၀မ်းရေးအတွက် ရေခဲထုပ်ရောင်းကာ ရုန်းကန်နေရတဲ့ အဘကို ဝမ်းသာသွားအောင် လုပ်ခဲ့တဲ့ မိုးစက်
၀မ်းရေးအတွက် ရေခဲထုပ်ရောင်းကာ ရုန်းကန်နေရတဲ့ အဘကို ဝမ်းသာသွားအောင် လုပ်ခဲ့တဲ့ မိုးစက်
လူရွှင်တော်မိုးစက်ကတော့ အနုပညာပိုင်းမှာ ပရိသတ်အသိအမှတ်ပြုမှုတွေအပြင် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။
အခုလိုကာလကြီးမှာ ဆင်းရဲနွမ်းပါးပြည်သူတွေအတွက် လိုအပ်တာတွေကို တတ်နိုင်သလောက် ဖေးမကူညီကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ စေတနာရှင်ပြည်သူတွေရဲ့
လှူဒါန်းမှုတွေကို လိုအပ်နေသူတွေအတွက် ပြန်လည်မျှဝေလှူဒါန်းပေးနေတဲ့ မိုးစက်ကတော့ ဒီကနေ့မှာလည်း ရေခဲထုပ်ရောင်းနေတဲ့ အဘကို ဖေးမကူညီခဲ့ပြန်ပါတယ်။
နေပူပူထဲလမ်းတကာလှည့်ပြီး ရေခဲထုပ်ရောင်းကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရရှာတဲ့ အဘကို လှူဒါန်းမှုတွေပြုလုပ်ကာ အံ့ဩဝမ်းသာသွားအောင် လုပ်လိုက်တာ ဖြစ်ပါတယ်။ အသက်အရွယ်ကြီး
နေပေမယ့် မိသားစုဝမ်းရေးအတွက် ရေခဲထုပ်ရောင်းပြီးသမာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေတဲ့ အဘဆီက ရေခဲထုပ်တွေအကုန်ဝယ်ပြီး အလှူငွေတွေလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကြည်နူးပြီး ပျော်စရာအကြောင်းအရာလေးတွေကို မိုးစက်က ပြန်လည်မျှဝေးထားတာပြီး ပီတိအပျော်လေးတွေကလည်း အားလုံးကို ကူးစက်စေပါတယ်နော်။
Credit-Original Post
(ZAWGYI)
Credit-Original Post