မြေဖြူကိုင်ရမယ့်အစား လက်နက်ကိုင်နေတဲ့လေးစားရသောဆရာမလေးများ သို့….

မြေဖြူကိုင်ရမယ့်အစား လက်နက်ကိုင်နေတဲ့လေးစားရသောဆရာမလေးများ သို့….

လစာတွေလအကုန်မှာရောက်မလာတော့အလှကမ္ဘာကယူနီဖောင်းလေးဟာခဏတာတော့ဂျူတီပြောင်းရတာပေါ့

တချို့ငွေသော်တာလေးတွေကအိမ်မှာသာပြီးတချို့ဥယျာဉ်မှူးလေးတွေကခြံထဲဆင်းတယ်

မြေဖြူကိုင်တဲ့လက်လေးတချို့ကဈေးရောင်းပြီးကျောင်းမသွားဖြစ်တဲ့စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။

ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာနောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ

လောကဓံကို ကြံ့ကြံ့ခံရင်းရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်းပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ကာယသင်ခန်းစာထဲကကြံ့ခိုင်ရေးနည်းပြလေးပါ။

ကိုယ့်စိတ်နဲ့ကိုယ်ပိတ်ထားတဲ့ကျောင်းလေးပြန်ဖွင့်မှဆရာမလေးဟာဆရာမလေးနဲ့ ပြန်တူမယ် တဲ့ ။(လေးစားရသောဆရာမလေးများ သို့)

Crd-Original Post

(ZAWGYI)

ေျမျဖဴကိုင္ရမယ့္အစား လက္နက္ကိုင္ေနတဲ့ေလးစားရေသာဆရာမေလးမ်ား သို႔….

လစာေတြလအကုန္မွာေရာက္မလာေတာ့အလွကမာၻကယူနီေဖာင္းေလးဟာခဏတာေတာ့ဂ်ဴတီေျပာင္းရတာေပါ့

တခ်ိဳ႕ေငြေသာ္တာေလးေတြကအိမ္မွာသာၿပီးတခ်ိဳ႕ဥယ်ာဥ္မႉးေလးေတြကၿခံထဲဆင္းတယ္

ေျမျဖဴကိုင္တဲ့လက္ေလးတခ်ိဳ႕ကေဈးေရာင္းၿပီးေက်ာင္းမသြားျဖစ္တဲ့စလစ္ပါအပါးေလးတခ်ိဳ႕ကမီးဖိုေခ်ာင္ထဲဝင္ၾကတယ္ ။

ရိကၡာေတြ မစုံေပမယ့္သိကၡာေတြ ပုံထားတဲ့ဒီပြဲမွာေနာက္ဆုံးက်ဘယ္သူေတြ လိပ္ျပာလုံရမလဲ

ေလာကဓံကို ႀကံ့ႀကံ့ခံရင္းေရာဂါဒဏ္ကို ႀကံ့ႀကံ့ခံရင္းပိုႀကံ့ခိုင္ဖို႔ႀကိဳးစားေနတဲ့ကာယသင္ခန္းစာထဲကႀကံ့ခိုင္ေရးနည္းျပေလးပါ။

ကိုယ့္စိတ္နဲ႔ကိုယ္ပိတ္ထားတဲ့ေက်ာင္းေလးျပန္ဖြင့္မွဆရာမေလးဟာဆရာမေလးနဲ႔ ျပန္တူမယ္ တဲ့ ။(ေလးစားရေသာဆရာမေလးမ်ား သို႔)

Crd-Original Post