သနားလွန်းလို့ အဖွား ဘာစားပီးပီလဲဆိုပြီး မေးလိုက်တဲ့အခါ

သနားလွန်းလို့ အဖွား ဘာစားပီးပီလဲဆိုပြီး မေးလိုက်တဲ့အခါ

ကိုယ်အလုပ်စလုပ်ထဲကအဲ့အဖွားကို သတိထားမိတာတော့ကြာပါပီ

ဒါမဲ့ကိုယ်လည်းကို့အလုပ်နဲ့ကိုမို့ စကားမစပ်မိဘူးပေါ့နော်

အဖွားနဲ့က ဒီနေ့အဖွားထပ်ရောက်လာတော့

ကိုယ်လည်းဆိုင်မှာ customerလည်း မရှိသေးတာနဲ့ အဖွားဘာစားပီးပီလဲဆိုတော့

အဖွားညထဲကဘာမှမစားရသေးဘူး သမီးတဲ့ အဲ့တာနဲ့အဖွားဘာစားမလဲဆိုတော့

အဖွားထမင်းလည်းမစားနိုင်ဘူးတဲ့ အဖွားကို လက်ဖက်ရည်ဝယ်တိုက်ပါဆိုလို့

အဖွားနဲ့ကိုယ်နဲ့လက်ဖက်ရည်သောက်ရင်းနဲ့အဖွားအကြောင်းမေးမိတော့

အဖွားမှာမြေးနှယောက်ရှိပါတယ်တဲ့ နှယောက်စလုံးကငယ်သေးတဲ့အတွက်ကြောင့်

ကုန်စုံဆိုင်လေးတခုမှာဈေးရောင်းကူပါတယ်တဲ့ အဲ့ဆိုင်ကသူ့မြေးလေးတွေကိုထမင်းတော့ကျွေးပါတယ်တဲ့

အဖွားကတော့ ထမင်းမစားနိုင်လို့ မစားဘူးတဲ့ စားချင်တဲ့အခါကျလည်း ဝယ်စားလိုက်တယ်တဲ့

အဖွားဘယ်မှာနေလဲလို့မေးတော့ ၁၃၃ ဘက်မှာဌားနေတာတဲ့ တလ ၅သောင်းမို့ အဖွားလည်း ဒီလိုထွက်ထွက်ရှာနေရတာပါတဲ့

အဖွားကအခုနေလည်း သိပ်မကောင်းပါဘူး

မြင်တဲ့အတိုင်းဘဲဖိနပ်လေးတောင်မပါပါဘူး (ဖိနပ်လည်း tea shopထဲကအမတယောက်က လှူပေးသွားပါတယ် )

အဲ့တာကြောင့် အကြွေလေးတွေဘဲဖြစ်ဖြစ်တတ်နိုင်သလောက်လေး အလှူခံပါတယ် ညမလည်း လှူမှာပါ

ကိုယ်တိုင်သွားလှူချင်ရင် အဖွားက ၇/၈လမ်းဆုံ .ရွှေသုခ ရှေ့မှာရှိပါတယ်ရှင့်

Ps:အဖွားဓာတ်ပုံရိုက်လို့ရလားဆိုတော့ ရတယ်ဆိုပီး ဆံပင်လေးကို သပ်နေရှာတာ(ခွင့်ပြုချက်ရ၍အလှူခံပေးခြင်းဖြစ်ပါသည်)

Crd-Original Post

(ZAWGYI)


















Crd-Original Post