CDMမြန်မာသံအရာရှိ၂ဦးနေရာတွင် အစားထိုးခွင့်ပြုလိုက်သည့်အပေါ် ဂျပန်အစိုးရကိုဆန္ဒပြ

CDMမြန်မာသံအရာရှိ၂ဦးနေရာတွင် အစားထိုးခွင့်ပြုလိုက်သည့်အပေါ် ဂျပန်အစိုးရကိုဆန္ဒပြ

တိုကျိုမြန်မာသံရုံးက CDMမြန်မာသံအရာရှိ၂ယောက်ရဲ့နေရာမှာ စ.စ်ကောင်စီခန့် ဝန်ထမ်း၂ယောက်နဲ့

အစားထိုးခွင့်ပြုလိုက်တဲ့အပေါ် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့မှာ စက်တင်ဘာ ၃၀ရက်က က.န့်က.ွက်ဆန္ဒပြခဲ့ကြပါတယ်။

သံရုံးဝန်ထမ်း ၂ယောက် CDMဝင်ထားတာသိလျက်နဲ့ ဂျပန်အစိုးရက အကြ.မ်းဖက်မြန်မာစ.စ်ကောင်စီခန့်တဲ့သူတွေကို ထုတ်ပေးပြီး အစားထိုးခွင့်ပြုလိုက်တာက မြန်မာပြည်သူတွေရဲ့ဆန္ဒကို မလေးစားတာ ဂရုမစိုက်တာဖြစ်နေလို့

အခုလို လာရောက်ဆန္ဒပြတာလို့ ဂျပန်ရောက် ချင်းတိုင်းရင်းသား ကိုလျန်ကျဲအိုက ပြောပါတယ်။ဂျပန်အစိုးရအနေနဲ့ မြန်မာစ.စ်ကောင်စီက မတ်လ ၁၅ ရက် ရက်စွဲနဲ့ ရာထူးထ.ုတ်ပ.ယ်ကြောင်း ကြေညာထားတဲ့

CDMသံအရာရှိနှစ်ယောက်ရဲ့ သံတမန်ရာထူးအဆင့်အတန်းကို ဆက်လက်အသိအမှတ်ပြုကြောင်းနဲ့ အာဏာသ.ိမ်းမြန်မာစ.စ်အုပ်စုမှစေလွှတ်သူတွေကို

လက်မခံကြောင်း ဩဂုတ် ၁ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောဆိုခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြထားခဲ့ပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ပလောင်တိုင်းရင်းသားမိုင်ကျော်ဦးက “ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုလူသားချင်းစာနာတဲ့ အထောက်အပံ့အကူအညီတွေ ထောက်ပံ့ခဲ့ပေမဲ့ အခုအချိန်ထိ မြန်မာပြည်သူတွေရဲ့ဆန္ဒ

နိုင်ငံရေးအထောက်အပံ့ဘာတခုမှ ကူညီမဆောင်ရွက်ခဲ့ပါဘူး။ မြန်မာနိုင်ငံအပေါ်ထားတဲ့ နှစ်ဖက်ခွပေါ်လစီကို တော်တော်စ.ိတ်ပ.ျက်စရာဖြစ်နေတယ်”လို့ ပြောပါတယ်။

ဆန္ဒပြပွဲအတွင်း မြန်မာနိုင်ငံသားတွေရဲ့ ဂျပန်အစိုးရထံ ဆန္ဒသဘောထားတောင်းဆိုစာကို လည်းပေးအပ်ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူတဦးက လက်ခံရယူခဲ့ပါတယ်။

တောင်းဆိုစာထဲမှာ NUGအမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဂျပန်အစိုးရအနေနဲ့ အသိအမှတ်ပြု ဆက်ဆံဖို့၊ အကြ.မ်းဖက်မြန်မာစ.စ်ကောင်စီနဲ့ စီးပွားဆက်ဆံမှုတွေရပ်တန့်ဖို့ အပါအဝင်

မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားတွေကို အသိအမှတ်ပြုစေချင်ပြီး လေးစားဆောင်ရွက်ပေးဖို့ ရေးသားထားတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာတာဝန်ခံမစ္စတာမတ်ဆုအိုခထံ စာပေးအပ်ခဲ့သူ

ဦးမြင့်ဆွေကရှင်းပြခဲ့ပါတယ်။ ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား ၂၀၀လောက် လာရောက်ပူးပေါင်းခဲ့ကြပြီး နွေဦးတော်လှ.န်ရေးသူရဲကောင်းတွေကို ဦးညွှတ်ဂုဏ်ပြုပွဲကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

Crd-Original Post

(ZAWGYI)

CDMျမန္မာသံအရာရွိ၂ဦးေနရာတြင္ အစားထိုးခြင့္ျပဳလိုက္သည့္အေပၚ ဂ်ပန္အစိုးရကိုဆႏၵျပ

တိုက်ိဳျမန္မာသံ႐ုံးက CDMျမန္မာသံအရာရွိ၂ေယာက္ရဲ႕ေနရာမွာ စ.စ္ေကာင္စီခန႔္ ဝန္ထမ္း၂ေယာက္နဲ႔

