NUG အစိုးရကိုထောက်ခံတဲ့ ပရိုဖိုင်လှုပ်ရှားမှု သုံးရက်အတွင်း ပါဝင်သူ နှစ်သန်းကျော်ရှိ

NUG အစိုးရကိုထောက်ခံတဲ့ ပရိုဖိုင်လှုပ်ရှားမှု သုံးရက်အတွင်း ပါဝင်သူ နှစ်သန်းကျော်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုမှာ ။

အချိန်သုံးရက်အတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင် အားစု (General Strike Coordination Body – GSCB) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအထိ ဖေ့စ်ဘွတ်အကောင့် နှစ်သန်းကျော်ဟာ အဲဒီပရိုဖိုင်ကိုပြောင်းလဲပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြတာလို့ ဆိုပါတယ်။

လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုမယ့် ။

အစိုးရတစ်ရပ်နဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘာ့နိုင်ငံတွေက စိစစ်ရွေးချယ်ဖို့ရှိနေတာကြောင့် NUG ကို ထောက်ခံတဲ့အနေနဲ့ ။

ဒီလှုပ်ရှားမှုကို ပြုလုပ်နေတာလို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) က ပြောပါတယ်။

အဲဒီ အထွေထွေညီလာခံမှာ Credential Com m ittee လို့ခေါ်တဲ့ ယုံကြည်ရတဲ့ကော်မတီ အလှည့်ကျ ကိုးနိုင်ငံက မြန်မာနိုင်ငံနဲ့။

ပတ်သက်လို့ မဲခွဲဆုံးဖြတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို အကြံပြုချက်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီကြံပြုချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက သဘောမတူခဲ့မှသာ အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

NUG နဲ့ စစ်ကောင်စီ တစ်ခုခုကို မြန်မာနိုင်ငံရဲအစိုးရအဖြစ် ရွေးချယ်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သလို ။

နှစ်ဘက်စလုံးကို မရွေးချယ်ဘဲ ခုံအလွတ်အနေနဲ့ထားဖို့ ဆုံးဖြတ်တာမျိုးလည်းရှိနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခုလိုအငြင်းပွားမှုမျိုးကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံအနေနဲ့ တစ်ကြိမ်ကြုံခဲ့ရပြီး အဲဒီချိန်က ။

အဝေးရောက်ညွန့်ပေါင်းအစိုးရ ( NCGUB ) အစား စစ်အစိုးရကိုယ်စားလှယ်ကိုပဲ Credential Committee က အတည်ပြုရွေးချယ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ရည်ရွယ်ပြီးပြုလုပ်နေတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ပရိုဖိုင်ပြောင်းလဲထားသူတွေကို ။

စနစ်တကျပြုစုထားဖို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ညွှန်ကြားတဲ့ ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်ကနေ ထွက်ပေါ်လာပါတယ်။

အဲဒီကြေးနန်းစာထဲမှာ ပရိုဖိုင်ပြောင်းလဲထားသူတွေဟာ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ NUG ကိုထောက်ခံပြီး ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၂ (က) အရ အကြမ်းဖက်လုပ်ငန်းတွေကို ပြုလုပ်ဖို့ တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။

Crd-Original Post