ဂျပန်တော်၀င်မင်းသမီး တော်၀င်အဆင့်အတန်းကိုစွန့်ပြီး အရပ်သားနဲ့လက်ထပ်တော့မယ်

တိုကျို၊ အောက်တိုဘာ-၁-၂၀၂၁
မျိုးဆက် (VOM)

ဂျပန်တော်၀င်မင်းသမီး မာကိုဟာ နှစ်ပေါင်းများစွာအငြင်းပွားမှုတွေပြီးနောက် သူ့ရဲ့တော်၀င်အဆင့်အတန်းကို စွန့်လွှတ်ပြီး အတန်းဖော်ဟောင်း သာမန်အရပ်သားတစ်ဦးနဲ့ ယခုလမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။

အဲဒီလက်ထပ်ပွဲကို အောက်တိုဘာ ၂၆ ရက်မှာပြုလုပ်ဖို့စီစဉ်ထားတယ်လို့ တော်၀င်အိမ်တော်က ထုတ်ပြန်ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ဖို့ စီစဉ်ထားပေမယ့်လည်း

မစ္စတာကိုမူရိုရဲ့ မိသားစုမှာ ငွေရေးကြေးရေးပြသနာနဲ့ရင်ဆိုင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဖျက်သိမ်းခဲ့ပါတယ်။

သူတို့စုံတွဲဟာ လက်ထပ်ပြီးနောက် မစ္စတာကိုမူရိုရှေ့နေအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ဖွယ်ရှိပါတယ်။

ဂျပန်ဥပဒေအရ ဧကရာဇ်မိသားစုမှ အမျိုးသမီးတစ်ဦးဟာ သာမန်အရပ်သားတစ်ဦှးနဲ့ လက်ထပ်မယ်ဆိုရင်သူ့ရဲ့ တော်၀င်အဆင့်အတန်းကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်ပါတယ်။

မင်းသမီးမာကိုနဲ့ မစ္စတာကိုမူရိုတို့ဟာ တိုကျိုရှိနိုင်ငံတကာခရစ်ယာန်တက္ကသိုလ်မှာ ပညာသင်ကြားရင်းတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

(ZAWGYI)

ဂ်ပန္ေတာ္၀င္မင္းသမီး ေတာ္၀င္အဆင့္အတန္းကိုစြန္႔ၿပီး အရပ္သားနဲ႔လက္ထပ္ေတာ့မယ္

တိုက်ိဳ၊ ေအာက္တိုဘာ-၁-၂၀၂၁
မ်ိဳးဆက္ (VOM)

ဂ်ပန္ေတာ္၀င္မင္းသမီး မာကိုဟာ ႏွစ္ေပါင္းမ်ားစြာအျငင္းပြားမႈေတြၿပီးေနာက္ သူ႔ရဲ႕ေတာ္၀င္အဆင့္အတန္းကို စြန္႔လႊတ္ၿပီး အတန္းေဖာ္ေဟာင္း သာမန္အရပ္သားတစ္ဦးနဲ႔ ယခုလမွာ လက္ထပ္ေတာ့မွာျဖစ္ပါတယ္။

အဲဒီလက္ထပ္ပြဲကို ေအာက္တိုဘာ ၂၆ ရက္မွာျပဳလုပ္ဖို႔စီစဥ္ထားတယ္လို႔ ေတာ္၀င္အိမ္ေတာ္က ထုတ္ျပန္ပါတယ္။

သူတို႔စုံတြဲဟာ ၂၀၁၈ ခုႏွစ္မွာ လက္ထပ္ဖို႔ စီစဥ္ထားေပမယ့္လည္း မစၥတာကိုမူ႐ိုရဲ႕ မိသားစုမွာ ေငြေရးေၾကးေရးျပသနာနဲ႔ရင္ဆိုင္ခဲ့ရေၾကာင္း သတင္းမ်ားထြက္ေပၚၿပီးေနာက္ ဖ်က္သိမ္းခဲ့ပါတယ္။

သူတို႔စုံတြဲဟာ လက္ထပ္ၿပီးေနာက္ မစၥတာကိုမူ႐ိုေရွ႕ေနအျဖစ္ အလုပ္လုပ္ကိုင္ေနတဲ့ အေမရိကန္ကို ေျပာင္းေ႐ႊ႕ေနထိုင္ဖြယ္ရွိပါတယ္။

ဂ်ပန္ဥပေဒအရ ဧကရာဇ္မိသားစုမွ အမ်ိဳးသမီးတစ္ဦးဟာ သာမန္အရပ္သားတစ္ဦွးနဲ႔ လက္ထပ္မယ္ဆိုရင္သူ႔ရဲ႕ ေတာ္၀င္အဆင့္အတန္းကို လက္လႊတ္ဆုံးရႈံးရမွာျဖစ္ပါတယ္။

မင္းသမီးမာကိုနဲ႔ မစၥတာကိုမူ႐ိုတို႔ဟာ တိုက်ိဳရွိႏိုင္ငံတကာခရစ္ယာန္တကၠသိုလ္မွာ ပညာသင္ၾကားရင္းေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ေစ့စပ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #တိုက်ိဳ