“ဘယ်နိုင်ငံမှာမှ နိုင်ငံသားခိုလှုံခွင့်တောင်းဆိုထားတာမရှိကြောင်း အလှမယ်သူဇာဝင့်လွင်ပြော”

“ဘယ်နိုင်ငံမှာမှ နိုင်ငံသားခိုလှုံခွင့်တောင်းဆိုထားတာမရှိကြောင်း အလှမယ်သူဇာဝင့်လွင်ပြော”

ဘယ်နိုင်ငံမှာမှ နိုင်ငံသားခိုလှုံခွင့်တောင်းဆိုထားတာမရှိကြောင်း အလှမယ်သူဇာဝင့်လွင်က လူမူကွန်ယက်မှာ ရေးသားထားပါတယ်။

“မနေ့က လန်ဒန်ရောက်မြန်မာမိသားစုများကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အတွက် Fundraising ပွဲလေးကိုအားဖြည့်ကူညီပေးဖြစ်ပါတယ်။

မြန်မာပြည်ကအစားအစာတွေရော ကိုယ့်မြန်မာလူမျိုးတွေနဲ့ရော တွေ့ဆုံခွင့်ရတော့ မြန်မာပြည်ကိုအရမ်းလွမ်းမိတယ်

သူဇာက လက်ရှိ လန်ဒန်မှာ Agency နဲ့တစ်နှစ်စာချုပ်ချုပ်ဆိုပြီး အလုပ်တွေလုပ်ကိုင်နေပေမယ့် စာချုပ်ပြည့်ပြီးသွားရင်တော့

ကိုယ့်မြန်မာပြည်ကိုလည်း ပြန်ခွင့်ရချင်ပါတယ်။

ခုထိ ဘယ်နိုင်ငံမှာမှ နိုင်ငံသားခိုလှုံခွင့်တောင်းဆိုထားတာမရှိပါဘူး အဓိက က မြန်မာပြည်ကြီး အေးအေးချမ်းချမ်းဖြစ်သွားပြီးအရင်လိုမိသားစုနဲ့

တူတူပြန်နေချင်တာပါ သူဇာ့လိုပဲ မိသားစုနဲ့ဝေးကွာနေကြသူတွေလည်း ဆုံစည်းချင်နေကြမယ်လို့ထင်ပါတယ်

ကိုယ်ဝါသနာပါရာ အနုပညာလုပ်ငန်းတွေကို ပျော်ရွှင်စွာနဲ့ လုပ်နေရမယ့်အချိန်မှာ ရှောင်ပုန်းနေကြရတဲ့ သူဇာ့အမအပါအဝင် အခြားအနုပညာရှင်တွေ၊

ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေကိုလည်း အမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။

ဒီလိုအချိန်မှာ လူငယ်တွေအပါအဝင် အားလုံးက ကိုယ့်ဘဝကိုယ့်အလုပ်ကို အောင်မြင်အောင်အသီးသီးကြိုးစားနေရမယ့်အစား

ဒီလိုကာလဆိုးကြီးကိုဖြတ်သန်းနေရတယ်။ လွတ်လပ်ခြင်းကိုမြတ်နိုးတဲ့သူတိုင်း လွတ်လပ်ခြင်းအစစ်အမှန်နဲ့ ပျော်ရွှင်ရတဲ့ဘဝကို

အမြန်ဆုံးပိုင်ဆိုင်ရပါစေလို့ သူဇာဆုတောင်းပါတယ်။”

Photo-Thuzarwintlwin fb

(ZAWGYI)

ဘယ္ႏိုင္ငံမွာမွ ႏိုင္ငံသားခိုလႈံခြင့္ေတာင္းဆိုထားတာမရွိေၾကာင္း အလွမယ္သူဇာဝင့္လြင္က လူမူကြန္ယက္မွာ
ေရးသားထားပါတယ္။

“မေန႔က လန္ဒန္ေရာက္ျမန္မာမိသားစုမ်ားက်င္းပတဲ့ ျမန္မာ့ေႏြဦးေတာ္လွန္ေရး အတြက္ Fundraising ပြဲေလးကိုအားျဖည့္ကူညီေပးျဖစ္ပါတယ္။ ျမန္မာျပည္ကအစားအစာေတြေရာ ကိုယ့္ျမန္မာလူမ်ိဳးေတြနဲ႔ေရာ ေတြ႕ဆုံခြင့္ရေတာ့ ျမန္မာျပည္ကိုအရမ္းလြမ္းမိတယ္

သူဇာက လက္ရွိ လန္ဒန္မွာ Agency နဲ႔တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး အလုပ္ေတြလုပ္ကိုင္ေနေပမယ့္ စာခ်ဳပ္ျပည့္ၿပီးသြားရင္ေတာ့ ကိုယ့္ျမန္မာျပည္ကိုလည္း ျပန္ခြင့္ရခ်င္ပါတယ္။ ခုထိ ဘယ္ႏိုင္ငံမွာမွ ႏိုင္ငံသားခိုလႈံခြင့္ေတာင္းဆိုထားတာမရွိပါဘူး အဓိက က ျမန္မာျပည္ႀကီး ေအးေအးခ်မ္းခ်မ္းျဖစ္သြားၿပီးအရင္လိုမိသားစုနဲ႔ တူတူျပန္ေနခ်င္တာပါ သူဇာ့လိုပဲ မိသားစုနဲ႔ေဝးကြာေနၾကသူေတြလည္း ဆုံစည္းခ်င္ေနၾကမယ္လို႔ထင္ပါတယ္

ကိုယ္ဝါသနာပါရာ အႏုပညာလုပ္ငန္းေတြကို ေပ်ာ္႐ႊင္စြာနဲ႔ လုပ္ေနရမယ့္အခ်ိန္မွာ ေရွာင္ပုန္းေနၾကရတဲ့ သူဇာ့အမအပါအဝင္ အျခားအႏုပညာရွင္ေတြ၊ ထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ေတြကိုလည္း အျမန္ဆုံးလြတ္ေျမာက္ေစခ်င္ပါတယ္။ ဒီလိုအခ်ိန္မွာ လူငယ္ေတြအပါအဝင္ အားလုံးက ကိုယ့္ဘဝကိုယ့္အလုပ္ကို ေအာင္ျမင္ေအာင္အသီးသီးႀကိဳးစားေနရမယ့္အစား ဒီလိုကာလဆိုးႀကီးကိုျဖတ္သန္းေနရတယ္။ လြတ္လပ္ျခင္းကိုျမတ္ႏိုးတဲ့သူတိုင္း လြတ္လပ္ျခင္းအစစ္အမွန္နဲ႔ ေပ်ာ္႐ႊင္ရတဲ့ဘဝကို အျမန္ဆုံးပိုင္ဆိုင္ရပါေစလို႔ သူဇာဆုေတာင္းပါတယ္။”

Photo-Thuzarwintlwin fb