စစ်ကောင်စီဥက္ကဌ ဖွင့်ပွဲလာလုပ်သွားတဲ့ မြေအောက်ဥမင် ပြန်ပိတ်ထား

စစ်ကောင်စီဥက္ကဌ ဖွင့်ပွဲလာလုပ်သွားတဲ့ မြေအောက်ဥမင် ပြန်ပိတ်ထား

ပြည်လမ်းပေါ်က မြေအောက်လူကူးဥမင်ကို အကြမ်းဖက်စစ်ကောင်စီဥက္ကဌ အောက်တိုဘာ ၇ ရက် ယနေ့မနက်က လာဖွင့်ပေးပြီးနောက် ပြန်ပိတ်ထားခဲ့သည်။

“ဖွင့်ပွဲကတော့ ဟိုဘက်မှာ လုပ်တယ်။ နောက်ပြီးတော့ တံခါးတွေပြန်ပိတ်သွားတာ။ အောက်မှာဆိုင်ခန်းတွေလည်းပါတယ်တော့ကြားတယ်။ ” ဟု ယင်းနေရာအနီးတွင် အလုပ်လုပ်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းတံတားဖွင့်ပွဲ အခမ်းအနားရှိသောကြောင့် ယနေ့နက်တွင် အဆိုပါနေရော အနီးဝန်းကျင်၌ လုံခြုံရေးတင်းကြပ်ခဲ့ပြီး ဖွင့်ပွဲမတိုင်မီတွင်လည်း ဖြတ်သန်းခွင့်ပိတ်ခဲ့သောကြောင့် ယာဥ်ကြောပိတ်ဆို့မှူများကြုံခဲ့ရသည်။

အဆိုပါတံတားစီမံကိန်းကို ပြီးခဲ့သည့် NLD အစိုးရလက်ထပ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်က တတ်ရောက်ဖွင့်ခဲ့သည့်အပေါ် လူမှုကွန်ရက်၌ ဝေဖန်သူများရှိသည်။

ယခုရက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီဥက္ကဌ ရန်ကုန်မြို့သို့ရောက်ရှိနေသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားများဖြင့် တစ်ချိန်လုံးလှည့်ပတ်လျက်ရှိသည်။

Crd-People’sSpring

(ZAWGYI)







Crd-People’sSpring