ဝမ် ၁ ဘီလီယံပေးရင်တောင် ချစ်တင်းနှောခန်းတွေမရိုက်ကူးဘူးလို့ ငြင်းဆိုခဲ့ဖူးတဲ့ Squid Game သရုပ်ဆောင် Heo Sung Tae

လတ်တလောပရိသတ်တွေအကြားမှ‌ာ ရေပန်းစားနေတဲ့ “Squid Game” ဇာတ်လမ်းတွဲထဲမှာ ကြည့်ရှုသူပရိသတ်တွေကို

အံ့အားသင့်စရာအကောင်းဆုံးဖြစ်စေခဲ့တဲ့ ဇာတ်ဝင်ခန်းကတော့ Heo Sung Tae နဲ့ Kim Joo Ryung တို့နှစ်ယောက် ချစ်တင်းနှောကြတဲ့ ဇာတ်ဝင်ခန်းပဲဖြစ်ပါတယ်။

ဒီဇာတ်ဝင်ခန်းဟာဆိုရင် အသက် ၁၉ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့အတွက် သတ်မှတ်ခံထားရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တာကြောင့် ပရိသတ်တွေအတွက် စိတ်ဝင်စားမှု

မြင့်တက်စေခဲ့သလို ဒီလိုမျိုးဇာတ်ဝင်ခန်းရိုက်ကူးမှုတွေနဲ့ပတ်သတ်လို့ Heo Sung Tae ဖြေဆိုခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုဟာလည်း လက်ရှိလူမှုကွန်ရက်အထက်မှာ ပျံ့နှံ့လျှက်ရှိနေတာကို တွေ့ရပါတယ်။Heo Sung Tae ဟာ ဒီအကြောင်းကို ၂၀၁၆ ခုနှစ်တုန်းက ရေဒီယိုအစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ်ပါဝင်တင်ဆက်စဉ်အချိန်တုန်းကပြောခဲ့ဖူးတာဖြစ်ပါတယ်။

သူ့ရဲ့ပြောပြချက်အရတော့ ချစ်တင်းနှောရမယ့်ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရတာက သူ့အတွက်တော့ ပြဿနာမရှိပေမယ့်လည်း ဇနီးဖြစ်သူက သူ့ကို ဒီလိုမျိုးဇာတ်ဝင်ခန်းတွေ ရိုက်ကူးခွင့်မပြုဘူးလို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ရေဒီယိုအစီအစဉ်တင်ဆက်သူတွေက “ဒီလိုဇာတ်ဝင်ခန်းတွေရိုက်ကူးဖို့အတွက် ဝမ် ၁ ဘီလီယံပေးပြီး ကမ်းလှမ်းရင်ရော လက်သင့်ခံမှာလား”

လို့မေးခဲ့တာကြောင့် သူက လက်မခံပဲငြင်းဆိုမှာဖြစ်ကြောင်းနဲ့ ပိုက်ဆံဆိုတာက အေးဆေးရှာဖွေလို့ရကြောင်းဆိုကာ ပြန်လည်ဖြေကြားခဲ့ပါတယ်။အဲဒီအခါမှာတော့ ပရိသတ်တွေက “Squid Game” ထဲက ဇာတ်ဝင်ခန်းနဲ့ပတ်သတ်လို့ Heo Sung Tae ကို မှတ်ချက်တွေများစွာပေးထားကြပြီး ဒီလိုမှတ်ချက်တွေထဲမှာ “ဒါဆိုရင်

Netflix က သူ့ကို ဝမ် ၁ ဘီလီယံထက်ပိုပြီးပေးလိုက်လို့များလား?” ၊ “မိန်းမရဲ့စကားကို နားထောင်တာချစ်ဖို့ကောင်းလိုက်တာ”

“စီးရီးထဲမှာတော့ တော်တော်သရုပ်ဆောင်ကောင်းတယ်” လို့ဆိုကာ ရေးသားထားတာတွေကလည်း ပါဝင်တာကို တွေ့ရပါတယ်။

