မိတ်ဆွေတွေနဲ့ စုပေါင်းကာ ခက်ခဲနေတဲ့ အိမ်ထောင်စုတွေကို ပြုံးပျော်ပီတိ ဖြစ်စေခဲ့တဲ့ ပိုးမီရဲ့ အလှူလေး

Myanmar Idol ကနေ ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့တဲ့ Top 3 ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်တဲ့ ပိုးမီကို သိကြမှာပါ ။ ယုံကြည်ရာ သီချင်းနဲ့ ပရိသတ်အားပေးမှုတွေကို အခိုင်အမာ သိမ်းပိုက်လိုက်တဲ့ ပြိုင်ပွဲဝင်ဖြစ်ပြီး ကိုယ်ပိုင်သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးသားစပ်ဆိုပြီး အောင်မြင်မှုတွေရရှိနေသူလေးပဲဖြစ်ပါတယ်။

ဒါ့အပြင် အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း တတ်နိုင်တဲ့ နေရာတွေကနေ ကူညီ လှူဒါန်းတတ်တာလေးကလည်း ချီးကျူးစရာပါပဲ ။ အခုလည်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ တောင်ဥက္ကလာ ၊ ၁၄ရပ်ကွက် စီမံကိန်း (၁) ရပ်ကွက်က အိမ်ထောင်စုတွေ အတွက် အခြေခံစားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ပါတယ် ။

ခက်ခဲနေတဲ့ ကာလမှ နည်းသည်များသည် ပဓာန မထားပဲ စာနာစိတိနဲ့ ကူညီပေးခြင်းကလည်း မွန်မြတ်လွန်းလှပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့တော့ … တောင်ဥက္ကလာ ၊ ၁၄ရပ်ကွက် စီမံကိန်း (၁) ရပ်ကွက်လေးကို အခြေခံ စားသောက်ကုန်တွေ သွားလှူဖြစ်ခဲ့ပါတယ် …

(တတ်နိုင်သလောက်လေး လှူနိုင်ခဲ့တာမို့ အိမ်ထောင်စု အားလုံးစာ မလှူနိုင်ခဲ့တာတော့ စိတ်မကောင်းဖြစ်ရတယ် )တစ်ခု ချစ်စရာကောင်းတာက အဲ့ဒီရပ်ကွက်လေးက ငါရဖို့ သူရဖို့ အတင်းလုယူသွားတာမျိုးမရှိပဲ …

အိမ်ထောင်စု အားလုံး ညီညီမျှမျှ ရအောင်လို့ အလှူပစ္စည်းအားလုံးကို တာဝန်ရှိတဲ့ လူကြီးတစ်ယောက်ကထိန်းသိမ်းပေးပြီး အချိုးကျ ခွဲဝေးပေးမှာကို ကြည်ကြည်ဖြူဖြူသဘောတူကြတယ် …

လှူတဲ့အလှူရှင်တွေလဲ ..စိတ်ချမ်းသာစေချင်လို့ပါတဲ့ ….” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Poe Mi

မိတ္ေဆြေတြနဲ႔ စုေပါင္းကာ ခက္ခဲေနတဲ့ အိမ္ေထာင္စုေတြကို ၿပဳံးေပ်ာ္ပီတိ ျဖစ္ေစခဲ့တဲ့ ပိုးမီရဲ႕ အလႉေလး

Myanmar Idol ကေန ယွဥ္ၿပိဳင္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို ရရွိခဲ့တဲ့ Top 3 ၿပိဳင္ပြဲဝင္ တစ္ေယာက္ျဖစ္တဲ့ ပိုးမီကို သိၾကမွာပါ ။ ယုံၾကည္ရာ သီခ်င္းနဲ႔ ပရိသတ္အားေပးမႈေတြကို အခိုင္အမာ သိမ္းပိုက္လိုက္တဲ့ ၿပိဳင္ပြဲဝင္ျဖစ္ၿပီး ကိုယ္ပိုင္သီခ်င္းေတြကိုလည္း ကိုယ္တိုင္ေရးသားစပ္ဆိုၿပီး ေအာင္ျမင္မႈေတြရရွိေနသူေလးပဲျဖစ္ပါတယ္။

ဒါ့အျပင္ အလႉအတန္းေတြနဲ႔ ပတ္သက္လာရင္လည္း တတ္ႏိုင္တဲ့ ေနရာေတြကေန ကူညီ လႉဒါန္းတတ္တာေလးကလည္း ခ်ီးက်ဴးစရာပါပဲ ။ အခုလည္း မိတ္ေဆြေတြနဲ႔ စုေပါင္းကာ ေတာင္ဥကၠလာ ၊ ၁၄ရပ္ကြက္ စီမံကိန္း (၁) ရပ္ကြက္က အိမ္ေထာင္စုေတြ အတြက္ အေျခခံစားေသာက္ကုန္မ်ားကို

သြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။ခက္ခဲေနတဲ့ ကာလမွ နည္းသည္မ်ားသည္ ပဓာန မထားပဲ စာနာစိတိနဲ႔ ကူညီေပးျခင္းကလည္း မြန္ျမတ္လြန္းလွပါတယ္ ။

အလႉနဲ႔ ပတ္သက္ၿပီးလည္း ” ဒီေန႔ေတာ့ … ေတာင္ဥကၠလာ ၊ ၁၄ရပ္ကြက္ စီမံကိန္း (၁) ရပ္ကြက္ေလးကို အေျခခံ စားေသာက္ကုန္ေတြ သြားလႉျဖစ္ခဲ့ပါတယ္ …

(တတ္ႏိုင္သေလာက္ေလး လႉႏိုင္ခဲ့တာမို႔ အိမ္ေထာင္စု အားလုံးစာ မလႉႏိုင္ခဲ့တာေတာ့ စိတ္မေကာင္းျဖစ္ရတယ္ )တစ္ခု ခ်စ္စရာေကာင္းတာက အဲ့ဒီရပ္ကြက္ေလးက ငါရဖို႔ သူရဖို႔ အတင္းလုယူသြားတာမ်ိဳးမရွိပဲ …

အိမ္ေထာင္စု အားလုံး ညီညီမွ်မွ် ရေအာင္လို႔ အလႉပစၥည္းအားလုံးကို တာဝန္ရွိတဲ့ လူႀကီးတစ္ေယာက္ကထိန္းသိမ္းေပးၿပီး အခ်ိဳးက် ခြဲေဝးေပးမွာကို ၾကည္ၾကည္ျဖဴျဖဴသေဘာတူၾကတယ္ …လႉတဲ့အလႉရွင္ေတြလဲ ..စိတ္ခ်မ္းသာေစခ်င္လို႔ပါတဲ့ ….” ေရးသားထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Poe Mi