မွေးနေ့ အလှူ အနေနဲ့ အမှိုက်ပုံကို မှီခိုကာ ရုန်းကန် ရှာဖွေနေထိုင်နေရတဲ့ အိမ်ထောင်စုတွေအတွက် ထူးခြားတဲ့ အလှူလေး ပြုလုပ်ပေးခဲ့တဲ့ ဝေလာရီ

မင်းသမီးချောလေး ဝေလာရီကတော့ ” နှင်းဆီ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။

အသံချိုချိုလေးနဲ့ စကားပြောဆိုယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ အပြုံးလေးတွေကြောင့်လည်း ပုရိသယောကျာ်းလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပါ ။

အနုပညာအလုပ်တွေကို ကြိုးစား လုပ်ကိုင်နေတဲ့ သူမက ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးခဲ့ပြီး ကြော်ငြာတွေ မှာလည်း မကြာခဏဆိုသလို တွေ့ရပါ တယ်။

အလုပ်တွေ ကြိုးစားသလို အလှူ အတန်းတွေဆိုရင်လည်း အထိန်းအမှတ်နေ့လေးတွေမှာ အမြဲ မကြာခဏ ပြုလုပ်လေ့ရှိတာကိုလည်း လေးစားစွာတွေ့ရပါတယ် ။

အခုလည်း သူမရဲ့ မွေ့နေ့ အလှူအနေနဲ့ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ ကို မှီခိုကာ လုပ်ကိုင် ရှာဖွေ စားသောက် နေထိုင်နေရတဲ့ လူဦးရေ (၂၀၀) စာ အတွက် ကြက်သားအာလူးဆီပြန်ဟင်း၊

ချဉ်ပေါင်ကြော်၊ ဘာလချောင်ကြော်၊ ပေါ်ဆန်းထမင်းတို့ကို ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ် ။

အလှူပုံတွေ ကြည့်ပြီး ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လညဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lar Ri

(ZAWGYI)

ေမြးေန႔ အလႉ အေနနဲ႔ အမႈိက္ပုံကို မွီခိုကာ ႐ုန္းကန္ ရွာေဖြေနထိုင္ေနရတဲ့ အိမ္ေထာင္စုေတြအတြက္ ထူးျခားတဲ့ အလႉေလး ျပဳလုပ္ေပးခဲ့တဲ့ ေဝလာရီ

 


မင္းသမီးေခ်ာေလး ေဝလာရီကေတာ့ ” ႏွင္းဆီ” ဆိုတဲ့ ဇာတ္လမ္းတြဲေလးမွာ ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ ပရိသတ္ရင္ထဲကို စတင္ဝင္ေရာက္လာခဲ့တဲ့ သူေလးပဲျဖစ္ပါတယ္။

အသံခ်ိဳခ်ိဳေလးနဲ႔ စကားေျပာဆိုယဥ္ေက်းၿပီး ခ်စ္စရာေကာင္းတဲ့ သူမရဲ႕ အၿပဳံးေလးေတြေၾကာင့္လည္း ပုရိသေယာက်ာ္းေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ သူေလးပါ ။

အႏုပညာအလုပ္ေတြကို ႀကိဳးစား လုပ္ကိုင္ေနတဲ့ သူမက ဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးခဲ့ၿပီး ေၾကာ္ျငာေတြ မွာလည္း မၾကာခဏဆိုသလို ေတြ႕ရပါ တယ္။

အလုပ္ေတြ ႀကိဳးစားသလို အလႉ အတန္းေတြဆိုရင္လည္း အထိန္းအမွတ္ေန႔ေလးေတြမွာ အၿမဲ မၾကာခဏ ျပဳလုပ္ေလ့ရွိတာကိုလည္း ေလးစားစြာေတြ႕ရပါတယ္ ။

အခုလည္း သူမရဲ႕ ေမြ႕ေန႔ အလႉအေနနဲ႔ ထားဝယ္ေခ်ာင္ ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံ ကို မွီခိုကာ လုပ္ကိုင္ ရွာေဖြ စားေသာက္ ေနထိုင္ေနရတဲ့ လူဦးေရ (၂၀၀) စာ အတြက္ ၾကက္သားအာလူးဆီျပန္ဟင္း၊

ခ်ဥ္ေပါင္ေၾကာ္၊ ဘာလေခ်ာင္ေၾကာ္၊ ေပၚဆန္းထမင္းတို႔ကို ကိုယ္တိုင္ သြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။

အလႉပုံေတြ ၾကည့္ၿပီး ပီတိျဖစ္မိတာေၾကာင့္ ပရိသတ္ႀကီး အတြက္ ျပန္လညေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lar Ri