မိဘများအတွက်_သားသမီးများဖတ်မိပါစေ”

မိဘများအတွက်_သားသမီးများဖတ်မိပါစေ”

မိဘများအတွက်သားသမီးများဖတ်မိပါစေမိဘအတွက်ကိုယ်ပေးတာတွေ များနေပြီမထင်နဲ့။“အမေတို့၊ အဖေတို့ကလည်းဒီလောက်လုပ်ပေးနေတာတောင်” ဆိုတဲ့အတွေးမျိုး ဘယ်တော့မှ မဖြစ်စေနဲ့။

ကိုယ်ပေးတာတွေဘယ်လောက်ပဲများများ အမေ့ဗိုက်ထဲမှာ(၉)လလောက်နေပြီး အပြင်ရောက်လာစေခဲ့တဲ့ကျေးဇူးနဲ့တောင် ဆပ်လို့ မကုန်နိုင်သေးဘူးtkw။ကိုယ့်အလှည့်ကျတော့ပေးရတာလေးတွေ

မြင်နေကြတယ်။မိဘတွေတုန်းကတော့ တစ်ခါမှညည်းသံတောင် မကြားခဲ့ရဘူး။

မိဘနဲ့ပတ်သက်လာရင် ကိုယ့်ဘက်ကသာဘာလုပ်ပေးရတာ၊ ညာလုပ်ပေးရတာစတာတွေ မြင်နေကြတာ။ မိဘတွေကတော့ကိုယ့်အတွက်ဆို ဗြဟ္မစိုရ်နှလုံးသားကဘယ်တော့မှ မခမ်းခြောက်ဘူး။

ကိုယ့်သားသမီးတွေအဆင်ပြေနေရင် ဝမ်းသာတဲ့ မုဒိတာနှလုံးသားအပြည့်ရှိနေတာ မိဘတွေပါပဲtkw။ကိုယ့်သားသမီးတွေအဆင်မပြေဘူးဆိုရင်လည်း ရင်နှင့်အမျှသနားကြင်နာတဲ့ ကရုဏာနှလုံးသားအပြည့်ရှိနေတာလည်း မိဘတွေပါပဲ။

ကိုယ့်သားသမီးတွေအကျိုးကိုအထူးလိုလားတဲ့ မေတ္တာနှလုံးသားအပြည့်ရှိနေတာလည်း မိဘတွေပါပဲ။အလွန်ဆိုးလွန်းလှတဲ့သားသမီးတွေအပေါ်မှာတောင် အမုန်းမထား၊အချစ်မများတဲ့ ဥပေက္ခာနှလုံးသားအပြည့်ရှိနေတာလည်း မိဘတွေပါပဲ။

ဒါကြောင့်အစားထိုးမရတဲ့ အဖေတို့အမေတို့အပေါ် ရှိနေတုန်းတန်ဘိုးထားပါ။ ဘယ်တော့မှ တန်းမညှိပါနဲ့။ဘယ်တော့မှလည်း မငြိုငြင်ပါနဲ့။ မရှိတော့မှနောင်တရနေမယ့်အစား ရှိနေတုန်းမှာအသိတွေ မရှုံးပါစေနဲ့tkw။(ဤစာစုဖြင့် အမေများကို ဂုဏ်ပြုပါသည်။)မေတ္တာဖြင့်

Crd-Original Post

(ZAWGYI)

မိဘမ်ားအတြက္_သားသမီးမ်ားဖတ္မိပါေစ”

မိဘမ်ားအတြက္သားသမီးမ်ားဖတ္မိပါေစမိဘအတြက္ကိုယ္ေပးတာေတြ မ်ားေနၿပီမထင္နဲ႔။“အေမတို႔၊ အေဖတို႔ကလည္းဒီေလာက္လုပ္ေပးေနတာေတာင္” ဆိုတဲ့အေတြးမ်ိဳး ဘယ္ေတာ့မွ မျဖစ္ေစနဲ႔။

ကိုယ္ေပးတာေတြဘယ္ေလာက္ပဲမ်ားမ်ား အေမ့ဗိုက္ထဲမွာ(၉)လေလာက္ေနၿပီး အျပင္ေရာက္လာေစခဲ့တဲ့ေက်းဇူးနဲ႔ေတာင္ ဆပ္လို႔ မကုန္ႏိုင္ေသးဘူးtkw။ကိုယ့္အလွည့္က်ေတာ့ေပးရတာေလးေတြ ျမင္ေနၾကတယ္။မိဘေတြတုန္းကေတာ့ တစ္ခါမွညည္းသံေတာင္ မၾကားခဲ့ရဘူး။

မိဘနဲ႔ပတ္သက္လာရင္ ကိုယ့္ဘက္ကသာဘာလုပ္ေပးရတာ၊ ညာလုပ္ေပးရတာစတာေတြ ျမင္ေနၾကတာ။ မိဘေတြကေတာ့ကိုယ့္အတြက္ဆို ျဗဟၼစိုရ္ႏွလုံးသားကဘယ္ေတာ့မွ မခမ္းေျခာက္ဘူး။

ကိုယ့္သားသမီးေတြအဆင္ေျပေနရင္ ဝမ္းသာတဲ့ မုဒိတာႏွလုံးသားအျပည့္ရွိေနတာ မိဘေတြပါပဲtkw။ကိုယ့္သားသမီးေတြအဆင္မေျပဘူးဆိုရင္လည္း ရင္ႏွင့္အမွ်သနားၾကင္နာတဲ့ က႐ုဏာႏွလုံးသားအျပည့္ရွိေနတာလည္း မိဘေတြပါပဲ။

ကိုယ့္သားသမီးေတြအက်ိဳးကိုအထူးလိုလားတဲ့ ေမတၱာႏွလုံးသားအျပည့္ရွိေနတာလည္း မိဘေတြပါပဲ။အလြန္ဆိုးလြန္းလွတဲ့သားသမီးေတြအေပၚမွာေတာင္ အမုန္းမထား၊အခ်စ္မမ်ားတဲ့ ဥေပကၡာႏွလုံးသားအျပည့္ရွိေနတာလည္း မိဘေတြပါပဲ။

ဒါေၾကာင့္အစားထိုးမရတဲ့ အေဖတို႔အေမတို႔အေပၚ ရွိေနတုန္းတန္ဘိုးထားပါ။ ဘယ္ေတာ့မွ တန္းမညႇိပါနဲ႔။ဘယ္ေတာ့မွလည္း မၿငိဳျငင္ပါနဲ႔။ မရွိေတာ့မွေနာင္တရေနမယ့္အစား ရွိေနတုန္းမွာအသိေတြ မရႈံးပါေစနဲ႔tkw။(ဤစာစုျဖင့္ အေမမ်ားကို ဂုဏ္ျပဳပါသည္။)ေမတၱာျဖင့္

Crd-Original Post