရဲကောင်းအဖြစ် John McCain Freedom Award ဆု ဂုဏ်ပြုရရှိ

NUG သံအမတ်ကြီးဦးကျော်မိုးထွန်း ဒီမိုကရေစီသူရဲကောင်းအဖြစ် John McCain Freedom Award ဆု ဂုဏ်ပြုရရှိ

ရန်ကုန်၊ ၈ အောက်တိုဘာလ ၈

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကျော်မိုးထွန်းသည် အမေရိကန်ပြည်ထောင်စု၊ International Republican Institute (IRI) က ချီးမြှင့်သည့် ဒီမိုရေစီသူရဲ ကောင်းအဖြစ်John McCain Freedom Award ဆု ဂုဏ်ပြုရရှိကြောင်း သိရှိရသည်။

Freedom Award ဆုရရှိသူများတွင် လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ကုသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားများ ပေါင်းစည်းညှိနိုင်းရေး ကောင်စီ ကိုယ်စားလှယ် Tatsiana Khomich ၊ ကျူးဘားဂရမ်မီအနုပညာဆုရှင် Willy Chilino တို့ဖြစ်ကြောင်း သိရှိရသည်။

ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင်ကျင်းပမည်ဖြစ်ပြီး ရီပတ်ဗလီကင် အထက်လွတ်တော် ခေါင်းဆောင် ဆီးနိတ်တာ Mitch McConnell၊ IRI ဥက္ကဌ ဆီးနိတ်တာ Dan Sullivan၊ ဆီးနိတ်တာ Joni Ernst ၊ ဆီးနိတ်တာ Lindsey Graham နဲ့ ဆီးနိတ်တာ Rick Scott တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဆုချီးမြှင့်ခံရသူများ ကြေညာမှုကို https://www.iri.org/freedomaward တွင်အင်္ဂလိပ်ဘာသာဖြင့် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံ- သံအမတ်ကြီးဦးကျော်မိုးထွန်း။

Photo Credit- ကျိုဒိုသတင်းဌာန။

(ZAWGYI)

NUG သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း ဒီမိုကေရစီသူရဲေကာင္းအျဖစ္ John McCain Freedom Award ဆု ဂုဏ္ျပဳရရွိ

ရန္ကုန္၊ ၈ ေအာက္တိုဘာလ ၈

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ၏ကုလသမဂၢဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီးေက်ာ္မိုးထြန္းသည္ အေမရိကန္ျပည္ေထာင္စု၊ International Republican Institute (IRI) က ခ်ီးျမႇင့္သည့္ ဒီမိုေရစီသူရဲ ေကာင္းအျဖစ္John McCain Freedom Award ဆု ဂုဏ္ျပဳရရွိေၾကာင္း သိရွိရသည္။

Freedom Award ဆုရရွိသူမ်ားတြင္ လစ္သူေယးနီးယား ဝန္ႀကီးခ်ဴပ္ Ingrida Symonyte ၊ ကုသမဂၢဆိုင္ရာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ ဘယ္လာ႐ုစ္ ႏိုင္ငံေရး အက်ဥ္းသားမ်ား ေပါင္းစည္းညႇိႏိုင္းေရး ေကာင္စီ ကိုယ္စားလွယ္ Tatsiana Khomich ၊ က်ဴးဘားဂရမ္မီအႏုပညာဆုရွင္ Willy Chilino တို႔ျဖစ္ေၾကာင္း သိရွိရသည္။

ဆုေပးပြဲအခမ္းအနားကို ေအာက္တိုဘာလ ၁၉ ရက္ေန႔တြင္က်င္းပမည္ျဖစ္ၿပီး ရီပတ္ဗလီကင္ အထက္လြတ္ေတာ္ ေခါင္းေဆာင္ ဆီးနိတ္တာ Mitch McConnell၊ IRI ဥကၠဌ ဆီးနိတ္တာ Dan Sullivan၊ ဆီးနိတ္တာ Joni Ernst ၊ ဆီးနိတ္တာ Lindsey Graham နဲ႔ ဆီးနိတ္တာ Rick Scott တို႔ တက္ေရာက္ၾကမည္ျဖစ္ေၾကာင္း သိရွိရသည္။

၂၀၂၁ ခုႏွစ္ ဆုခ်ီးျမႇင့္ခံရသူမ်ား ေၾကညာမႈကို https://www.iri.org/freedomaward တြင္အဂၤလိပ္ဘာသာျဖင့္ အေသးစိတ္ ဖတ္ရႈႏိုင္ပါသည္။

ဓာတ္ပုံ- သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း။

Photo Credit- က်ိဳဒိုသတင္းဌာန။