မွေးနေ့အလှူအဖြစ် အာဟာရဒါနအလှူတွေ လှူဒါန်းခဲ့တဲ့ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်

ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်တို့ အမွှာညီအစ်ကိုကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်လေးတွေပဲဖြစ်ပါတယ်။

အရွယ်နဲ့မလိုက်အောင်ကို ညီအစ်ကို နှစ်ယောက်လုံးက သရုပ်ဆောင်ကောင်းလွန်းလှတာကြောင့် ပရိသတ်တွေက အချစ်တွေကို ရရှိထားကြတာပဲဖြစ်ပါတယ်။

ဒီနေ့ အောက်တိုဘာလ (၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော်တွေဖြစ်တဲ့ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကို (၂)ယောက်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့ရက်မြတ်လေးမှာတော့ အမွှာညီအစ်ကိုက အသက် (၁၀)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မွေးနေ့အလှူလေးအနေနဲ့ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကိုကနေအိမ်မှာ ကိုးကွယ်ထားတဲ့ မြတ်စွာဘုရားကို ဆွမ်းကပ်ခြင်း၊ မစိုးရိမ်ကျောင်းသို့ ဝတ္ထုငွေနှင့် ဆွမ်းထမင်းဟင်း ကပ်လှူခြင်းများပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကိုက တိလေးတွေကိုလည်း အစာကျွေးခြင်းကုသိုလ်တို့ကို ပြုလုပ်ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ဇွဲဝေယံထူး နဲ့ ဇွဲဝေယံထက်တို့ ညီအစ်ကိုအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Zwe Waiyan Htet, Zwe Waiyan Htoo

(ZAWGYI)








