ထူးခန့်ကျော်အိမ်မှာ ကိုးကွယ်ထားတဲ့ မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ဆွမ်းကပ်အလှူလေးလှူဒါန်းပြုလုပ်ခဲ့တဲ့ ညီနန္ဒ

ပရိတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားကြီး ညီနန္ဒကတော့ ဒီနေ့ အောက်တိုဘာလ(၃)ရက်နေ့ တနင်္ဂနွေနေ့လေးမှာ မြတ်စွာဘုရားကို ဆွမ်းကပ်လှူတဲ့ အလှူလေးပြုလုပ်ခဲ့ပါတယ်။

ဆွမ်းကပ်အလှူလေးကိုတော့ ထူးခန့်ကျော်ရဲ့ အိမ်မှာ ကိုးကွယ်ထားတဲ့ မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ဆွမ်းကပ်လှူခဲ့တာပဲဖြစ်ပါတယ်။

ထူးခန့်ကျော်ကတော့ ပရိသတ်တွေ သိရှိထားသလို အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ ဘာသာရေးနဲ့ သူတတ်မြောက်တဲ့ ပညာရပ်နဲ့ရောဂါဝေဒနာခံစားနေရတဲ့ လူသားတွေကို

ပျောက်ကင်းသက်သာအောင် ကုသကယ်တင်ပေးနေခဲ့သူပါ။

ညီနန္ဒကအခုလို မဟာကရုဏာတော်ရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကို ဆွမ်းကပ်လှူဒါန်းခဲ့တဲ့ အကြောင်းကိုလည်း ထူးခန့်ကျော်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပီတိဖြစ်စွာနဲ့ မျှဝေဖော်ပြထားခဲ့တာပါ။

ဒီနေ့ဆွမ်းအလှူလေးကိုတော့ ညီနန္ဒမှကသူကိုယ်တိုင်ပြုလုပ်ရောင်းချတဲ့ ကိုနန္ဒထောပတ်ထမင်းနဲ့ အရသာရှိလှတဲ့အဟာရကြက်ဥပေါင်းတို့ကို ကပ်လှူခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ ညီနန္ဒရဲ့ ဆွမ်းကပ်လှူဒါန်းတဲ့ ဆွမ်းကပ် အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Htoo Khant Kyaw

(ZAWGYI)








Source – Htoo Khant Kyaw