NUG အစိုးရအား တရားဝင်အသိအမှတ်ပြုတော့မယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံ ပြင်သစ်

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား အသိ အမှတ်ပြုရေး အဆိုကို အောက်တိုဘာလ ၅ ရက်တွင် ကျင်းပသည့် ပြင်သစ်အထက် လွှတ်တော် အစည်း အဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း ပြင်သစ်အထက် လွှတ်တော်နှင့် ပြင်အသစ်ခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အချို့က သတင်းထုတ် ပြန် သည်။

ပြင်သစ်အထက် လွှတ်တော်ဥက္ကဌ မစ္စတာ Gérard LARCHER က အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ၊ သတင်းသမား ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ တတ်သိ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးနေမှုများအား ထည့်သွင်းစဉ်းစားကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာမှု အဆုံးသတ်ကာ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် အရေးကြီးသည့် ခြေလှမ်းတရပ်အနေဖြင့် ပြင်သစ်အစိုးရက NUG ကို ထောက်ခံ အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း ၎င်းက အထက်လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေ ရုန်းကန်နေရတဲ့ဒီမိုကရေစီအရေးကို ပိုထောက်ခံကြောင်းပြသနိုင်မယ့် တောင်းဆိုချက်တွေပါဝင်တဲ့ ဥပဒေမူကြမ်းတစ်ခုကို အမေရိကန်လွှတ်တော်အမတ်တွေက ကွန်ဂရက်စ်လွှတ်တော်ကို အောက်တိုဘာလ ၅ ရက်မှာ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။

အဲဒီဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ အောက်လွှတ်တော်နိုင်ငံခြားရေးရာနဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီဝင်နဲ့ အထက်လွှတ်တော်အမတ်တစ်ဦးတို့က ၂၀၂၁ ခုနှစ် ဗမာပြည်ဆိုင်ရာအက်ဥပဒေနေနဲ့ လွှတ်တော်ကို ပူးတွဲ တင်ပြခဲ့တာဖြစ်ပါတယ်။

“မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ပြီး စစ်တပ်က တရားမဲ့ အာဏာ သိမ်းခဲ့တာ ရှစ်လရှိပါပြီ။ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးမှုတွေကို စစ်တပ်က ငြင်းပယ်ပြီး အကြမ်း ဖက် သတ် ဖြတ်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေဆက်ကျူးလွန်နေပါတယ်။ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ကိုလည်း စစ်တပ်က ငြင်းပယ်နေပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ထောက်ခံအားပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာကို တိကျရှင်းလင်းတဲ့ သတင်းစကားပေးဖို့ အများကြီးထပ်လုပ်ရမယ်” ဟု အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Meeksက ပြောဆိုသည်။

အဆိုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ပြင်သစ်အစိုးရသည် အစိုးရများကို လက်ခံလေ့မရှိဘဲ နိုင်ငံများကိုသာ လက်ခံကြောင်း အစည်းအဝေးတွင် တုံ့ပြန်ဖြေကြားခဲ့သည်။

NUG အား အသိအမှတ်ပြုရေး အဆိုကို အထက်လွှတ် တော်တွင် အတည်ပြုလိုက်သော်လည်း ပြင်သစ်အောက် လွှတ်တော်နှင့် ပြင်သစ်အစိုးရတို့က အတည်ပြု၊ မပြု ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့် La Communauté Birmane de France ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Crd-Original Post

(ZAWGYI)

NUG အစိုးရအား တရားဝင္အသိအမွတ္ျပဳေတာ့မယ့္ ကမာၻ႔အင္အားႀကီးႏိုင္ငံ ျပင္သစ္

အမ်ိဳးသား ညီၫြတ္ေရး အစိုးရ (NUG) အား အသိ အမွတ္ျပဳေရး အဆိုကို ေအာက္တိုဘာလ ၅ ရက္တြင္ က်င္းပသည့္ ျပင္သစ္အထက္ လႊတ္ေတာ္ အစည္း အေဝး၌ ကန္႔ကြက္သူမရွိ အတည္ျပဳလိုက္ေၾကာင္း ျပင္သစ္အထက္ လႊတ္ေတာ္ႏွင့္ ျပင္အသစ္ေျခစိုက္ ဒီမိုကေရစီေရးလႈပ္ရွားသည့္အဖြဲ႕အခ်ိဳ႕က သတင္းထုတ္ ျပန္ သည္။

ျပင္သစ္အထက္ လႊတ္ေတာ္ဥကၠဌ မစၥတာ Gérard LARCHER က အဆိုႏွင့္ ပတ္သက္၍ ျမန္မာႏိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေရးသမားမ်ား၊ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူမ်ား ၊ သတင္းသမား ၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားမွ လူပုဂၢိဳလ္မ်ား၊ တတ္သိ ပညာရွင္မ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ ဘာသာေရးေခါင္းေဆာင္မ်ားကို တရားလက္လြတ္ ဖမ္းဆီးေနမႈမ်ားအား ထည့္သြင္းစဥ္းစားေၾကာင္း ေျပာသည္။

