ပြီးလုနီးပါးဖြစ်နေပြီဖြစ်တဲ့ ကလေးတွေရဲ့ ခိုနားရာဂေဟာလေးကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပြီးလုနီးပါးဖြစ်နေပြီဖြစ်တဲ့ ကလေးတွေရဲ့ ခိုနားရာဂေဟာလေးကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ မိဘမဲ့ ခိုးကိုးရာမဲ့လူမမယ်ကလေးငယ်လေးတွေကို ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဆိုပြီး ဂေဟာလေးဖွင့်ကာ ပြုစုစောင့်ရှောက်နေခဲ့တာပရိသတ်ကြီးတွေ သိရှိထားပြီးသားအတိုင်းပါပဲ။

ကလေးတွေကို မိခင်အရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေခဲ့တာပါ။ခိုင်နှင်းဝေက ကလေးတွေ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ခိုနားရာလေးတစ်ခုအဖြစ်နဲ့ ဂေဟာတစ်ခုကို

ဖန်တီးတည်ဆောက်နေခဲ့တာကိုလည်း ပရိသတ်တွေကြားသိပြီးသာဖြစ်မယ်ထင်ပါတယ်။

ဂေဟာလေးကတော့ ဆောက်လုပ်နေခဲ့တာ ပြီးလုနီးပါးအထိဖြစ်နေခဲ့ပြီး ဂေဟာအသစ်ကိုကြည့်ကာ ခိုင်နှင်းဝေက ကလေးတွေအတွက်တွေးကာ မျက်ရည်လည်ခဲ့ရတဲ့အထိ ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။

သူကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်နေခဲ့သလို ကလေးတွေကို ချစ်ပြီး လှူဒါန်းပေးကြတဲ့ ပရိသတ်အလှူရှင်တွေလည်း ကြည်နူးပီတိဖြစ်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ကလေးတွေအတွက်တော့ တကယ်ကို ကြည်နူးပီတိဖြစ်ဖွယ်ရာပါပဲနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai