မိုးရေထဲမှာ ပင်ပင်ပန်းပန်း ဈေးရောင်းကာ ရုန်းကန် ရှာဖွေ လုပ်စားနေရတဲ့ အဘတစ်ဦးကို မကြည့်ရက်တာကြောင့် ကူညီမှုတွေ ပေးခဲ့တဲ့ မိုးစက်

မိုးရေထဲမှာ ပင်ပင်ပန်းပန်း ဈေးရောင်းကာ ရုန်းကန် ရှာဖွေ လုပ်စားနေရတဲ့ အဘတစ်ဦးကို မကြည့်ရက်တာကြောင့် ကူညီမှုတွေ ပေးခဲ့တဲ့ မိုးစက်

လူရွှင်တော်မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့်

ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ အခုလည်း လမ်းမမှာ

မိုးရေထဲ ဈေးရောင်းနေရှာတဲ့ အဘတစ်ဦးကို တွေ့ပြီး မကြည့်ရက်တာကြောင့် မေးမြန်းပြီး ကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

အဘကို ကူညီပေးဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလည်း ” မိုးထဲရေထဲ တရွေ့ရွေ့ နဲ့ အသက် ( ၇၄ ) နှစ်အရွယ် ဘဘကြီးဟာ ဇွဲမလျော့ဘဲ ရပ်ကွက်ထဲမှာ ဈေးပါတ်ရောင်းနေတာပေါ့ဗျာ…။ဘဘရေ ညနေလဲ စောင်းနေပြီ

အိမ်ပြန်တော့နော်” ဆိုတော့…ဆီးချိုတတ်နေလို့ နားထားရတာ ၂ရက်လောက်ရှိပြီ သား…၊

ဒီနေ့မှ ဈေးပြန်ရောင်းတာ ဒါလေးတွေတော့ ရောင်းရမှ ဖြစ်မှာသားရယ် “ဘဘကို ဒီအတိုင်းပြန်မလွတ်ပါဘူး…. သား ဘဘကို ၆သောင်း ကန်တော့လိုက်မယ် ဘဘ ပြန်ဖြစ်အောင် ပြန်နော် ” ရေးသားထားရာ ပရိသတ်ကြီးအတွက်

ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Moe Sat

(ZAWGYI)

မိုးေရထဲမွာ ပင္ပင္ပန္းပန္း ေဈးေရာင္းကာ ႐ုန္းကန္ ရွာေဖြ လုပ္စားေနရတဲ့ အဘတစ္ဦးကို မၾကည့္ရက္တာေၾကာင့္ ကူညီမႈေတြ ေပးခဲ့တဲ့ မိုးစက္

လူ႐ႊင္ေတာ္မိုးစက္ကေတာ့ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။

မိုးစက္က ကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို (၇) ရက္သားသမီး အလႉရွင္မ်ားနဲ႔ အတူ စုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိသူပါ ။

အခုလည္း လမ္းမမွာ မိုးေရထဲ ေဈးေရာင္းေနရွာတဲ့ အဘတစ္ဦးကို ေတြ႕ၿပီး မၾကည့္ရက္တာေၾကာင့္ ေမးျမန္းၿပီး ကူညီမႈေတြ ျပဳလုပ္ခဲ့ပါတယ္ ။

အဘကို ကူညီေပးျဖစ္ခဲ့တဲ့ အေၾကာင္းေတြကိုလည္း ” မိုးထဲေရထဲ တေ႐ြ႕ေ႐ြ႕ နဲ႔ အသက္ ( ၇၄ ) ႏွစ္အ႐ြယ္ ဘဘႀကီးဟာ ဇြဲမေလ်ာ့ဘဲ ရပ္ကြက္ထဲမွာ ေဈးပါတ္ေရာင္းေနတာေပါ့ဗ်ာ…။

ဘဘေရ ညေနလဲ ေစာင္းေနၿပီ အိမ္ျပန္ေတာ့ေနာ္” ဆိုေတာ့…ဆီးခ်ိဳတတ္ေနလို႔ နားထားရတာ ၂ရက္ေလာက္ရွိၿပီ သား…၊ ဒီေန႔မွ ေဈးျပန္ေရာင္းတာ ဒါေလးေတြေတာ့ ေရာင္းရမွ ျဖစ္မွာသားရယ္ “ဘဘကို ဒီအတိုင္းျပန္မလြတ္ပါဘူး…. သား ဘဘကို ၆ေသာင္း ကန္ေတာ့လိုက္မယ္ ဘဘ ျပန္ျဖစ္ေအာင္ ျပန္ေနာ္ ” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Moe Sat