ကိုဗစ်ကူးစက်ခံခဲ့ရတဲ့မိခင်ကြီး ပြန်လည်ကျန်းမာလာအောင်သေချာပြုစုနိုင်ခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေခဲ့တဲ့ နန်းစန္ဒာလှထွန်း

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့မိခင်ကြီး ပြန်လည်ကျန်းမာလာအောင်သေချာပြုစုနိုင်ခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေခဲ့တဲ့ နန်းစန္ဒာလှထွန်း

ပရိသတ်ကြီးရေ ပရိတ်တွေက “ရေဝတီ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပရိသတ်တွေရဲ့အချစ်တော် နန်းစန္ဒာလှထွန်းကတော့ လတ်တလောမှာ သူရဲ့ မိခင်ကြီး ကိုဗစ်ကူးစက်ခံရတဲ့အကြောင်းကို မျှဝေလာခဲ့ပါတယ်။

မိခင်ကြီးကတော့ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ တစ်လခွဲရှိသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော ပြန်လည်ကျန်းမာလာခဲ့ပါပြီတဲ့။နန်းစန္ဒာလှထွန်းက မိခင်ကြီး ကို အနီးကပ် အနားမှာ ဂရုတစိုက်နဲ့ သေသေချာချာပြုစုစောင့်ရှောက်ခွင့်ရခဲ့တဲ့အတွက်

“အခုချိန်ထိအမြဲတမ်း တစ်ခုခုဆို အနားမှာပြုစုခွင့်ရလို့ သမီးကံကောင်းတယ် မားမား။

ဒီနေ့ဆို မားမား Covid ဖြစ်တာ တစ်လခွဲရှိသွားပြီ .. post Covid လက္ခဏာပဲ ကျန်တယ်။

ကျေးဇူးတင်ပါတယ် မားမား ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ရှိနေပေးလို့” ဆိုပြီး ပြန်လည်ကျန်းမာလာတဲ့ မိခင်ကြီးအတွက် ကြည်နူးပီတိဖြစ်နေခဲ့ပါတယ်။

ကူးဗစ်ကူးစက်ခံခဲ့ရတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်ခဲ့ရပေမဲ့ နန်းစန္ဒာလှထွန်းက သေချာ ဂရုတစိုက်နေထိုင်ခဲ့အတွက် သူကတော့ အခုချိန်ထိ ကိုဗစ်ကူးစက်ခံရခြင်းမရှိသေးပါဘူးလို့လည်း စိတ်ပူနေကြတဲ့ ပရိသတ်တွေကို ကျန်းကျန်းမာမာရှိနေကြောင်းကိုပါ မျှဝေထားခဲ့ပါသေးတယ်ပရိသတ်ကြီးရေ။

Source – Nan Sandar Hla Htun

(ZAWGYI)







