ရန်အောင် ၊ဒါရိုက်တာ မောင်မျိုးမင်းနဲ့ မို့မို့မြင့်အောင် တို့ရဲ့ ကျန်းမာရေး ထောက်ပံ့ငွေများကို ဦးချစ်စရာဆီ သွားရောက်ပေးအပ်ပေးခဲ့တဲ့ ဝေဠုကျော်

ရန်အောင် ၊ဒါရိုက်တာ မောင်မျိုးမင်းနဲ့ မို့မို့မြင့်အောင် တို့ရဲ့ ကျန်းမာရေး ထောက်ပံ့ငွေများကို ဦးချစ်စရာဆီ သွားရောက်ပေးအပ်ပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီး အနုပညာရှင်တွေထဲက သူတွေကိုလည်း လိုအပ်တဲ့ ကူညီစောင့်ရှောက်ပေးမှုတွေကိုလည်း စာနာစိတ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်ပေးနေတာကိုလည်း လေးစားစွာတွေ့ရပါတယ် ။ ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်နေသူမို့ အားလုံးက လေးစားနေကြတာပါ ။

အခုလည်း ဦးချစ်စရာအတွက် ရန်အောင် ၊ဒါရိုက်တာ ဦးမျိုးမင်းနဲ့ မို့မို့မြင့်အောင် တို့က လှူဒါန်းပေးလိုက်တဲ့ ကျန်းမာရေး ထောက်ပံ့ငွေများကို ကိုယ်တိုင်သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ် ။

ဒီလို ကူညီပေးဖြင့်ခဲ့ပုံကိုလည်း ” ကိုရန်အောင် ၊ဒါရိုက်တာ ဦးမျိုးမင်း ၊ အမ မို့မို့မြင့်အောင်တို့ရဲ့ ကူညီထောက်ပံ့ငွေများကို ဦးချစ်စရာ ဆီ သွားပို့ ဂါရဝပြုကန်တော့ရင်း…လူနာမေးအတူလိုက်လာခဲ့တဲ့ အဖေ့ကိုလည်း အသက်အရွယ်အရ ဦးချစ်စရာက လက်အုပ်ချီ၍ ပြန်ကန်တော့ခဲ့ပါတယ်။”

ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – cele Zone

Photo – Wai Lu Kyaw

(ZAWGYII)






Yuan – cele Zone

Photo – Wai Lu Kyaw

Credit-Original Post