ခြေထောက်နာကျင်ယောင်ယမ်းမှုများသက်သာစေမည့် သဘာဝနည်းလမ်း(၈)ခု

ခြေထောက်နာကျင်ယောင်ယမ်းမှုများသက်သာစေမည့် သဘာဝနည်းလမ်း(၈)ခု

ခြေချောင်းများအဆစ်အမြစ်များ နာကျင်ယောင်ယမ်းမှုများအတွက် ဒေါက်မြင့်ဖိနပ်များ‌တွင်သာ တာဝန်ရှိသည်မဟုတ်ပဲ

မျိုးရိုးလိုက်ခြင်းများကြောင့်လဲ ဖြစ်နိုင်သော်လည်း ဒေါက်မြင့်ဖိနပ်များကတော့ ပိုမိုဆိုးရွားစေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

အဆိုပါ နာကျင်မှုများ သက်သာစေရန်အတွက် သဘာဝနည်းလမ်းများကိုလည်း ကြိုးစားကြည့်သင့်ပါတယ် ။ ရွေးချယ်စရာနည်းလမ်း မရှိတော့ပဲ

မသက်သာသည့်အဆုံးမှသာ ခွဲစိတ်ကုသမှုမျိုးကို ရွေးချယ်သင့်ပါတယ်။

အခုတင်ဆက်ပေးချင်တာကတော့ သင့်ခြေဖဝါးနာကျင်ယောင်ယမ်းမှုများ အတွက်အထောက်အကူဖြစ်စေမယ့် နည်းလမ်းအချို့ပဲ

ဖြစ်ပါတယ်။ဖိနပ်ဝယ်ယူရာမှာသိထားသင့်တဲ့ အချက်လက်တချို့ကိုပါ ပူးတွဲဖော်ပြပေးထားပါတယ်။

(၁)တင်းနစ်ဘောလုံး အသုံးပြုခြင်း

အလွန်ရိုးရှင်းပါတယ်။ တင်းနစ်ဘောလုံးတစ်လုံးကို ကြမ်းပေါ်တွင်ချပြီး ခြေဖဝါးဖြင့်ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် (၃-၅)မိနစ်ခန့်

လှိမ့်၍နင်းပါ။ဘယ်နှင့်ညာ တစ်ဖက်ပြီးမှတစ်ဖက်လုပ်ပါ။ အကယ်၍ သင်ဟာ ခြေထောက်တစ်ဖက်တည်းမှာ နာကျင်ယောင်ယမ်းမှု ခံစားနေရသူ

ဖြစ်လင့်ကစား သင့်‌ခြေဖဝါး အညောင်းအညာပြေစေရန်အတွက် နှစ်ဖက်စလုံးကို လေ့ကျင်ခန်းပြုလုပ်ပေးနိုင်ပါတယ်။

(၂) အဝတ်စ ၊ ပဝါများကို ခြေချောင်းများကိုအသုံးပြု၍ကောက်ယူပါ

သင်ထိုင်နေရင်းဖြစ်စေ ၊ မတ်တပ်ရပ်၍ဖြစ်စေ ကြမ်းပြင်ပေါ်မှာ အဝတ်စနှင့်ပဝါများကို ခြေချောင်းများဆွဲညှပ်ပြီး ဆွဲမယူပါ ။ အနည်းဆုံး (၅)မိနစ်ခန့်

နေ့စဉ်ပြုလုပ်ပေးပါက ခြေဖဝါးရှိကြွက်သားများ သန်မာလာသည်ကို ခံစားရပါလိမ့်မယ်။

(၃) ခြေဖျားထောက်လေ့ကျင့်ခန်း

ဦးစွာ ဒူးအနည်းငယ်ညွှတ်ပြီးမတ်တပ်ရပ်ပါ။ထို့နောက် ဖနောင့်နှစ်ဖက်ကိုမ၍ ခြေဖျားထောက်ပါ။ သင့်ခန္ဓာကိုယ်အလေးချိန်ဟာ

သင့်ခြေဖျားလေးပေါ်သက်ရောက်လာသည်အထိ ဖနောင့်ကိုကြွ၍ ခြေဖျားထောက်ပါ။ အစဦးမှာ ခြေဖျားမှ နာကျင်မှုဒဏ်များကို ခံစားရနိုင်သော်လည်း

တစ်ရက်ထက်တစ်ရက် ကျင့်သားရလာပြီးနောက် သင့်ခြေချောင်းကြွက်သားများ သန်မာလာပြီး နာကျင်ယောင်ယမ်းမှုများလည်း

သက်သာသွားသည်ကို တွေ့ရှိရပါလိမ့်မယ်။

(၄) သဲထူထပ်သော ကမ်းခြေလိုနေရာများတွင် မကြာခဏလမ်းလျှောက်ပေးပါ

နေထိုင်ရာအရပ်ဒေသပေါ်မူတည်ပြီး လူတိုင်းအတွက်အဆင်မပြေနိုင်သော်လည်း ခြေဖဝါးနဲ့ခြေချောင်းလေးများကို အညောင်းညာပြေစေရုံသာမက

