“ဆေးကုစရာငွေမရှိလို့ တဲအိမ်လေးထဲမှာဝေဒနာကိုခံစားရင်း ဒုက္ခခံနေရတဲ့ ကလေး၂ယောက်အမေ ”

“ဆေးကုစရာငွေမရှိလို့ တဲအိမ်လေးထဲမှာဝေဒနာကိုခံစားရင်း ဒုက္ခခံနေရတဲ့ ကလေး၂ယောက်အမေ ”

တေးရေးမင်းကိုတို့ နယ်လှည့်နှလုံးလှဆရာဝန်များအဖွဲ့ကစက်စက်ယိုဘုန်းဘုန်းဖိတ်ကြားလို့ဒီကနေ့သုံးရက်မြောက်ဆေးကုခရီးစဥ်အဖြစ်ရခိုင်ရိုးမှတောင်တန်းပေါ်မှာဆေးကုကုသိုလ်ယူရင်း မိုးမလုံလေမလုံတဲအိမ်လေးထဲမှာနာတာရှည်ဖျားနာပြီးဒုက္ခရောက် နေတဲ့ကလေးနှစ်ယောက်အမေရောဂါသည်ကို သွားကြည့်ပေးခဲ့ရပါတယ်။

“သူ့အမျိုးသားက ဝါးခုတ်ရင်းအသက်မွေးရသူ၊ ဝါး၂၅လုံးတစီးရောင်းရမှ ငွေတထောင်ပဲရတယ။တောနက်ထဲခက်ခက်ခဲခဲတိုးပြီးမှရခုတ်လို့ရတဲ့ဝါးလေးတွေ ၊အလုံး၂၅လုံးရောင်းမှငွေတထောင်ပဲရတယ်ဆိုတော့ သူတို့မိသားစုလေးဘယ်လိုဆေးကုနိုင်တော့မလဲ၊

ဒေါက်တာကဆေးရုံအမြန်တင်ပေးမှအသက်ရှင်မယ်ဆိုတော့ ဘုန်းဘုန်းနဲ့တိုင်ပင်ပြီး ဆေးရုံချက်ချင်းတင်ပေးလိုက်ရတော့တယ်.။မိဘနှစ်ပါးက ဆေးရုံတက်ရပြီဆိုတော့ တဲအိမ်စုတ်လေးထဲမှာ သနားစရာလူမမယ်ကလေးလေးနှစ်ယောက်တည်းကျန်ခဲ့ရရှာတယ်။

လူတယောက်ကို တာဝန်ယူဆေးရုံတင်ပေးရပြီဆိုတာနဲ့ သူတို့မိသားစုတစုလုံးအတွက်ပါ စဥ်းစားပေးရတော့တယ်၊ကျွန်တော့်မှာလည်းကားဆီဖိုး ဆေးဖိုးထိနေတာနဲ့ သူတို့မိသားစုအတွက်ဘုန်းဘုန်းကိုပဲစိုက်ခိုင်းထားလိုက်ရတယ်၊.ခုချိန်လူ့အသက်တွေကယ်နိုင်ဖို့ ဆိုတာ ငွေများများလက်ထဲရှိမှ ကယ်နိုင်မှာပါ။

ကဲဗျာ …ဘာပဲဖြစ်ဖြစ် ရှိတာလေးဖဲ့ပြီး ဒုက္ခကြုံတွေ့နေရသူတွေကို ကယ်ကြပါဦးစို့ဗျာ” လို့ တေးရေးမင်းကိုက လူမူကွန်ယက်မှာရေးသား
ထားပါတယ်။

Photo-တေးရေးမင်းကို

Crd-36myanmarchannel

“ေဆးကုစရာေငြမရွိလို႔ တဲအိမ္ေလးထဲမွာေဝဒနာကိုခံစားရင္း ဒုကၡခံေနရတဲ့ ကေလး၂ေယာက္အေမ ”

ေတးေရးမင္းကိုတို႔ နယ္လွည့္ႏွလုံးလွဆရာဝန္မ်ားအဖြဲ႕ကစက္စက္ယိုဘုန္းဘုန္းဖိတ္ၾကားလို႔ဒီကေန႔သုံးရက္ေျမာက္ေဆးကုခရီးစဥ္အျဖစ္ရခိုင္႐ိုးမွေတာင္တန္းေပၚမွာေဆးကုကုသိုလ္ယူရင္း မိုးမလုံေလမလုံတဲအိမ္ေလးထဲမွာနာတာရွည္ဖ်ားနာၿပီးဒုကၡေရာက္ ေနတဲ့ကေလးႏွစ္ေယာက္အေမေရာဂါသည္ကို သြားၾကည့္ေပးခဲ့ရပါတယ္။

“သူ႔အမ်ိဳးသားက ဝါးခုတ္ရင္းအသက္ေမြးရသူ၊ ဝါး၂၅လုံးတစီးေရာင္းရမွ ေငြတေထာင္ပဲရတယ။


ေတာနက္ထဲခက္ခက္ခဲခဲတိုးၿပီးမွရခုတ္လို႔ရတဲ့ဝါးေလးေတြ ၊အလုံး၂၅လုံးေရာင္းမွေငြတေထာင္ပဲရတယ္ဆိုေတာ့ သူတို႔မိသားစုေလးဘယ္လိုေဆးကုႏိုင္ေတာ့မလဲ၊ေဒါက္တာကေဆး႐ုံအျမန္တင္ေပးမွအသက္ရွင္မယ္ဆိုေတာ့ ဘုန္းဘုန္းနဲ႔တိုင္ပင္ၿပီး ေဆး႐ုံခ်က္ခ်င္းတင္ေပးလိုက္ရေတာ့တယ္.။

မိဘႏွစ္ပါးက ေဆး႐ုံတက္ရၿပီဆိုေတာ့ တဲအိမ္စုတ္ေလးထဲမွာ သနားစရာလူမမယ္ကေလးေလးႏွစ္ေယာက္တည္းက်န္ခဲ့ရရွာတယ္။လူတေယာက္ကို တာဝန္ယူေဆး႐ုံတင္ေပးရၿပီဆိုတာနဲ႔ သူတို႔မိသားစုတစုလုံးအတြက္ပါ စဥ္းစားေပးရေတာ့တယ္၊ကြၽန္ေတာ့္မွာလည္းကားဆီဖိုး ေဆးဖိုးထိေနတာနဲ႔

သူတို႔မိသားစုအတြက္ဘုန္းဘုန္းကိုပဲစိုက္ခိုင္းထားလိုက္ရတယ္၊.ခုခ်ိန္လူ႔အသက္ေတြကယ္ႏိုင္ဖို႔ ဆိုတာ ေငြမ်ားမ်ားလက္ထဲရွိမွ ကယ္ႏိုင္မွာပါ။ကဲဗ်ာ …ဘာပဲျဖစ္ျဖစ္ ရွိတာေလးဖဲ့ၿပီး ဒုကၡႀကဳံေတြ႕ေနရသူေတြကို ကယ္ၾကပါဦးစို႔ဗ်ာ” လို႔ ေတးေရးမင္းကိုက လူမူကြန္ယက္မွာေရးသား

ထားပါတယ္။

Photo-ေတးေရးမင္းကို

Crd-36myanmarchannel