စစ်ကောင်စီကိုတော်လှန်နေသည့် ကထိကဆရာမတစ်ဦး၏ လွတ်မြောက်နယ်မြေမှ ယနေ့ ပုံရိပ်များ

စစ်ကောင်စီကိုတော်လှန်နေသည့် ကထိကဆရာမတစ်ဦး၏ လွတ်မြောက်နယ်မြေမှ ယနေ့ ပုံရိပ်များ

ဆရာမသည် ကလေးစက်မှုသိပ္ပံမှ ကထိက၊ဌာနမှူး ဒေါ်ရတီအုန်းဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ၎င်း၏ ရည်မှန်းချက်ကို အောက်ပါအတိုင်း ရင်ဖွင့်ထားသည်။

“တိုက်ပွဲနိုင်မှ ပြန်လာခဲ့ပါမယ်။အသေနဲ့ အနိုင်နှစ်ခုရှိတဲ့အထဲက တစ်ခုကို ပိုင်ပိုင်ဆုပ်ပြီးအမေ့အိမ်ကို ပြန်ပါမယ်။ နိုင်မယ်ထင်လို့ လုပ်ခဲ့တာ မဟုတ်။ချောမွေ့မယ်ထင်လို့ လျှောက်ခဲ့တာ မဟုတ်။

ဘာကိုဖြင့် အရယူမယ် ဘာကိုဖြင့် လွှတ်ချမယ်။သေချာစဉ်းစားပြီးမှ ရွေးခဲ့တဲ့ လမ်း။အဆုံးသတ် အထိ လျှောက်မဲ့လမ်း၊ ဖောက်ခဲ့မဲ့ လမ်း။ ခြေထောက်ပေါက်ပြဲ ဖိနပ်ကကွဲနေပေမဲ့လည်းခရီးများ အဆုံးထိလျှောက်”ဟု သူမ၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယခုအခါဆရာမသည် လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်လျှက်ရှိသည်။

ဓာတ်ပုံ – Radi Ohm

#People’sSpring
#LuduNwayOo
#လူထုနွေဦး

(ZAWGYI)

စစ္ေကာင္စီကိုေတာ္လွန္ေနသည့္ ကထိကဆရာမတစ္ဦး၏ လြတ္ေျမာက္နယ္ေျမမွ ယေန႔ ပုံရိပ္မ်ား

ဆရာမသည္ ကေလးစက္မႈသိပၸံမွ ကထိက၊ဌာနမႉး ေဒၚရတီအုန္းျဖစ္ၿပီး စစ္အာဏာရွင္ဆန္႔က်င္ေရး ၎၏ ရည္မွန္းခ်က္ကို ေအာက္ပါအတိုင္း ရင္ဖြင့္ထားသည္။

“တိုက္ပြဲႏိုင္မွ ျပန္လာခဲ့ပါမယ္။အေသနဲ႔ အႏိုင္ႏွစ္ခုရွိတဲ့အထဲက တစ္ခုကို ပိုင္ပိုင္ဆုပ္ၿပီးအေမ့အိမ္ကို ျပန္ပါမယ္။ ႏိုင္မယ္ထင္လို႔ လုပ္ခဲ့တာ မဟုတ္။ေခ်ာေမြ႕မယ္ထင္လို႔ ေလွ်ာက္ခဲ့တာ မဟုတ္။

ဘာကိုျဖင့္ အရယူမယ္ ဘာကိုျဖင့္ လႊတ္ခ်မယ္။ေသခ်ာစဥ္းစားၿပီးမွ ေ႐ြးခဲ့တဲ့ လမ္း။အဆုံးသတ္ အထိ ေလွ်ာက္မဲ့လမ္း၊ ေဖာက္ခဲ့မဲ့ လမ္း။ ေျခေထာက္ေပါက္ၿပဲ ဖိနပ္ကကြဲေနေပမဲ့လည္းခရီးမ်ား အဆုံးထိေလွ်ာက္”ဟု သူမ၏ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ ေရးသားထားသည္။

ယခုအခါဆရာမသည္ လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ ေတာ္လွန္ေရးအတြက္ က်ရာေနရာမွ တာဝန္ထမ္းေဆာင္လွ်က္ရွိသည္။

ဓာတ္ပုံ – Radi Ohm

#People’sSpring
#LuduNwayOo
#လူထုေႏြဦး