သူမတို့ရဲ့ အိမ်ထောင်သက်တမ်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ ခင်ပွန်းဖြစ်သူပေးခဲ့ဖူးတဲ့ ကတိစကားလေးတစ်ခုကို မျက်ရည်တွေနဲ့ပြောပြလာတဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ ဒီနေ့ကတော့ အဆိုတော် ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၁၀)နှစ်ပြည့်တဲ့ နေ့လေး ဖြစ်ပါတယ်နော်။

ရွှေရည်သိန်းတန်ရဲ့ ခင်ပွန်းဟာ လွန်ခဲ့တဲ့ (၂) လလောက်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်နော်။ မကြာသေး ခင်ကလည်း ရွှေရည်သိန်းတန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်

အိမ်ထောင်သက် (၁၀)နှစ်ပြည့်တဲ့နေ့မှာ ခင်ပွန်းဖြစ်သူ ပေးထားခဲ့ဖူးတဲ့ ကတိလေးတစ်ခုကို ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။

” ဒီနေ့ မိန်းမတို့အိမ်ထောင်သက် ၁၀နှစ်တင်းတင်းပြည့်တဲ့နေ့..တခမ်းတနားမင်္ဂလာ မဆောင်ပေးခဲ့ရလို့အကြွေးဆပ်တဲ့အနေနှင့်မောင်မိန်းမကို ပြည့်ပြည့်စုံစုံမင်္ဂလာ ပြန်ဆောင်ပေးမယ်လို့မောင်ပြောခဲ့တဲ့နေ့လေးရောက်ပြီမောင်…

သတို့သားမရှိတော့တဲ့ မင်္ဂလာပွဲ မို့ ချစ်ရသူနှင့်မင်္ဂလာဆောင်ရခြင်းကိုမိန်းမဆုံးရှုံးရပြန်ပြီမောင်ရယ်…

ဒါပေမယ့် မောင်မိန်းမရင်ထဲရှိနေတဲ့အတွက်..ငွေရတု.ရွှေရတုစိန်ရတုတွေအထိ မိန်းမ မှတ်သားအထိမ်းအမှတ်ကုသိုလ်ပြုပေးနေမယ်..ရောက်ရာအရပ်ကသာဓုခေါ်ပါချစ်သူရေ…..

မျက်ရည်များနှင့် မောင့်ပါးလေးကိုမနမ်းရတဲ့ Happy Anniversary ပါမောင်..မိန်းမ…မောင့်ကိုသိပ်ချစ်ပါတယ်အိပ်ခန်းလေးထဲ တစ်နေကုန်ငိုနေမိမှာစိုးလို့..မိန်းမကိုအလုပ်ကိစ္စနှင့်ခရီးထွက်နေခွင့်ပြုပါမောင်ရယ်

မိန်းမ မောင့်အတွက်ဆက်ရှင်သန်နေချင်သေးတယ်” လို့ ဝမ်းနည်းစွာ ရေးသား ထားတာ ဖြစ်ပါတယ်နော်။

Crd-Original Post

(ZAWGYI)










Crd-Original Post