ျမန္မာႏိုင္ငံတြင္ အေရးေပၚ အေျခအေနေၾကညာမႈ အဆုံးသတ္ကာ ဖမ္းဆီးထားသူမ်ားအား ျပန္လႊတ္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းကို ျပန္သြားရန္ အေရးႀကီးသည့္ ေျခလွမ္းတရပ္အေနျဖင့္ ျပင္သစ္အစိုးရက NUG ကို ေထာက္ခံ အသိအမွတ္ျပဳရန္ တိုက္တြန္းေၾကာင္း ၎က အထက္လႊတ္ေတာ္ အစည္းအေဝးတြင္ ေျပာသည္။

ဒါ့အျပင္ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ျမန္မာျပည္သူေတြ ႐ုန္းကန္ေနရတဲ့ဒီမိုကေရစီအေရးကို ပိုေထာက္ခံေၾကာင္းျပသႏိုင္မယ့္ ေတာင္းဆိုခ်က္ေတြပါဝင္တဲ့ ဥပေဒမူၾကမ္းတစ္ခုကို အေမရိကန္လႊတ္ေတာ္အမတ္ေတြက ကြန္ဂရက္စ္လႊတ္ေတာ္ကို ေအာက္တိုဘာလ ၅ ရက္မွာ တင္သြင္းလိုက္ၿပီျဖစ္ပါတယ္။

အဲဒီဥပေဒမူၾကမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီဥကၠ႒၊ ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးရာနဲ႔ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ ဆပ္ေကာ္မတီဝင္နဲ႔ အထက္လႊတ္ေတာ္အမတ္တစ္ဦးတို႔က ၂၀၂၁ ခုႏွစ္ ဗမာျပည္ဆိုင္ရာအက္ဥပေဒေနနဲ႔ လႊတ္ေတာ္ကို ပူးတြဲ တင္ျပခဲ့တာျဖစ္ပါတယ္။

“ျမန္မာ့ဒီမိုကေရစီလမ္းေၾကာင္းကို ဆန႔္က်င္ၿပီး စစ္တပ္က တရားမဲ့ အာဏာ သိမ္းခဲ့တာ ရွစ္လရွိပါၿပီ။ အေမရိကန္နဲ႔ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ဖိအားေပးမႈေတြကို စစ္တပ္က ျငင္းပယ္ၿပီး အၾကမ္း ဖက္ သတ္ ျဖတ္မႈေတြ၊ ဥပေဒမဲ့ ဖမ္းဆီးမႈေတြဆက္က်ဴးလြန္ေနပါတယ္။ အားလုံးပါဝင္တဲ့ေတြ႕ဆုံေဆြးေႏြးေရး၊ အၾကမ္းဖက္မႈေတြ ရပ္ဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ဖို႔ကိုလည္း စစ္တပ္က ျငင္းပယ္ေနပါတယ္။ အေမရိကန္အေနနဲ႔ ျမန္မာျပည္သူေတြကို ကာကြယ္ေထာက္ခံအားေပးဖို႔နဲ႔ ျမန္မာစစ္တပ္ရဲ႕ အာဏာသိမ္းမႈကို လက္မခံဘူးဆိုတာကို တိက်ရွင္းလင္းတဲ့ သတင္းစကားေပးဖို႔ အမ်ားႀကီးထပ္လုပ္ရမယ္” ဟု ေအာက္လႊတ္ေတာ္ႏိုင္ငံျခားေရးေကာ္မတီဥကၠ႒ Meeksက ေျပာဆိုသည္။

အဆိုႏွင့္ ပတ္သက္၍ ျပင္သစ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကမူ ျပင္သစ္အစိုးရသည္ အစိုးရမ်ားကို လက္ခံေလ့မရွိဘဲ ႏိုင္ငံမ်ားကိုသာ လက္ခံေၾကာင္း အစည္းအေဝးတြင္ တုံ႔ျပန္ေျဖၾကားခဲ့သည္။

NUG အား အသိအမွတ္ျပဳေရး အဆိုကို အထက္လႊတ္ ေတာ္တြင္ အတည္ျပဳလိုက္ေသာ္လည္း ျပင္သစ္ေအာက္ လႊတ္ေတာ္ႏွင့္ ျပင္သစ္အစိုးရတို႔က အတည္ျပဳ၊ မျပဳ ဆက္လက္ ေဆြးေႏြးရဦးမည္ ျဖစ္ေၾကာင္း ျပင္သစ္အေျခစိုက္ ဒီမိုကေရစီေရးလႈပ္ရွားသည့္ La Communauté Birmane de France ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

Crd-Original Post