မြန်မာ့ဂုဏ်ဆောင် အပြေးမယ် တစ်ဦးရဲ့ နောက်ဆုံးခရီး

နိုင်ငံတကာပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၃၀ခု ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့ တဲ့ အပြေးမယ် တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ထွေးက စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်ခင်ထွေးသည် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ဆု ၁၀ ရယူကာ နိုင်ငံဂုဏ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒေါ်ခင်ခင်ထွေးသည် အသည်းကင်ဆာရောဂါဖြင့် စက်တင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီ ၂၅ မိနစ်က ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ယနေ့ နေ့လယ်ပိုင်းက ရေဝေး သုဿာန်မှာ သင်္ဂြိုလ်ခဲ့ တာဖြစ်တယ်လို့ ဒေါ်ခင်ခင်ထွေးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဒေါ်ခင်ခင်ထွေသည် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ၇ ကြိမ်အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ခုအထိရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်းစုံတွင် ရွှေတံဆိပ် ၂၈ခုရရှိထားသူဖြစ်ပါတယ်။

အိုလံပစ် အားကစားပွဲတော်တွင်လည်း ၁၉၈၈ခုနှစ် ဆိုလ်းပွဲတော်၊ ၁၉၉၂ ခုနှစ် ဘာစီလိုနာ ပွဲတော်၊ ၁၉၉၆ ခုနှစ် အတ္တလန္တာပွဲတော်တို့တွင်တို့တွင် ၃ကြိမ်ဆက်တိုက် နိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မီတာ ၁၅၀၀နှင့် ၃၀၀၀တို့တွင် စံချိန် တင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
ဒေါ်ခင်ခင်ထွေးသည် ကွယ်လွန်ချိန်တွင် အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပြီး မြန်မာနိုင် ပြေးခုန်ပစ်အဖွဲ့ချုပ်က တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ နာရေးအခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒေါ်ခင်ခင်ထွေးသည် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ရဲ့ တွဲဖက်အတွင်းရေးမှူးတစ်ဦးလည်းဖြစ်ပါတယ်။

Myanmaplatform

(ZAWGYI)

ျမန္မာ့ဂုဏ္ေဆာင္ အေျပးမယ္ တစ္ဦးရဲ႕ ေနာက္ဆုံးခရီး

ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ ေ႐ႊတံဆိပ္ ၃၀ခု ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံအတြက္ ဂုဏ္ေဆာင္ခဲ့ တဲ့ အေျပးမယ္ တစ္ဦးျဖစ္သူ ေဒၚခင္ခင္ေထြးက စက္တင္ဘာ ၃၀ ရက္ေန႔ ညပိုင္းက ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

ေဒၚခင္ခင္ေထြးသည္ အေရွ႕ေတာင္အာရွ ဆီးဂိမ္းၿပိဳင္ပြဲေတြမွာလည္း ျမန္မာႏိုင္ငံ အတြက္ ေ႐ႊတံဆိပ္ဆု ၁၀ ရယူကာ ႏိုင္ငံဂုဏ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

ေဒၚခင္ခင္ေထြးသည္ အသည္းကင္ဆာေရာဂါျဖင့္ စက္တင္ဘာ ၃၀ ရက္ေန႔ ည ၁၁ နာရီ ၂၅ မိနစ္က ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

က်န္ရစ္တဲ့ ႐ုပ္အေလာင္းကိုေတာ့ ယေန႔ ေန႔လယ္ပိုင္းက ေရေဝး သုႆာန္မွာ သၿဂႋဳလ္ခဲ့ တာျဖစ္တယ္လို႔ ေဒၚခင္ခင္ေထြးနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြက ေျပာပါတယ္။
ေဒၚခင္ခင္ေထြသည္ အေရွ႕ေတာင္အာရွ ဆီးဂိမ္း ၿပိဳင္ပြဲကို ၇ ႀကိမ္အထိ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သလို အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္ ၁၀ခုအထိရယူေပးႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲေပါင္းစုံတြင္ ေ႐ႊတံဆိပ္ ၂၈ခုရရွိထားသူျဖစ္ပါတယ္။

အိုလံပစ္ အားကစားပြဲေတာ္တြင္လည္း ၁၉၈၈ခုႏွစ္ ဆိုလ္းပြဲေတာ္၊ ၁၉၉၂ ခုႏွစ္ ဘာစီလိုနာ ပြဲေတာ္၊ ၁၉၉၆ ခုႏွစ္ အတၱလႏၲာပြဲေတာ္တို႔တြင္တို႔တြင္ ၃ႀကိမ္ဆက္တိုက္ ႏိုင္ငံ ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး မီတာ ၁၅၀၀ႏွင့္ ၃၀၀၀တို႔တြင္ စံခ်ိန္ တင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
ေဒၚခင္ခင္ေထြးသည္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၄ ႏွစ္ရွိၿပီ ျဖစ္ၿပီး ျမန္မာႏိုင္ ေျပးခုန္ပစ္အဖြဲ႕ခ်ဳပ္က တိုင္းျပည္အတြက္ နစ္နာဆုံးရႈံးမႈတစ္ခုျဖစ္တယ္လို႔ နာေရးအခမ္းအနားမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ေဒၚခင္ခင္ေထြးသည္ ျမန္မာႏိုင္ငံ ေျပးခုန္ပစ္အဖြဲ႕ခ်ဳပ္ရဲ႕ တြဲဖက္အတြင္းေရးမႉးတစ္ဦးလည္းျဖစ္ပါတယ္။

Myanmaplatform