သံဃာတော်တွေ ဆွမ်းအခက်ခဲမဖြစ်စေလို့ ရည်ရွယ်ပြီး ဆွမ်းနဲ့ လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်တွေရဲ့အချစ်တော် ခန့်စည်သူကတော့ ဒီနေ့ အောက်တိုဘာလ(၃)ရက်နေ့မှာ သံဃာတော်တေါအတွက် ဆွမ်းဆန်နဲ့လိုအပ်တာတွေလှူဒါန်းပေးခဲ့ပါတယ်။ ခန့်စည်သူက ဒီနေ့မှာ ဗိုလ်တစ်ထောင် ဘုရားကြီးတိုက်နဲ့ အလင်းရောင် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအတွက် လှူဒါန်းပေးခဲ့တာပါ။

အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း “သံဃာ့ ဂုဏ်ကို ရည်မှန်း၍ အလင်းရောင် ဘုန်းတော်ကြီးကျောင်း၊ဗိုလ်တထောင်ဘုရားကြီးတိုက်တွင် သီတင်းသုံးတော်မူနေကြသော သံဃာတော် အရှင်သူမြတ်များ ယခုကာလတွင်ဆွမ်းအခက်အခဲမရှိစေရန် ဆွမ်းဆန်တော် (၁၀)အိတ်၊ ဆီ(၁၀)ပိဿာ၊ပဲ(၁၀)ပိဿာ၊ကြက်သွန် ပိဿာ(၂၀)၊ဟင်းခတ်မှုန့် ဂျပ်ဖာ(၂)ပုံး၊နဝကမ္မ အလှူငွေ(၁) သိန်း တို့ကိုဆက်ကပ်လှူဒါန်းခဲ့ပါတယ်။” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

အလှူလေးပြုလုပ်ခဲ့ကြောင်းနဲ့ အတူ “လှူဒါန်းမှုအစုစုတို့အတွက် (၇)ရက် သား၊သမီးအပေါင်း သူတော်ကောင်းတို့အား ကုသိုလ်မျှဝေပါ၏။ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။”လို့လည်း အလှူလေးကို မြင်တွေတဲ့ (၇)ရက်သားသမီးတွေ သာဓုခေါ်ဆိုနိုင်ကြစေဖို့ ကုသိုလ်တွေကိုလည်း မျှဝေထားပါသေးတယ် ပရိသတ်ကြီးရေ။

Source – Kyaw Soe Win

(ZAWGYI)

သံဃာေတာ္ေတြ ဆြမ္းအခက္ခဲမျဖစ္ေစလို႔ ရည္႐ြယ္ၿပီး ဆြမ္းနဲ႔ လိုအပ္တာေတြ လႉဒါန္းေပးခဲ့တဲ့ ခန႔္စည္သူ

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ခန႔္စည္သူကေတာ့ ဒီေန႔ ေအာက္တိုဘာလ(၃)ရက္ေန႔မွာ သံဃာေတာ္ေတါအတြက္ ဆြမ္းဆန္နဲ႔လိုအပ္တာေတြလႉဒါန္းေပးခဲ့ပါတယ္။ ခန႔္စည္သူက ဒီေန႔မွာ ဗိုလ္တစ္ေထာင္ ဘုရားႀကီးတိုက္နဲ႔ အလင္းေရာင္ ဘုန္းေတာ္ႀကီးေက်ာင္း (၂)ေက်ာင္းအတြက္ လႉဒါန္းေပးခဲ့တာပါ။

အလႉေလးျပဳလုပ္ခဲ့တဲ့ အေၾကာင္းကိုလည္း “သံဃာ့ ဂုဏ္ကို ရည္မွန္း၍ အလင္းေရာင္ ဘုန္းေတာ္ႀကီးေက်ာင္း၊ဗိုလ္တေထာင္ဘုရားႀကီးတိုက္တြင္ သီတင္းသုံးေတာ္မူေနၾကေသာ သံဃာေတာ္ အရွင္သူျမတ္မ်ား ယခုကာလတြင္ဆြမ္းအခက္အခဲမရွိေစရန္ ဆြမ္းဆန္ေတာ္ (၁၀)အိတ္၊ ဆီ(၁၀)ပိႆာ၊ပဲ(၁၀)ပိႆာ၊ၾကက္သြန္ ပိႆာ(၂၀)၊ဟင္းခတ္မႈန႔္ ဂ်ပ္ဖာ(၂)ပုံး၊နဝကမၼ အလႉေငြ(၁) သိန္း တို႔ကိုဆက္ကပ္လႉဒါန္းခဲ့ပါတယ္။” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။

အလႉေလးျပဳလုပ္ခဲ့ေၾကာင္းနဲ႔ အတူ “လႉဒါန္းမႈအစုစုတို႔အတြက္ (၇)ရက္ သား၊သမီးအေပါင္း သူေတာ္ေကာင္းတို႔အား ကုသိုလ္မွ်ေဝပါ၏။ သာဓု သာဓု သာဓု ေခၚဆိုႏိုင္ၾကပါေစ။”လို႔လည္း အလႉေလးကို ျမင္ေတြတဲ့ (၇)ရက္သားသမီးေတြ သာဓုေခၚဆိုႏိုင္ၾကေစဖို႔ ကုသိုလ္ေတြကိုလည္း မွ်ေဝထားပါေသးတယ္ ပရိသတ္ႀကီးေရ။

Source – Kyaw Soe Win