မြန်မာလူမျိုးတွေကို ကိုရီးယားဘာသာစကား သင်ကြားပေးမယ်ဆိုတဲ့ ကိုရီးယားမော်ဒယ် “လီဆိုဟို”

မြန်မာလူမျိုးတွေကို ကိုရီးယားဘာသာစကား သင်ကြားပေးမယ်ဆိုတဲ့ ကိုရီးယားမော်ဒယ် “လီဆိုဟို”

ကိုရီးယားမော်ဒယ် လီဆိုဟိုကတော့ မြန်မာ့အရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီနေတဲ့က ကိုးရီးယားလူမျိုးတစ်ဦးပဲ ဖြစ်ပါတယ်။ လီဆိုဟိုက မြန်မာပြည်သူပြည်သားတွေကို အားတင်းထားဖို့ နဲ့ သူလဲ အကောင်းဆုံးကြိုးစားပေးနေကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ

အမြဲရေးသားပြီး အားပေးလေ့ရှိပါတယ်။

လီဆိုဟိုက မြန်မာနိုင်ငံအတွက် တက်စွမ်းသမျှကူညီပေးနေတဲ့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း တော်တော်များများသိထားတာကြောင့် မြန်မာပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတာဖြစ်ပါတယ်။ မြန်မာလူမျိုးတွေ

လက်ဆောင်ပေးတဲ့ ပုဆိုးနဲ့ တိုက်ပုံအကျီကိုလည်း တမြတ်တနိုးဝတ်ဆင်ပြီး သူရဲ့ လူမှုကွန်ယက်ပေါ်မှာလည်း ဂုဏ်ယူစွာ ဖော်ပြထားပါသေးတယ်။ လီဆိုဟိုက အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အတွက် တရားဝင်အလှူခံခွင့် လက်မှတ်ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။

“Bridge Of Peace To Myanmar၊ BOPTM ရဲ့ ခေါင်းဆောင်လီဆောဟိုဖြစ်ပါတယ်၊

ဒီနေ့အတွက် သတင်းကောင်းလေးကြေငြာချင်ပါတယ်၊ ကျွန်တော်တို့ Bridge Of Peace To Myanmar၊ BOPTM အဖွဲ့က National Unity Government Of Myanmar ရဲ့အသိမှတ်ပြု CRPH ၊Official Fundraiser Certificate ကို ရရှိခဲ့ပါပြီဖြစ်ပါတယ်။ Korea နိုင်ငံမှာလည်း Korea Government ရဲ့

အသိအမှတ်ပြု တရားဝင်အဖွဲ့စည်းအဖြစ် မှတ်ပုံတင်ပြီး တရားဝင် Certificate ကိုရရှိခဲ့ပါပြီ” ဆိုပြီးတော့ သူရဲ့ လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်။ အခုလည်း မြန်မာလူမျိုးတွေဟာကိုရီးယားဘာသာစကားကိုသင်ယူရတာ နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။

ဒါကြောင့် Korea စာသင်ယူခြင်းနဲ့ ပတ်သက်တဲ့ပျော်ရွှင်စရာ ဗီဒီယိုတွေကို ဖန်တီးဖို့စိတ်ကူး တစ်ခုရခဲ့တယ်။

သူအားတဲ့အချိန်မှာ Videoလေးတွေနဲ့လုပ်ပေးမယ်။ သူနဲ့အတူ သူ့ Instagram မှာ ကိုရီးယားစာ လေ့လာရအောင်ဆိုပြီး ပြောထားပါတယ်။ လီဆိုဟိုက မြန်မာ့နွေဦးတော်လှန်ရေးစဖြစ်ကတည်းက မြန်မာပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဆန္ဒပြတဲ့ပွဲတွေ၊ ဟောပြောပွဲတွေမှာလည်း အမြဲပါဝင်ပြီး မြန်မာ့အရေးကို ကမ္ဘာကသိအောင် ကြိုးစားပေးနေသူလည်းဖြစ်ပါတယ်။

Credit-Original Post

(ZAWGYI)

ျမန္မာလူမ်ိဳးေတြကို ကိုရီးယားဘာသာစကား သင္ၾကားေပးမယ္ဆိုတဲ့ ကိုရီးယားေမာ္ဒယ္ “လီဆိုဟို”

