ဘုန်းကြီးကျောင်းက ဆွမ်းကျန်တွေကို စားရပြီး ဘဝကို အတော်လေး ရုန်းကန်နေရတဲ့ လေဖြတ်ဝေဒနာ အမေအိုကြီးအကြောင်းကို ပြောပြလာတဲ့ ဝေဠုကျော်

ခုလို အရာရာ ခက်ခဲ ကျပ်တည်းနေတဲ့ ကာလကြီးမှာ လူတိုင်းကတော့ အဆင်မပြေနေကြပါဘူး ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေ ရှိသလို အလုပ်တောင် မလုပ်နိုင်ရှာတဲ့ မိသားစုတွေဆိုတာ မနည်းပါဘူး ။

အဆင်ပြေသလို ရှာဖွေ စားသောက်ရင်း ဘဝကို ရုန်းကန်နေကြရပါတယ် ။အခုလည်း တောင်ဒဂုံမြို့နယ် ကျည်စုရွာဟောင်း ၊လယ်ကွင်းထဲက တဲလေးမှာ နေထိုင်ကာ လေဖြတ်နေတဲ့ အဖွားအိုတစ်ဦးရဲ့ စိတ်မကောင်းစရာ

အဖြစ်လေးကို ဝေဠုကျော်က ရေးသားဖော်ပြလာပါတယ် ။

အဖွားက လေဖြတ်နေတာကြောင့် သမီးဖြစ်သူက ဝေယျာဝစ္စတွေကိုလုပ်ကိုင်ပေးနေရလို့ အလုပ်လည်း မလုပ်နိုင်ဘူး ဆိုပါတယ် ။

ဒါကြောင့် အားတဲ့ အချိန်မှာ ဘုန်းကြီးကျောင်းကို ပြေးကူညီပေးရင်း ဆွမ်းကျန်တွေကိုသာ စားသောက်ရင်း အသက်ဆက်နေကြရတယ်လို့ ဆိုပါတယ် ။

ဝေဠုကျော်လည်း စာနာစိတ်ဖြင့် စားနပ်ရိက္ခာတွေအပြင် အလှူငွေပါ လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။ ပရိသတ်ကြီး အတွက် ဒီသတင်းလေးကို ဝေမျှပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Wai Lu Kyaw

(ZAWGYI)

ဘုန္းႀကီးေက်ာင္းက ဆြမ္းက်န္ေတြကို စားရၿပီး ဘဝကို အေတာ္ေလး ႐ုန္းကန္ေနရတဲ့ ေလျဖတ္ေဝဒနာ အေမအိုႀကီးအေၾကာင္းကို ေျပာျပလာတဲ့ ေဝဠဳေက်ာ္

ခုလို အရာရာ ခက္ခဲ က်ပ္တည္းေနတဲ့ ကာလႀကီးမွာ လူတိုင္းကေတာ့ အဆင္မေျပေနၾကပါဘူး ။ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ သူေတြ ရွိသလို အလုပ္ေတာင္ မလုပ္ႏိုင္ရွာတဲ့ မိသားစုေတြဆိုတာ မနည္းပါဘူး ။

 


အဆင္ေျပသလို ရွာေဖြ စားေသာက္ရင္း ဘဝကို ႐ုန္းကန္ေနၾကရပါတယ္ ။အခုလည္း ေတာင္ဒဂုံၿမိဳ႕နယ္ က်ည္စု႐ြာေဟာင္း ၊လယ္ကြင္းထဲက တဲေလးမွာ ေနထိုင္ကာ ေလျဖတ္ေနတဲ့ အဖြားအိုတစ္ဦးရဲ႕ စိတ္မေကာင္းစရာ

အျဖစ္ေလးကို ေဝဠဳေက်ာ္က ေရးသားေဖာ္ျပလာပါတယ္ ။

အဖြားက ေလျဖတ္ေနတာေၾကာင့္ သမီးျဖစ္သူက ေဝယ်ာဝစၥေတြကိုလုပ္ကိုင္ေပးေနရလို႔ အလုပ္လည္း မလုပ္ႏိုင္ဘူး ဆိုပါတယ္ ။

ဒါေၾကာင့္ အားတဲ့ အခ်ိန္မွာ ဘုန္းႀကီးေက်ာင္းကို ေျပးကူညီေပးရင္း ဆြမ္းက်န္ေတြကိုသာ စားေသာက္ရင္း အသက္ဆက္ေနၾကရတယ္လို႔ ဆိုပါတယ္ ။

ေဝဠဳေက်ာ္လည္း စာနာစိတ္ျဖင့္ စားနပ္ရိကၡာေတြအျပင္ အလႉေငြပါ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္ ။ ပရိသတ္ႀကီး အတြက္ ဒီသတင္းေလးကို ေဝမွ်ေပးရင္း အားလုံး အဆင္ေျပၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Wai Lu Kyaw