လျှပ်စစ်ထုတ်လုပ်ရေးအတွက် သံလွင်မြစ်နှင့် ကျောက်မီးသွေးတို့ကို အသုံးချဖို့ မင်းအောင်လှိုင် ပြော

လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် ရှမ်းပြည်နယ်အတွင်း

သဘာဝအရင်းအမြစ်များစွာရှိရာ သံလွင်မြစ်မှ ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးကိုအသုံးပြု၍ လျှပ်စစ်ထုတ်ယူလို့ရကြောင်း မြန်မာ့အာ.ဏာသ.ိမ်းစ.စ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။ မနေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကိုရောက်နေသည့် မင်းအောင်လှိုင်က

စ.စ်ကောင်စီခန့်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်နိုင်သည့် သံလွင်မြစ်နှင့် အခြားအရင်းအမြစ်များစွာ

ရှိကြောင်းနှင့် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးအသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျအသုံးပြုနိုင်ပါက ပတ်ဝန်းကျင်ထ.ိခ.ိုက်မှုကိုနည်းပါးစေပြီး လျှပ်စစ်ဓါတ်အားထုတ်ယူ၍ ရကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင်ပြောခဲ့သည့်

အထက်ပါ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနည်းလမ်းနှစ်ခုသည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဒေသခံများအစဉ်က.န့်က.ွက်ခဲ့သော လုပ်ငန်းကြီးနှစ်ခုဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်က တ.ရု.တ်နှင့်ပေါင်း၍ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ခု

တည်ဆောက်ရန်လျာထားခဲ့ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ရှမ်း၊ကယားနှင့် ကရင်ဒေသခံပြည်သူများက အပြ.င်းအထ.န်က.န့်က.ွက်ခဲ့သည်။ သံလွင်မြစ်၏သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပ.ျက်စီ.းစေခြင်း၊ မြစ်ကြောင်းတစ်လျှောက်နေထိုင်သည့်ပြည်သူများလည်း

ဒု.က္ခရောက်နိုင်ခြင်းတို့ကြောင့် သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းကိုရပ်တန့်ရန် ရှမ်း၊ကယားနှင့် ကရင်ပြည်နယ်ရှိ မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ယက်များအပါအဝင် နိုင်ငံရေးအဖွဲ့အစည်းပေါင်း၁၃၀ကျော်က လက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း မီဒီယာများကဖော်ပြထားသည်။

ထို့ပြင် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း မြန်မာပြည်သူများအစဉ် က.န့်က.ွက်နေသည့်လုပ်ငန်းကြီးဖြစ်သည်။

စီမံကိန်းနေရာအနီးတစ်ဝိုက်ရှိ လေထုနှင့်ရေထုည.စ်ည.မ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်အရေ လေ့လာစောင့်ကြည့်သူများနှင့်

ဒေသခံပြည်သူများ က.န့်က.ွက်နေသည့လုပ်ငန်းများလည်းဖြစ်သည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ် ပင်လောင်းမြို့မှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ကရင်ပြည်နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးအသုံးချ လျှပ်စစ်ဓါတ်အားထုတ်လုပ်လည်ပတ်မှု၊

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် MCဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးအသုံးချ လျှပ်စစ်ဓါတ်အားထုတ်လုပ်ပြီး လုပ်ငန်းလည်ပတ်နေမှုများသည် ဒေသခံပြည်သူများ၏က.န့်က.ွက်မှုနှင့် အစဉ်တစ်စိုက်ကြုံတွေ့ခဲ့သည့်လုပ်ငန်းများဖြစ်သည်။

Crd-Original Post