သန်မာလာ‌စေရန်အတွက်ပါ ဆိုလျှင် သဲကုထုံး ကတော့အကောင်းဆုံးဖြစ်ပါတယ်။

(၅) ခြေဖဝါးအား ရေနွေး (သို့) ရေခဲဖြင့် စိမ်ပါ

စိတ်ဖိစီးရတဲ့နေ့ရက်‌တွေအပြီး ရေနွေးလေးဖြင့်ဆားရည်စိမ်ပေးမယ်ဆိုပါက သင့်ခြေဖဝါးလေးများကလဲ သင့်ကိုကျေးဇူးတင်နေမှာပါ ။

ရေဇလုံအတွင်းခြေကျင်းဝတ်မြုပ်သည်အထိထည့်၍ (၁၀-၁၅)မိနစ်ခန့် စိမ်ပေးသင့်ပါတယ်။အလားတူပင် ရေနွေးတင်မက ရေခဲရည်ကိုလည်း

ရွေးချယ်နိုင်ပါတယ် ။ ညအိပ်ယာဝင်ခါနီး အထက်ပါအတိုင်းပြုလုပ်ပေးခြင်းဖြင့် နာကျင်ယောင်ယမ်းမှုများ လျော့ကျစေနိုင်ပါတယ်။

(၆) ခြေထိန်းအစွပ်ဝတ်အိပ်ခြင်း

ပုံတွင်ပြထားသည့် ခြေထိန်းအစွပ်များဝတ်ဆင်ခြင်းဟာလည်း အဆစ်အမြစ်ယောင်ယမ်းမှုများကို လျော့ကျစေနိုင်ပါတယ်။၎င်းတို့ဟာ

ခြေမနဲ့ခြေညိုးတို့အကြား ကန့်သတ်ပေးထားပြီး ပွတ်တိုက်မှုများ နည်းပါးစေရန်ကာကွယ်ပေးပါတယ်။နာကျင်ယောင်ယမ်းမှုများအတွက်

အကောင်းဆုံးဖြေရှင်းနည်းမဟုတ်သော်လည်း သက်သာစေမှာ အသေချာပဲဖြစ်ပါတယ် ။

(၇) သံလွင်ဆီ လိမ်း၍နှိပ်နယ်ခြင်း

တစ်နေ့လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် နှိပ်နယ်ပေးခြင်းကလည်း သက်တောင့်သက်သာရှိစေပါတယ်။ သံလွင်ဆီကဲ့သို့သော အဆီတစ်မျိုးမျိုးလိမ်းပြီး

(၁၅)မိနစ်ခန့် နှိပ်နယ်ပေးခြင်းကြောင့် သင့်ခြေလှမ်းများကို သိသိသာသာပေါ့ပါးလာစေမည့်အပြင် သွေးလည်ပတ်မှုများကိုလဲ ပိုမိုကောင်းမွန်စေမှာ

ဖြစ်ပါတယ်။

(၈)နနွင်းလိမ်းခြင်း

နာကျင် ယောင်ယမ်းမှု ဖြစ်သောနေရာသို့ နနွင်းမှုန့်ကိုရေဖျော်ပြီးလိမ်းခြင်းဟာလဲ လျင်မြန်စွာသက်သာစေဖို့ရာ

ရိုးရှင်းပြီးအကျိုးသက်ရောက်မှုရှိစေတဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဖိနပ်ဝယ်တဲ့အခါဘာတွေကြည့်ရမလဲ ???

သင်ဟာခြေဖျား နာကျင်ယောင်ယမ်းမှုဝေဒနာများကို စတင်ခံစားနေရပြီဆိုလျှင် ဖိနပ်ဝယ်ရာမှာ ဂရုစိုက်သင့်တဲ့ အချက်များကိုလည်း

ဖော်ပြပေးလိုပါတယ်။

ဒေါက်မြင့်ဖိနပ်များကိုဦးစားမပေးသင့်တော့ပါဘူး။ ဒေါက်မြင့်ဖိနပ်များဟာ ခြေချောင်းလေးများအပေါ် အားသက်ရောက်မှုပိုတိုးလာစေပြီး

နာကျင်စေရုံသာရှိပါလိမ့်မယ်။

ခြေချောင်းများ ယောင်ယမ်းနေပြီဖြစ်လို့ ၎င်းတို့အပေါ် ဖိအားသက်‌ရောက်မှုနည်း‌စေမည့် အရှေ့ထိပ်ပိုင်း ပိုမိုကျယ်ပြန့်သော ဖိနပ်မျိုးကို

ရွေးချယ်သင့်ပါတယ်။ ရာဘာ ၊ သားရေ ဖိနပ်များဟာ ရွေးချယ်သင့်တဲ့ အမျိုးအစားများဖြစ်ပါတယ်။

အခြားသော ယောင်ယမ်းမှုကို ပိုမိုဆိုးရွားစေမည့် မာကျောသောအရာများနှင့် ထုတ်လုပ်ထားသည့်ဖိနပ်များကို ရှောင်ကြဉ်ပါ။

ယခုဖော်ပြပေးခဲ့သော နည်းလမ်းများကို သင်တ်ို့ရဲ့ ခြေဖျားနာကျင်ယောင်ယမ်းမှုတွေကို အမှန်တကယ်သက်သာစေလား ဆိုတာကိုလည်း

ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးရင် ဖြေပေးခဲ့ကြပါဦး။

Source Brightside
Written One Daily Media