လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ အလှူ ငွေတွေလှူဒါန်း ပေးခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီး မေကဗျာကတော့ ဒီနေ့မှာ လိုအပ်နေတဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက် အလှူငွေတွေလှူဒါန်းပေးလိုက်ပါတယ်။

မေကဗျာကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို ဦးဆောင်ပြီး အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတဲ့သူတစ်ယောက်ပါ။

မေကဗျာက ဒီနေ့မှာ စုစုပေါင်းအလှူငွေ (၁၀)သိန်းတိတိကိုလှူဒါန်းပေးခဲ့တာပါ။ ဒီနေ့မှာ လှူဒါန်းတဲ့ အလှူငွေတွေကတော့ သူရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကနေ ရရှိလာတဲ့ အကျိုးအမြတ်ငွေ(၅)သိန်းနဲ့

သူနဲ့အတူ အလုပ်တွဲလုပ်တဲ့ လုပ်ငန်းကအလှူငွေ (၅)သိန်း စုစုပေါင်း (၁၀)သိန်းကို အခုလို ကပ်ဘေးကာလ စားဝတ်နေရေးကျပ်တည်းခက်ခဲတဲ့ပြည်သူတွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးလှူဒါန်းပေးခဲ့တာပါတဲ့။

ဒီနေ့အလှူလေးက သူ့ရဲ့ အလုပ်တွေကနေရရှိတဲ့ အကျိုးအမြတ်တွေဖြစ်တာကြောင့် မေကဗျာက (၇)ရက်သားသမီး စုပေါင်းအလှူလေးမို့ သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ မေကဗျာကတော့ အခုလို လှူဒါန်းခွင့်ရရှိတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာနေပါတယ်တဲ့။

Source – May Kabyar