Facebook APP များပြတ်တောက်ခဲ့လို့ နာရီအနည်းငယ်အတွင်း ဇူကာဘတ်ရဲ့ပိုင်ဆိုင်မှု ၆ဘီလျံထက်မနည်း ကျဆင်းခဲ့

Facebook APP များပြတ်တောက်ခဲ့လို့ နာရီအနည်းငယ်အတွင်း ဇူကာဘတ်ရဲ့ပိုင်ဆိုင်မှု ၆ဘီလျံထက်မနည်း ကျဆင်းခဲ့

အမည်မဖော်သောအတွင်းသိသတင်းပေးတစ်ဦးက facebook ၏ အတွင်းရေးအချို့ကို ထုတ်ဖော်ပြောခဲ့ပြီးနောက်၊ ယမန်နေ့ညကလည်း facebook မှ ထုတ်လုပ်သည့် APP များအသုံးပြု၍ မရပဲ ယာယီပြတ်တောက်ခဲ့ခြင်းကြောင့်

မာ့ခ်ဇူကာဘတ်၏ ကြွယ်ဝမှုသည် နာရီအနည်းငယ်အတွင်းတွင်ပင် ကန်ဒေါ်လာ ၆ ဘီလျံထက်မနည်းကျဆင်းသွားခဲ့သည်။

ယင်းသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်သူတစ်ဦးအတွက် သတိပေးချက်ဖြစ်ကြောင်း ဆိုကြသည်။ ထို့အပြင် ကမ္ဘာ့အကြီးမားဆုံး ဆိုရှယ်မီဒီယာကုမ္ပဏီ၏ စတော့ရှယ်ယာမှာလည်း ၄ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားပြီး၊ စက်တင်ဘာလလယ်မှ

ယနေ့အထိဆိုလျှင် ၁၅ ရာခိုင်နှုန်းကျဆင်းသွားပြီဖြစ်သည်။တနင်္လာနေ့က facebook ကုမ္ပဏီ၏ စတော့ရှယ်ယာတန်ဖိုးများကျဆင်းခြင်းက ဇူကာဘတ်၏ ကြွယ်ဝမှုအား ကန်ဒေါ်လာ ၁၂၁ ဒသမ ၆ ဘီလျံဖြစ်သွားစေခဲ့သည်။

အညွှန်းကိန်းများအရ သူ၏ ချမ်းသာကြွယ်ဝမှုသည် ယခု ရက်သတ္တပတ်အနည်းငယ်အတွင်း ကန်ဒေါ်လာ ၁၄၀ ဘီလျံမှ ၁၂၁ ဒသမ ၆ ဘီလျံအထိ ကျဆင်းသွားခဲ့သည်။

ယမန်နေ့ညက facebook ၏ ထုတ်ကုန်များဖြစ်ကြသည့် facebook, WhatsApp, Instagram နှင့် Messenger တို့ နာရီအတန်ကြာသည်အထိပြတ်တောက်ခြင်းသည် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၂ ဒသမ ၇ ဘီလျံမျှကို ရိုက်ခတ်ခဲ့သည်။

အချို့သော ကုမ္ပဏီများဆိုလျှင် အခြားသော APP များမှတစ်ဆင့် ပြည်သူကိုတောင်းပန်ခဲ့ကြရသည်။ထိုသို့ဖြစ်ပွားခဲ့ခြင်းကို ဇူကာဘတ်ကလည်း သူ၏ တရားဝင် facebook အကောင့်မှနေ၍ ယနေ့ နံနက်တွင် တောင်းပန်စကားဆိုခဲ့သည်။

Crd-Original Post

(ZAWGYI)

Facebook APP မ်ားျပတ္ေတာက္ခဲ့လို႔ နာရီအနည္းငယ္အတြင္း ဇူကာဘတ္ရဲ႕ပိုင္ဆိုင္မႈ ၆ဘီလ်ံထက္မနည္း က်ဆင္းခဲ့

အမည္မေဖာ္ေသာအတြင္းသိသတင္းေပးတစ္ဦးက facebook ၏ အတြင္းေရးအခ်ိဳ႕ကို ထုတ္ေဖာ္ေျပာခဲ့ၿပီးေနာက္၊ ယမန္ေန႔ညကလည္း facebook မွ ထုတ္လုပ္သည့္ APP မ်ားအသုံးျပဳ၍ မရပဲ ယာယီျပတ္ေတာက္ခဲ့ျခင္းေၾကာင့္ မာ့ခ္ဇူကာဘတ္၏ ႂကြယ္ဝမႈသည္ နာရီအနည္းငယ္အတြင္းတြင္ပင္ ကန္ေဒၚလာ ၆ ဘီလ်ံထက္မနည္းက်ဆင္းသြားခဲ့သည္။

ယင္းသည္ ကမာၻ႔အခ်မ္းသာဆုံးစာရင္းဝင္သူတစ္ဦးအတြက္ သတိေပးခ်က္ျဖစ္ေၾကာင္း ဆိုၾကသည္။ ထို႔အျပင္ ကမာၻ႔အႀကီးမားဆုံး ဆိုရွယ္မီဒီယာကုမၸဏီ၏ စေတာ့ရွယ္ယာမွာလည္း ၄ ဒသမ ၉ ရာခိုင္ႏႈန္းက်ဆင္းသြားၿပီး၊ စက္တင္ဘာလလယ္မွ ယေန႔အထိဆိုလွ်င္ ၁၅ ရာခိုင္ႏႈန္းက်ဆင္းသြားၿပီျဖစ္သည္။

တနလၤာေန႔က facebook ကုမၸဏီ၏ စေတာ့ရွယ္ယာတန္ဖိုးမ်ားက်ဆင္းျခင္းက ဇူကာဘတ္၏ ႂကြယ္ဝမႈအား ကန္ေဒၚလာ ၁၂၁ ဒသမ ၆ ဘီလ်ံျဖစ္သြားေစခဲ့သည္။ အၫႊန္းကိန္းမ်ားအရ သူ၏ ခ်မ္းသာႂကြယ္ဝမႈသည္ ယခု ရက္သတၱပတ္အနည္းငယ္အတြင္း ကန္ေဒၚလာ ၁၄၀ ဘီလ်ံမွ ၁၂၁ ဒသမ ၆ ဘီလ်ံအထိ က်ဆင္းသြားခဲ့သည္။

ယမန္ေန႔ညက facebook ၏ ထုတ္ကုန္မ်ားျဖစ္ၾကသည့္ facebook, WhatsApp, Instagram ႏွင့္ Messenger တို႔ နာရီအတန္ၾကာသည္အထိျပတ္ေတာက္ျခင္းသည္ ကမာၻတစ္ဝန္း အသုံးျပဳသူ ၂ ဒသမ ၇ ဘီလ်ံမွ်ကို ႐ိုက္ခတ္ခဲ့သည္။ အခ်ိဳ႕ေသာ ကုမၸဏီမ်ားဆိုလွ်င္ အျခားေသာ APP မ်ားမွတစ္ဆင့္ ျပည္သူကိုေတာင္းပန္ခဲ့ၾကရသည္။

ထိုသို႔ျဖစ္ပြားခဲ့ျခင္းကို ဇူကာဘတ္ကလည္း သူ၏ တရားဝင္ facebook အေကာင့္မွေန၍ ယေန႔ နံနက္တြင္ ေတာင္းပန္စကားဆိုခဲ့သည္။

Crd-Original Post