အမေကဘယ်သူ၊ သမီးတွေကဘယ်သူဆိုတာ ဝေခွဲမရဖြစ်စေခဲ့သည့် အမျိုးသမီးများ

အမေကဘယ်သူ၊ သမီးတွေကဘယ်သူဆိုတာ ဝေခွဲမရဖြစ်စေခဲ့သည့် အမျိုးသမီးများ

မကြာသေးမီက ဆိုဖာပေါ်တွင်အတူထိုင်နေခဲ့တဲ့အမျိုးသမီးသုံးဦးရဲ့ဓာတ်ပုံတစ်ပုံဟာ ၎င်းတို့ရဲ့အလှအပကို အာရုံစိုက်စေရုံသာမက ၎င်းတို့ဟာ သူငယ်ချင်းများမဟုတ်ကြဘဲ

အမေနှင့်သမီးနှစ်ယောက်ဖြစ်နေတဲ့၎င်းတို့အချင်းချင်းရဲ့ဆက်ဆံရေးကြောင့် လူအများအား ပို၍အာရုံစိုက်သွားစေခဲ့ပါတယ်။အဆိုပါအမျိုးသမီးသုံးဦးတို့ဟာ netizen များအား အခြားသူများကို

ဘယ်သူကအမေဖြစ်ပြီး ဘယ်သူတွေကသမီးတွေဖြစ်နေလဲဆိုတာကို ဆက်တိုက်မေးမြန်းသွားစေမဲ့ခံစားချက်ကို ဖန်တီးပေးခဲ့ကြပါတယ်။

ပထမတစ်ချက်မှာတော့ လူများစွာဟာ ၎င်းပုံတွင်ပါတဲ့အမျိုးသမီးသုံးဦးက ညီအစ်မများဖြစ်တယ်လို့ ထင်ခဲ့ကြပြီး ၎င်းတို့ရဲ့အလှတရားကိုသာ ချီးမွမ်းနေခဲ့ကြပါတယ်။၎င်းဓာတ်ပုံကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ

လူအချို့က အလယ်မှာရှိတဲ့အမျိုးသမီးက သူမရဲ့ရင့်ကျက်တဲ့အလှကြောင့် မိခင်ဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။အချို့ကလည်း လက်ဝဲဘက်ကအမျိုးသမီးဟာ မိခင်ဖြစ်လိမ့်မယ်ဟုလည်း ပြောခဲ့ကြသလို အချို့ကလည်း

မိတ်ကပ်ပါးပါးလေးဘဲလိမ်းထားတဲ့ညာဘက်ကအမျိုးသမီးကသာ မိခင်ဖြစ်လိမ့်မယ်ဟုလည်း ထင်မြင်ပြောဆိုခဲ့ကြပါတယ်။နောက်ဆုံးမှာ ညာဘက်ရှိမိတ်ကပ်ပါးပါးလေးလိမ်းထားတဲ့အမျိုးသမီးက မိခင်ဖြစ်နေခဲ့ပါတယ်။

အဖြေကိုထုတ်ဖော်ပြခဲ့ပြီးတဲ့နောက်မှာ လူအများစုက သူမက အမေဖြစ်ပြီး အခြားနှစ်ယောက်တို့က သူမရဲ့သမီးတွေဆိုတာကို မယုံမကြည်နိုင်ဖြစ်ခဲ့ကြရပါတယ်။၎င်းတို့သားအမိသုံးယောက်တို့ဟာ

သူငယ်ချင်းတွေနဲ့အတူတူ အပြင်ထွက်နေကြတဲ့ပုံနှင့်သာ တူနေပါတယ်။ဒီအမေနှင့်သမီးတို့အုပ်စုအပြင် သူမက အတိတ်မှာ ပိတ်မိနေပြီး ထာဝရနုပျိုနေပုံရတဲ့အမေတစ်ယောက်လည်း ထပ်ရှိနေပါသေးတယ်။

နောက်ထပ်သောဒီဓာတ်ပုံထဲမှာတော့ ဆံပင်အတိုလေးနဲ့လှပနေကြတဲ့အမျိုးသမီးသုံးဦးတို့ထဲမှ ဘယ်သူကအမေဖြစ်ပြီး ဘယ်သူတွေကသမီးတွေဖြစ်နေတာကို ခန့်မှန်းကြည့်ကြည့်ကြပါအုံး။

အဖြေမှန်ကတော့ စိမ်းပြာရောင်ဆံပင်အရောင်ဆိုးထားတဲ့အမျိုးသမီးက အမေဖြစ်ပြီး အလယ်တစ်ယောက်က သူမရဲ့သမီးငယ်ဖြစ်ပြီး ဘယ်ဘက်ကတော့ သူမရဲ့သမီးကြီးတို့ဘဲ ဖြစ်ပါတယ်။

သူမအား သမီးဖြစ်သူတို့ရဲ့အမေအစား ၎င်းတို့ရဲ့သူငယ်ချင်းနဲ့သာ တူနေပါတယ်။ဒီမိခင်တို့ဟာ သူတို့ကိုယ်သူတို့ အရမ်းဂရုစိုက်တတ်ပြီး ကလေးတွေကိုလည်း ကောင်းကောင်းပြုစုပျိုးထောင်နိုင်တဲ့ superwomen တွေဘဲလို့ဆိုနိုင်ပါတယ်ဗျာ။

Crd-Original Post

(ZAWGYI)








Crd-Original Post