မျက်စိမှုန်သူများအတွက်အိမ်တွင်းဆေးနည်း တလက်

မျက်စိမှုန်သူများအတွက်အိမ်တွင်းဆေးနည်း တလက်

မနက်စောစောမှာ စံပယ်ပင်ကစံပယ်ပန်း(၃)ပွင့်ခူးယူရမယ်။ ရေပြောင်အောင်ဆေးရမယ်။ စံပယ်ပင်မရှိတဲ့သူကလဲ စံပယ်ပန်းရောင်းတဲ့ဆီကဝယ်ပေါ့။

ဒါပေမယ့် ခပ်လတ်လတ်ကိုဝယ်ပါ။ နွမ်းရင် မယူနဲ့။“အဲဒီစံပယ်ပန်းကို ဖန်ခွက်အလွတ်တစ်ခုမှာ ထည့်ရမယ်။နောက် ရေသန့်သန့်ဖန်ခွက်(၃)ပုံ (၂)ပုံ

ထည့်ရမယ်။တစ်နေ့လုံး စိမ်ထားရမယ်။

ညမှာ မျက်စိကို ခတ်ခါနီး ပန်းကိုဖယ်ပစ်လိုက်၊အဲဒီရေကို အဲဒီညမျက်စိကိုခတ်။ပထမဦးဆုံး ခတ်တဲ့နေ့နံနက်မှာမျက်စိမှာထူးထူးခြားခြားမျက်ချေးတွေပိတ်နေလိမ့်မည်။အဝတ်ပွတစ်ခုကိုရေဆွတ်ပြီးမျက်စိကိုပွတ်သတ်သန့်ရှင်းမှုလုပ်ပေးရမယ်။

အဲဒီပန်းစိမ်ရေကို(၇)ရက်ဆက်တိုက်ခတ်ပေးရမယ်။မျက်ချေးကတစ်နေ့တခြားနည်းသွားမယ်။(၇)ရက်ခတ်မိရင်ပဲမျက်စိမှုန်နေသူပြန်လင်းပြီးမျက်စိမှာတိမ်ရှိရင်ပျောက်သွားမယ်။မျက်စိအားအရင်ထက်ထူးထူးကဲကဲကောင်းလာမယ်။

(၇)ရက်ဆက်တိုက်ခတ်ပြီးရင်(၁၅)ရက်လောက်နားရမယ်။နောက်(၁၅)ရက်ပြည့်ရင်ပထမ(၇)ရက်သုံးခဲ့တဲ့မျက်စဉ်းရေကိုမသုံးရဘူး။နောက်တစ်ခါအသစ်ပြန်ပြီးပန်းကိုစိမ်ရတဲ့မျက်စဉ်းရေကို (၇)ရက်ဆက်ခတ်။ (၇)ရက်ပြီးရင်

(၁၅)ရက်နားရမယ်။ဒီလို(၇)ရက်ခတ်၊(၁၅)ရက်နား၊(၃)ပတ်ပြည့်ရင်မျက်စိဝေဒနာတွေ ကင်းဝေးသွားပြီး။မျက်စိမှုန်၊မျက်ခိုးထွက်၊မျက်မှန်တပ်ရသူ၊မျက်မှန်လွတ်မယ်။တိမ်ရှိရင် ပျောက်မယ်။ဘာအန္တရာယ်မှမရှိဘူး။ဆေးနည်းကလွယ်တယ်။

ဒါပေမယ့်စည်းစနစ်ကျလုပ်ဆောင်ရမယ်။

လက်တွေ့ ဆေးနည်းမို့လက်တွေ့သာလုပ်ကြည့် အကျိုးရှိစေရမယ်ဆေးနည်းပညာပေးအပ်လမ်းညွှန်ပေးခဲ့သောကရင်ပြည်နယ်၊နောင်လုံရှမ်းစုရွာနမ့်ပန်ကျောင်းမှဆရာတော်

ဦးနန္ဒဝံသနှင့်ဆရာကြီးဦးကြည်ဟန်တို့အားမှတ်တမ်းတင် ဂုဏ်ပြုဖော်ပြလိုက်ပါသည်။ဝေဒနာရှင်အပေါင်းတို့ကျန်းမာပါစေ။အဓိကအချက်လေးထုတ်နုတ်ဖော်ပြထားတာပါ။လိုရင်တိုရင်းပေါ့။ထားလည်း

အိမ်စံပယ်လေးနဲ့စံပယ်ပွင့်တိုင်းလုပ်ဆောင်ပါတယ်တကယ်လည်းပျောက်ကင်းပါတယ်။ယုံကြည်စွာလုပ်ပါလေ။ဈေးကစံပယ်ပန်းတွေတချို့ဆိုရင်မဲနယ်ဆိုးတာမို့သတိထားစေချင်တယ်အပင်ကကိုယ်တိုင်ခူးထားတာစိတ်ချရတယ်။

Crd-Original Post