လတ်တလောပရိသတ်တွေအကြားမှ‌ာ ရေပန်းစားနေတဲ့ “Squid Game” ဇာတ်လမ်းတွဲထဲမှာ ကြည့်ရှုသူပရိသတ်တွေကို

အံ့အားသင့်စရာအကောင်းဆုံးဖြစ်စေခဲ့တဲ့ ဇာတ်ဝင်ခန်းကတော့ Heo Sung Tae နဲ့ Kim Joo Ryung တို့နှစ်ယောက် ချစ်တင်းနှောကြတဲ့ ဇာတ်ဝင်ခန်းပဲဖြစ်ပါတယ်။ဒီဇာတ်ဝင်ခန်းဟာဆိုရင် အသက် ၁၉ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့အတွက် သတ်မှတ်ခံထားရတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်တာကြောင့် ပရိသတ်တွေအတွက် စိတ်ဝင်စားမှု

မြင့်တက်စေခဲ့သလို ဒီလိုမျိုးဇာတ်ဝင်ခန်းရိုက်ကူးမှုတွေနဲ့ပတ်သတ်လို့ Heo Sung Tae ဖြေဆိုခဲ့ဖူးတဲ့ အင်တာဗျူးတစ်ခုဟာလည်း လက်ရှိလူမှုကွန်ရက်အထက်မှာ ပျံ့နှံ့လျှက်ရှိနေတာကို တွေ့ရပါတယ်။

Heo Sung Tae ဟာ ဒီအကြောင်းကို ၂၀၁၆ ခုနှစ်တုန်းက ရေဒီယိုအစီအစဉ်တစ်ခုမှာ ဧည့်သည်အဖြစ်ပါဝင်တင်ဆက်စဉ်အချိန်တုန်းကပြောခဲ့ဖူးတာဖြစ်ပါတယ်။

သူ့ရဲ့ပြောပြချက်အရတော့ ချစ်တင်းနှောရမယ့်ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရတာက သူ့အတွက်တော့ ပြဿနာမရှိပေမယ့်လည်း ဇနီးဖြစ်သူက သူ့ကို ဒီလိုမျိုးဇာတ်ဝင်ခန်းတွေ ရိုက်ကူးခွင့်မပြုဘူးလို့ သိရပါတယ်။အဲဒီနောက်မှာတော့ ရေဒီယိုအစီအစဉ်တင်ဆက်သူတွေက “ဒီလိုဇာတ်ဝင်ခန်းတွေရိုက်ကူးဖို့အတွက် ဝမ် ၁ ဘီလီယံပေးပြီး ကမ်းလှမ်းရင်ရော လက်သင့်ခံမှာလား”

လို့မေးခဲ့တာကြောင့် သူက လက်မခံပဲငြင်းဆိုမှာဖြစ်ကြောင်းနဲ့ ပိုက်ဆံဆိုတာက အေးဆေးရှာဖွေလို့ရကြောင်းဆိုကာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီအခါမှာတော့ ပရိသတ်တွေက “Squid Game” ထဲက ဇာတ်ဝင်ခန်းနဲ့ပတ်သတ်လို့ Heo Sung Tae ကို မှတ်ချက်တွေများစွာပေးထားကြပြီး ဒီလိုမှတ်ချက်တွေထဲမှာ “ဒါဆိုရင်

Netflix က သူ့ကို ဝမ် ၁ ဘီလီယံထက်ပိုပြီးပေးလိုက်လို့များလား?” ၊ “မိန်းမရဲ့စကားကို နားထောင်တာချစ်ဖို့ကောင်းလိုက်တာ”“စီးရီးထဲမှာတော့ တော်တော်သရုပ်ဆောင်ကောင်းတယ်” လို့ဆိုကာ ရေးသားထားတာတွေကလည်း ပါဝင်တာကို တွေ့ရပါတယ်။

Crd-Original Post

(ZAWGYI)














Crd-Original Post