ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာအရေးကိုထိရောက်စွာ ကိုင်တွယ်နိူင်ဖို့ မဖြစ်နိူင်သေးဘူးလို့ဆို

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာအရေးကိုထိရောက်စွာ ကိုင်တွယ်နိူင်ဖို့ မဖြစ်နိူင်သေးဘူးလို့ဆို

ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်သေးဘူးဆိုပြီး မြန်မာအရေးအတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စယန်ဟီးလီက သုံးသပ်ပြောဆိုလာပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ တရုတ်နဲ့ရုရှားနိုင်ငံတို့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာပါဝင်နေချိန်မှာ ကုလအနေနဲ့ မြန်မာ့အရေးအတွက် အရေးပါတဲ့ဆောင်ရွက်ချက် ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ ဘီဘီစီမေးမြန်းမှုကို သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

”ဒီလိုမလုပ်နိုင်တာဟာ ကုလသမဂ္ဂအဖွဲ့ကြီးအတွက် ရှက်စရာဖြစ်တယ်။ နောက်ပြီး လုံခြုံရေးကောင်စီအနေနဲ့လည်း ကောင်စီထဲမှာပါနေတဲ့ တရုတ်နဲ့ ရုရှားတို့က ကောင်စီအဖွဲ့ဝင်နိုင်ငံတွေသဘောထားကို အနိုင်ကျင့်သလို လုပ်နေတာမျိုးကို ဒီအတိုင်းလွှတ်ထားတာဟာလည်း ကောင်စီအတွက် ရှက်စရာပဲ”လို့ မစ္စယန်ဟီးလီကပြောပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလအထူးအစီရင်ခံစာတင်သွင်းသူဟောင်း ဖြစ်သလို လက်ရှိမှာ မြန်မာပြည်တွင်းက လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာကိစ္စရပ်တွေအတွက် အထူးအကြံပေးကောင်စီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။

ဒါ့ပြင် CRPH က ဆက်ခန့်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတစ်ယောက် တနင်္လာနေ့က ပြီးစီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ပြီး သူ့နေရာသူထိုင်၊ မိန့်ခွန်းပြောကြားခွင့်မရခဲ့တာဟာလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖြစ်သင့်တဲ့ကိစ္စ ဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့ဖြစ်စဉ်လို့လည်း မစ္စယန်ဟီးလီက ပြောပါတယ်။

စစ်ကောင်စီက ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကို ကိုယ်စားမပြုတော့ဘူးလို့ဆိုပြီး မြန်မာကိုယ်စားလှယ်အသစ်နောက်တစ်ဦးကို ကုလသမဂ္ဂထံ စေလွှတ်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ဟာ ညီလာခံတက်ရောက်ခွင့်မရခဲ့သလို ဦးကျော်မိုးထွန်းလည်း ညီလာခံမှာ မိန့်ခွန်းပြောကြားခွင့်မရခဲ့ပါဘူး။

ဒီအခြေအနေဟာ အမေရိကန်နဲ့ တရုတ်တို့အပြင် မြန်မာအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ အာဆီယံအဖွဲ့နဲ့ ရုရှားနိုင်ငံတို့ကြား နောက်ကွယ်သံခင်းတမန်ခင်းစေ့စပ်ညှိနှိုင်းမှုကနေ ထွက်ပေါ်ခဲ့တာလို့ ဖောရိန်းပေါ်လစီမဂ္ဂဇင်းမှာ ဖော်ပြခဲ့သလို ဦးကျော်မိုးထွန်း ကိုယ်တိုင်ကလည်း သူသိရှိနားလည်ထားတာနဲ့ မဂ္ဂဇင်းမှာဖော်ပြတာ အတူတူပဲဆိုပြီး ဘီဘီစီကို အတည်ပြုထားပါတယ်။

Credit-Original Post

(ZAWGYI)

ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ ျမန္မာအေရးကိုထိေရာက္စြာ ကိုင္တြယ္ႏိူင္ဖို႔ မျဖစ္ႏိူင္ေသးဘူးလို႔ဆို

ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္ေဆာင္႐ြက္ႏိုင္ဖို႔ မျဖစ္ႏိုင္ေသးဘူးဆိုၿပီး ျမန္မာအေရးအတိုင္ပင္ခံေကာင္စီအဖြဲ႕ဝင္တစ္ဦးျဖစ္သူ မစၥယန္ဟီးလီက သုံးသပ္ေျပာဆိုလာပါတယ္။

ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်တဲ့ တ႐ုတ္နဲ႔႐ုရွားႏိုင္ငံတို႔ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာပါဝင္ေနခ်ိန္မွာ ကုလအေနနဲ႔ ျမန္မာ့အေရးအတြက္ အေရးပါတဲ့ေဆာင္႐ြက္ခ်က္ ဘယ္ေလာက္လုပ္ႏိုင္မလဲဆိုတဲ့ ဘီဘီစီေမးျမန္းမႈကို သူက အခုလိုေျပာလိုက္တာျဖစ္ပါတယ္။

”ဒီလိုမလုပ္ႏိုင္တာဟာ ကုလသမဂၢအဖြဲ႕ႀကီးအတြက္ ရွက္စရာျဖစ္တယ္။ ေနာက္ၿပီး လုံၿခဳံေရးေကာင္စီအေနနဲ႔လည္း ေကာင္စီထဲမွာပါေနတဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔က ေကာင္စီအဖြဲ႕ဝင္ႏိုင္ငံေတြသေဘာထားကို အႏိုင္က်င့္သလို လုပ္ေနတာမ်ိဳးကို ဒီအတိုင္းလႊတ္ထားတာဟာလည္း ေကာင္စီအတြက္ ရွက္စရာပဲ”လို႔ မစၥယန္ဟီးလီကေျပာပါတယ္။

မစၥယန္ဟီးလီဟာ ျမန္မာ့လူ႔အခြင့္အေရးဆိုင္ရာကုလအထူးအစီရင္ခံစာတင္သြင္းသူေဟာင္း ျဖစ္သလို လက္ရွိမွာ ျမန္မာျပည္တြင္းက လူ႔အခြင့္အေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီ၊ တရားမွ်တမႈနဲ႔ တာဝန္ယူမႈတာဝန္ခံမႈဆိုင္ရာကိစၥရပ္ေတြအတြက္ အထူးအႀကံေပးေကာင္စီအဖြဲ႕ဝင္လည္းျဖစ္ပါတယ္။

ဒါ့ျပင္ CRPH က ဆက္ခန႔္ထားတဲ့ ကုလသမဂၢဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတစ္ေယာက္ တနလၤာေန႔က ၿပီးစီးခဲ့တဲ့ ကုလသမဂၢအေထြေထြညီလာခံတက္ၿပီး သူ႔ေနရာသူထိုင္၊ မိန႔္ခြန္းေျပာၾကားခြင့္မရခဲ့တာဟာလည္း ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျဖစ္သင့္တဲ့ကိစၥ ျဖစ္ေအာင္ မလုပ္ႏိုင္ခဲ့တဲ့ျဖစ္စဥ္လို႔လည္း မစၥယန္ဟီးလီက ေျပာပါတယ္။

စစ္ေကာင္စီက ဦးေက်ာ္မိုးထြန္းဟာ ျမန္မာႏိုင္ငံကို ကိုယ္စားမျပဳေတာ့ဘူးလို႔ဆိုၿပီး ျမန္မာကိုယ္စားလွယ္အသစ္ေနာက္တစ္ဦးကို ကုလသမဂၢထံ ေစလႊတ္ခဲ့ေပမဲ့ စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ဟာ ညီလာခံတက္ေရာက္ခြင့္မရခဲ့သလို ဦးေက်ာ္မိုးထြန္းလည္း ညီလာခံမွာ မိန႔္ခြန္းေျပာၾကားခြင့္မရခဲ့ပါဘူး။

ဒီအေျခအေနဟာ အေမရိကန္နဲ႔ တ႐ုတ္တို႔အျပင္ ျမန္မာအဖြဲ႕ဝင္အျဖစ္ပါဝင္တဲ့ အာဆီယံအဖြဲ႕နဲ႔ ႐ုရွားႏိုင္ငံတို႔ၾကား ေနာက္ကြယ္သံခင္းတမန္ခင္းေစ့စပ္ညႇိႏႈိင္းမႈကေန ထြက္ေပၚခဲ့တာလို႔ ေဖာရိန္းေပၚလစီမဂၢဇင္းမွာ ေဖာ္ျပခဲ့သလို ဦးေက်ာ္မိုးထြန္း ကိုယ္တိုင္ကလည္း သူသိရွိနားလည္ထားတာနဲ႔ မဂၢဇင္းမွာေဖာ္ျပတာ အတူတူပဲဆိုၿပီး ဘီဘီစီကို အတည္ျပဳထားပါတယ္။

Credit-Original Post