အိမ်ခြေ (၁၀၀)စာအတွက် အခြေခံစားသောက်ကုန်တွေထပ်မံလှူဒါန်းပေးလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခိုင်နှင်းဝေကတော့ ဒီနေ့ အောက်တိုဘာလ (၂)ရက်နေ့မှာလည်း အခြေခံစားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးကို ထပ်မံလှူဒါန်း ပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ဒီနေ့အလှူလေးမှာ အိမ်ခြေ (၁၀၀)စာအတွက်ကို နေရာ(၂)နေရာခွဲပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အခြေခံ စားသောက်ကုန်များကို (၂)နေရာခွဲပြီး အိမ်ခြေ (၁၀၀) စာ လှူဒါန်းပေးဖြစ်ခဲ့ပါတယ်။

မြင်တွေ့ ကြားသိတဲ့ ခုနှစ်ရက် သားသမီးများ အားလုံး ဤ ကုသိုလ်တို့အား သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်” ဆိုပြီး အလှူလေးကို (၇)ရက်သားသမီးတွေ သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်လေးတွေကိုပါ မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးတွေလည်း ခိုင်နှင်းဝေရဲ့ စားသောက်ကုန်လှူဒါန်းတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

(ZWAGYI)





Source – Khine Hnin Wai