ကွယ်လွန်သွားတာ (၃)နှစ်တောင်ပြည့်သွားပြီဖြစ်ပေမယ့်လည်း ပရိတ်သတ်တွေရင်ထဲမှာ ခုချိန်ထိမေ့မရနိုင်သေးတဲ့ မင်းသားချောမင်းသွေး

ကွယ်လွန်သွားတာ (၃)နှစ်တောင်ပြည့်သွားပြီဖြစ်ပေမယ့်လည်း ပရိတ်သတ်တွေရင်ထဲမှာ ခုချိန်ထိမေ့မရနိုင်သေးတဲ့ မင်းသားချောမင်းသွေး

ဒီနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် ကိုမင်းသွေးကွယ်လွန်ခဲ့တာ သုံးနှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ ကိုမင်းသွေးကို သတိရနေဆဲပါ။

သူချန်ထားခဲ့တဲ့အနုပညာတွေက အခုချိန်ထိ အောင်မြင်နေဆဲပဲ ဖြစ်ပါတယ်ပြည်သူတွေရဲ့အချစ်ကို သိမ်းပိုက်ထားခံရတဲ့ ကိုမင်းသွေးဟာ အောက်တိုဘာ ၃ရက်နေ့ ၂၀၁၈ ခုနှစ်မှာ

ရုတ်တရက်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူရုတ်တရက်ကွယ်လွန်သွားခြင်းဟာ ပရိတ်သတ်တွေအတွက်ရော၊အနုပညာအသိုင်းအဝိုင်းမှာပါ အံ့သြသွားစေခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။သူမကွယ်လွန်ခင်မှာ သရုပ်ဆောင်ထားခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကား၊သတ်ကွင်းရုပ်ရှင်တို့ဟာ တော်တော်အောင်မြင်ခဲ့ပါတယ်။

ဒါပေမဲ့ သူကတော့ ဒီရုပ်ရှင်ဇာတ်ကားကြီးရုံတင်ပြသချိန်မှာတော့ သူဟာ ရှိမနေခဲ့တော့ပါဘူးသူ့အနုပညာကိုချစ်တဲ့ကိုမင်းသွေးရဲ့ပရိတ်သတ်တွေ အတွက်တော့ တော်တော်လေးကို ဝမ်းနည်းစေခဲ့ရပါတယ်။

သေသောသူကြာရင်မေ့ဆိုပေမဲ့ သူချန်ထားခဲ့တဲ့အနုပညာ၊အမြဲတမ်းပြုံးနေတတ်တဲ့ကိုမင်းသွေးကိုတော့ အခုချိန်ထိ ပရိတ်သတ်တွေက သတိရနေလျက်ရှိပါတယ်.။

Crd-Original Post

(ZAWGYI)








Crd-Original Post