သူမရဲ့ မွေးနေ့ မှာ အမှတ်တရအနေနဲ့ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ ဗီဗာဟိန်း

သူမရဲ့ မွေးနေ့ မှာ အမှတ်တရအနေနဲ့ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် အလှူအတန်းတွေ ပြုလုပ်ခဲ့တဲ့ ဗီဗာဟိန်း

ဗီဗာဟိန်းကတော့ ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး ပရိသတ်ရင်ထဲ နေရာတစ်ခု အခိုင်အမာ စိုက်ထူနိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။

သူမတူတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းပေါင်းများစွာကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်ခဲ့တဲ့ သူမက ယခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီဗာဟိန်းက မိဘအပေါ်ကိုလည်း သိတတ်ပြီး လုပ်ကျွေးပြုစုသူဖြစ်လို့ သူမရဲ့ စိတ်ဓာတ်လေးက တကယ်ကို လေးစားစရာကောင်းပါတယ်။

မကြာခင်က ကိုဗစ်ရောဂါတွေ ဖြစ်ပွားချိန်မှာတေ့ာ သူမချစ်ရတဲ့ မိဘနှစ်ပါးအပြင် အစ်ကို ဖြစ်သူကို ပါ ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ် ။

ဒီနေ့ ဒီချိန်အထိ ဆုံးပါးသွားကြတဲ့ မိသားစုဝင်တွေ အတွက် အလှူအတန်းတွေကို ပြုလုပ်ပေးလျက်ရှိရာ အခုလည်း သူမရဲ့ မွေးနေ့ မှာ ဘုရားသွားပြီး ရွှေသက္ကန်းကပ်၊ပန်း၊

ဆီမီးအမွှေးတိုင် ရေချမ်းကပ်လှူဖြစ်ခဲ့ကြောင်းကို ”မနေ့ကဗီဗာ့မွေးနေ့ဘုရားသွားရွှေသက္ကန်းကပ်၊ပန်း၊ဆီမီးအမွှေးတိုင်ရေချမ်းကပ်လှူပူဇော်ပြီးဆန်လှူအသင်းမှာဖေကြီးနဲ့မေကြီးနဲ့ကိုကြီးတို့အတွက်ရည်စူး၍လှူဒါန်းခဲ့ပါတယ်

ဤကုသိုလ်ထပ်တူထပ်မျှရကြပါစေအမျှအမျှအမျှယူတော်မူပါဖေကြီးနဲ့မေကြီးနဲ့ကိုကြီးရေ သာဓု သာဓုသာဓု သမီးမွေးနေ့တိုင်းအနားမှာအမြဲရှိပေးတဲ့ဖေကြီးနဲ့မေကြီးနဲ့ကိုကြီးရယ်ခုတော့သမီးနားမှာမရှိတော့ဘူး”

ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – ဗီဗာဟိန်း

(ZAWGYI)

သူမရဲ႕ ေမြးေန႔ မွာ အမွတ္တရအေနနဲ႔ ကြယ္လြန္သြားတဲ့ မိသားစုဝင္ေတြကို ရည္စူးၿပီး ေကာင္းမႈကုသိုလ္ အလႉအတန္းေတြ ျပဳလုပ္ခဲ့တဲ့ ဗီဗာဟိန္း

ဗီဗာဟိန္းကေတာ့ ဟိုးအရင္ကတည္းက အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္ခဲ့ၿပီး ပရိသတ္ရင္ထဲ ေနရာတစ္ခု အခိုင္အမာ စိုက္ထူႏိုင္ခဲ့တဲ့ သူတစ္ေယာက္ပါ။ သူမတူတဲ့ အသံခ်ိဳခ်ိဳေလးနဲ႔ ေတးသီခ်င္းေပါင္းမ်ားစြာကို ပရိသတ္ရင္ထဲေရာက္ေအာင္ သီဆိုႏိုင္ခဲ့တဲ့ သူမက ယခုလက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားထားတာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ဗီဗာဟိန္းက မိဘအေပၚကိုလည္း သိတတ္ၿပီး လုပ္ေကြၽးျပဳစုသူျဖစ္လို႔ သူမရဲ႕ စိတ္ဓာတ္ေလးက တကယ္ကို ေလးစားစရာေကာင္းပါတယ္။ မၾကာခင္က ကိုဗစ္ေရာဂါေတြ ျဖစ္ပြားခ်ိန္မွာေတ့ာ သူမခ်စ္ရတဲ့ မိဘႏွစ္ပါးအျပင္ အစ္ကို ျဖစ္သူကို ပါ ဆုံးရႈံးခဲ့ရတာလည္းျဖစ္ပါတယ္ ။

ဒီေန႔ ဒီခ်ိန္အထိ ဆုံးပါးသြားၾကတဲ့ မိသားစုဝင္ေတြ အတြက္ အလႉအတန္းေတြကို ျပဳလုပ္ေပးလ်က္ရွိရာ အခုလည္း သူမရဲ႕ ေမြးေန႔ မွာ ဘုရားသြားၿပီး ေ႐ႊသကၠန္းကပ္၊ပန္း၊ဆီမီးအေမႊးတိုင္ ေရခ်မ္းကပ္လႉျဖစ္ခဲ့ေၾကာင္းကို ” မေန႔ကဗီဗာ့ေမြးေန႔ဘုရားသြားေ႐ႊသကၠန္းကပ္၊ပန္း၊ဆီမီးအေမႊးတိုင္ေရခ်မ္းကပ္လႉပူေဇာ္ၿပီးဆန္လႉအသင္းမွာေဖႀကီးနဲ႔ေမႀကီးနဲ႔ကိုႀကီးတို႔အတြက္ရည္စူး၍လႉဒါန္းခဲ့ပါတယ္

ဤကုသိုလ္ထပ္တူထပ္မွ်ရၾကပါေစအမွ်အမွ်အမွ်ယူေတာ္မူပါေဖႀကီးနဲ႔ေမႀကီးနဲ႔ကိုႀကီးေရ သာဓု သာဓုသာဓု သမီးေမြးေန႔တိုင္းအနားမွာအၿမဲရွိေပးတဲ့ေဖႀကီးနဲ႔ေမႀကီးနဲ႔ကိုႀကီးရယ္ခုေတာ့သမီးနားမွာမရွိေတာ့ဘူး” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – ဗီဗာဟိန္း