ကိုရီးယားေမာ္ဒယ္ လီဆိုဟိုကေတာ့ ျမန္မာ့အေရးမွာ တစ္ဖက္တစ္လမ္းကေန ပါဝင္ကူညီေနတဲ့က ကိုးရီးယားလူမ်ိဳးတစ္ဦးပဲ ျဖစ္ပါတယ္။ လီဆိုဟိုက ျမန္မာျပည္သူျပည္သားေတြကို အားတင္းထားဖို႔ နဲ႔ သူလဲ အေကာင္းဆုံးႀကိဳးစားေပးေနေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္ေပၚမွာ

အၿမဲေရးသားၿပီး အားေပးေလ့ရွိပါတယ္။

လီဆိုဟိုက ျမန္မာႏိုင္ငံအတြက္ တက္စြမ္းသမွ်ကူညီေပးေနတဲ့အျပင္ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈေတြကိုလည္း ေတာ္ေတာ္မ်ားမ်ားသိထားတာေၾကာင့္ ျမန္မာပရိသတ္ေတြကလည္း တစ္ခဲနက္ အားေပးၾကတာျဖစ္ပါတယ္။ ျမန္မာလူမ်ိဳးေတြ

လက္ေဆာင္ေပးတဲ့ ပုဆိုးနဲ႔ တိုက္ပုံအက်ီကိုလည္း တျမတ္တႏိုးဝတ္ဆင္ၿပီး သူရဲ႕ လူမႈကြန္ယက္ေပၚမွာလည္း ဂုဏ္ယူစြာ ေဖာ္ျပထားပါေသးတယ္။ လီဆိုဟိုက အမ်ိဳးသားညီၫႊတ္ေရးအစိုးရ ( NUG) အတြက္ တရားဝင္အလႉခံခြင့္ လက္မွတ္ရရွိထားတဲ့သူလည္း ျဖစ္ပါတယ္။

“Bridge Of Peace To Myanmar၊ BOPTM ရဲ႕ ေခါင္းေဆာင္လီေဆာဟိုျဖစ္ပါတယ္၊

ဒီေန႔အတြက္ သတင္းေကာင္းေလးေၾကျငာခ်င္ပါတယ္၊ ကြၽန္ေတာ္တို႔ Bridge Of Peace To Myanmar၊ BOPTM အဖြဲ႕က National Unity Government Of Myanmar ရဲ႕အသိမွတ္ျပဳ CRPH ၊Official Fundraiser Certificate ကို ရရွိခဲ့ပါၿပီျဖစ္ပါတယ္။ Korea ႏိုင္ငံမွာလည္း Korea Government ရဲ႕

အသိအမွတ္ျပဳ တရားဝင္အဖြဲ႕စည္းအျဖစ္ မွတ္ပုံတင္ၿပီး တရားဝင္ Certificate ကိုရရွိခဲ့ပါၿပီ” ဆိုၿပီးေတာ့ သူရဲ႕ လူမႈကြန္ယက္ထက္မွာေရးသားေဖာ္ျပထားပါတယ္။ အခုလည္း ျမန္မာလူမ်ိဳးေတြဟာကိုရီးယားဘာသာစကားကိုသင္ယူရတာ ႏွစ္သက္လိမ့္မယ္လို႔ထင္ပါတယ္။

ဒါေၾကာင့္ Korea စာသင္ယူျခင္းနဲ႔ ပတ္သက္တဲ့ေပ်ာ္႐ႊင္စရာ ဗီဒီယိုေတြကို ဖန္တီးဖို႔စိတ္ကူး တစ္ခုရခဲ့တယ္။

သူအားတဲ့အခ်ိန္မွာ Videoေလးေတြနဲ႔လုပ္ေပးမယ္။ သူနဲ႔အတူ သူ႔ Instagram မွာ ကိုရီးယားစာ ေလ့လာရေအာင္ဆိုၿပီး ေျပာထားပါတယ္။ လီဆိုဟိုက ျမန္မာ့ေႏြဦးေတာ္လွန္ေရးစျဖစ္ကတည္းက ျမန္မာျပည္သူေတြနဲ႔အတူ အမွန္တရားဘက္က ရပ္တည္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ဆႏၵျပတဲ့ပြဲေတြ၊ ေဟာေျပာပြဲေတြမွာလည္း အၿမဲပါဝင္ၿပီး ျမန္မာ့အေရးကို ကမာၻကသိေအာင္ ႀကိဳးစားေပးေနသူလည္းျဖစ္ပါတယ္။

Credit-Original Post