အစားထိုးခြင့္ျပဳလိုက္တဲ့အေပၚ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားေတြက တိုက်ိဳၿမိဳ႕ရွိ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန႐ုံးေရွ႕မွာ စက္တင္ဘာ ၃၀ရက္က က.န႔္က.ြက္ဆႏၵျပခဲ့ၾကပါတယ္။

သံ႐ုံးဝန္ထမ္း ၂ေယာက္ CDMဝင္ထားတာသိလ်က္နဲ႔ ဂ်ပန္အစိုးရက အၾက.မ္းဖက္ျမန္မာစ.စ္ေကာင္စီခန႔္တဲ့သူေတြကို ထုတ္ေပးၿပီး အစားထိုးခြင့္ျပဳလိုက္တာက ျမန္မာျပည္သူေတြရဲ႕ဆႏၵကို မေလးစားတာ

ဂ႐ုမစိုက္တာျဖစ္ေနလို႔အခုလို လာေရာက္ဆႏၵျပတာလို႔ ဂ်ပန္ေရာက္ ခ်င္းတိုင္းရင္းသား ကိုလ်န္က်ဲအိုက ေျပာပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာစ.စ္ေကာင္စီက မတ္လ ၁၅ ရက္ ရက္စြဲနဲ႔ ရာထူးထ.ုတ္ပ.ယ္ေၾကာင္း ေၾကညာထားတဲ့

CDMသံအရာရွိႏွစ္ေယာက္ရဲ႕ သံတမန္ရာထူးအဆင့္အတန္းကို ဆက္လက္အသိအမွတ္ျပဳေၾကာင္းနဲ႔ အာဏာသ.ိမ္းျမန္မာစ.စ္အုပ္စုမွေစလႊတ္သူေတြကို

လက္မခံေၾကာင္း ဩဂုတ္ ၁ရက္က ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကေျပာဆိုခဲ့ေၾကာင္း က်ိဳဒိုသတင္းဌာနက ေဖာ္ျပထားခဲ့ပါတယ္။

ဆႏၵျပပြဲဦးေဆာင္သူတဦးျဖစ္တဲ့ ပေလာင္တိုင္းရင္းသားမိုင္ေက်ာ္ဦးက “ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကိုလူသားခ်င္းစာနာတဲ့ အေထာက္အပံ့အကူအညီေတြ ေထာက္ပံ့ခဲ့ေပမဲ့ အခုအခ်ိန္ထိ ျမန္မာျပည္သူေတြရဲ႕ဆႏၵ

ႏိုင္ငံေရးအေထာက္အပံ့ဘာတခုမွ ကူညီမေဆာင္႐ြက္ခဲ့ပါဘူး။ ျမန္မာႏိုင္ငံအေပၚထားတဲ့ ႏွစ္ဖက္ခြေပၚလစီကို ေတာ္ေတာ္စ.ိတ္ပ.်က္စရာျဖစ္ေနတယ္”လို႔ ေျပာပါတယ္။

ဆႏၵျပပြဲအတြင္း ျမန္မာႏိုင္ငံသားေတြရဲ႕ ဂ်ပန္အစိုးရထံ ဆႏၵသေဘာထားေတာင္းဆိုစာကို လည္းေပးအပ္ခဲ့ရာမွာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတာဝန္ရွိသူတဦးက လက္ခံရယူခဲ့ပါတယ္။

ေတာင္းဆိုစာထဲမွာ NUGအမ်ိဳးသားညီၫြတ္ေရးအစိုးရကိုသာ ဂ်ပန္အစိုးရအေနနဲ႔ အသိအမွတ္ျပဳ ဆက္ဆံဖို႔၊ အၾက.မ္းဖက္ျမန္မာစ.စ္ေကာင္စီနဲ႔ စီးပြားဆက္ဆံမႈေတြရပ္တန႔္ဖို႔ အပါအဝင္

ျမန္မာျပည္သူေတြရဲ႕ဆႏၵသေဘာထားေတြကို အသိအမွတ္ျပဳေစခ်င္ၿပီး ေလးစားေဆာင္႐ြက္ေပးဖို႔ ေရးသားထားတယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျမန္မာတာဝန္ခံမစၥတာမတ္ဆုအိုခထံ စာေပးအပ္ခဲ့သူ

ဦးျမင့္ေဆြကရွင္းျပခဲ့ပါတယ္။ ဆႏၵျပပြဲကို ဂ်ပန္ႏိုင္ငံေရာက္ျမန္မာႏိုင္ငံသား ၂၀၀ေလာက္ လာေရာက္ပူးေပါင္းခဲ့ၾကၿပီး ေႏြဦးေတာ္လွ.န္ေရးသူရဲေကာင္းေတြကို ဦးၫႊတ္ဂုဏ္ျပဳပြဲကိုလည္း ျပဳလုပ္ခဲ့ၾကပါေသးတယ္။

Crd-Original Post