သူမရဲ့ ဂေဟာအသစ်လေးကို မရှိခဏ ဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့လို့ အတိုင်းမတိ ကြည်နူး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ
သူမရဲ့ ဂေဟာအသစ်လေးကို မရှိခဏ ဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့လို့ အတိုင်းမတိ ကြည်နူး ပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ
ခိုင်နှင်းဝေကတော့ အနုပညာလှုပ်ရှားမှု များသာမကဘဲ ပရဟိတလုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။
ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားပြီး စွန့်ပစ်ခံရတဲ့ လူမမယ်ကလေးများကို မိခင်မေတ္တာအပြည့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထားကို အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းမှာဆိုရင်လည်း ကောင်းမှုကုသိုလ်များကို တောက်လျှောက်ပြုလုပ်လျက်ရှိပြီး ခုနှစ်ရက်သားသမီးဆွေအတွက်လည်း ဆုတောင်မေတ္တာများလည်း ပို့သလျက်ရှိပါတယ်။
အခုလည်း သူမရဲ့ ဂေဟာအသစ်လေးကို မရှိခဏ ဆရာတော်ဘုရားကြီးမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့လို့ အတိုင်းမတိ ကြည်နူး ပီတိဖြစ်နေကြောင်း ခုလိုရေးသားဖော်ပြလာပါတယ် ။ ”
ကျေးဇူးရှင် မရှိခဏ ဆရာတော်ဘုရားကြီးမှ တောင်ဒဂုံရှိ စက်ရုံဆောက်မည့်နေရာသို့ ကြွရောက်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ချီးမြှင့် ပေးပါတယ်ရှင်…
ကလေးတွေ ဂေဟာအသစ်သို့လဲ လိုက်လံကြည့်ရှူ့ လည်ပတ်ခဲ့ပါတယ်. အန္တရာယ်ကင်း မြေသန့် အတွက်လဲ တောင်ဒဂုံ ကျောင်း ဆရာတော်များမှ ရွတ်ဖတ်ပူဇော် ချီးမြှင့်ပေးပါတယ်..
ပရဟိတ အလုပ်များ ဒီထက်မက ပိုမို လုပ်ဆောင်ပြီး အများအကျိုး ဒီထက်မက သယ်ပိုးနိုင်ရပါစေရှင်..” ဆိုပြီး ရေးသားထားရာ ထပ်တူ ပီတိဖြစ်မိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Khine Hnin Wai
(ZAWGYI)
Yuan – Cele Zone
Photo – Khine Hnin Wai