ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီပြော

ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီပြော

လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (စက်တင်ဘာ ၃၀ရက်) နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ရွှေဈေးဒေါ်လာဈေးနဲ့ ပတ်သက်ပြီး ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနဲ့ ဖူလုံရေးကို အဓိကထား ဆောင်ရွက်မယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ ပြည်လည်လည်ပတ်ဖို့ ကျဆင်းလာတဲ့ စီးပွားရေးတွေ အဆင်ပြေစွာ စီစစ်လည်ပတ်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအနေနဲ့လည်း

ဆောင်ရွက်လျက်ရှိပါတယ်။”လို့ ၎င်းကပြောပါတယ်။လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေများ ရောင်းပေးတာတွေ ပြည်ပပို့ကုန်ရငွေများ အချိန်မှီပြန်လည်ဝင် ရောက်အောင် ဆောင်ရွက်ပေးတာတွေ ပို့ကုန်ရငွေများ လက်ဝယ်ကိုင်ဆောင်မှုများကို

အချိန်ကာလသတ်မှတ်ခြင်းနဲ့ ပိုကုန်မြင့်တင်ရေး ဆောင်ရွက်ခြင်း နည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။“တစ်ချို့ကပြောကြတယ် ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေဟာ ပြည်တွင်းလိုအပ်ချက်မှာ လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတာ ရှိပါတယ်။

ဒါလည်း အဖြစ်မှန်တစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဖြည့်ဆည်းပေးထားတာကတော့ နိုင်ငံမှာထွက်တဲ့ အခြေခံစားကုန်တွေပါ။ ကျွန်တော်တို့နိုင်ငံမှာ မထွက်တဲ့ ပြည်ပကနေ ဝယ်ယူပေးနေရတဲ့ ဟာကတော့ စက်သုံးဆီ၊ စားသုံးဆီ ဒါတွေနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်ပေးနေပါတယ်။”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ ရေရှည်လုပ်ငန်းစီမံချက်အနေနဲ့ ပြည်တွင်းဆီလုံလောက်ရေး ဆောင်ရွက် နေကြာင်း၊ ရေနံ နဲ့ ဓာတ်ငွေ့များက ပြည်တွင်းဖူလုံရေးအတွက် မဖြစ်နိုင်တာကြောင့် တင်သွင်းနေရဦးမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ တင်သွင်းမှုတွေကိုလည်း နည်းလမ်း ၂လမ်းနဲ့ ဖြေရှင်းဖို့လုပ်နေကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

“ဒေါ်လာဈေးရွှေဈေးနဲ့ ပတ်သက်ပြီးလည်း ပထမလှိုင်းထဲက စီးပွားရေးကျဆင်းမှုတွေ ပြည်တွင်းထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတာ ရှိတယ်။ ဒုတိယလှိုင်းမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပထိုးနှက်ချက်များရှိပါတယ်။

ဘယ်လိုပဲပြောပြော အရင်ကလူတွေကို အပစ်တင်ပြောနေတာထက် မိမိလက်ထက်မှာ ဖြစ်တဲ့အတွက် တာဝန်ယူမှုတာဝန်ခံမှု ရှိရမှာဖြစ်တယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံဖြေရှင်းနိုင်ရေး မဟုတ်ရင်တောင် အကောင်းဆုံး ဖြေရှင်းနိုင်ရေးကို ရှိသမျှအင်အားနဲ့ ဆောင်ရွက်နေတယ်။”လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

PPT

(ZAWGYI)

ေ႐ႊေဈးေဒၚလာေဈးထက္ ႏိုင္ငံသာယာဝေျပာေရးနဲ႔ ဖူလုံေရးကို အဓိကထား ေဆာင္႐ြက္မယ္လို႔ စစ္ေကာင္စီေျပာ

လက္ရွိျဖစ္ေပၚေနတဲ့ ေ႐ႊေဈးေဒၚလာေဈးထက္ ႏိုင္ငံသာယာဝေျပာေရးနဲ႔ ဖူလုံေရးကို အဓိကထား ေဆာင္႐ြက္မယ္လို႔ စစ္ေကာင္စီရဲ႕ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (စက္တင္ဘာ ၃၀ရက္) ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။

“ေ႐ႊေဈးေဒၚလာေဈးနဲ႔ ပတ္သက္ၿပီး ေ႐ႊေဈးေဒၚလာေဈးထက္ ႏိုင္ငံသာယာဝေျပာေရးနဲ႔ ဖူလုံေရးကို အဓိကထား ေဆာင္႐ြက္မယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြ ျပည္လည္လည္ပတ္ဖို႔ က်ဆင္းလာတဲ့ စီးပြားေရးေတြ အဆင္ေျပစြာ စီစစ္လည္ပတ္ႏိုင္ေရးအတြက္ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔လည္း ေဆာင္႐ြက္လ်က္ရွိပါတယ္။”လို႔ ၎ကေျပာပါတယ္။

လက္ရွိမွာ ေဒၚလာေဈး ျမင့္တက္လာမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ကေန ႏိုင္ငံျခားေငြမ်ား ေရာင္းေပးတာေတြ ျပည္ပပို႔ကုန္ရေငြမ်ား အခ်ိန္မွီျပန္လည္ဝင္ ေရာက္ေအာင္ ေဆာင္႐ြက္ေပးတာေတြ ပို႔ကုန္ရေငြမ်ား လက္ဝယ္ကိုင္ေဆာင္မႈမ်ားကို အခ်ိန္ကာလသတ္မွတ္ျခင္းနဲ႔ ပိုကုန္ျမင့္တင္ေရး ေဆာင္႐ြက္ျခင္း နည္းလမ္းေတြနဲ႔ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

“တစ္ခ်ိဳ႕ကေျပာၾကတယ္ ဗဟိုဘဏ္ကေန ထုတ္ေရာင္းေနတဲ့ ေဒၚလာေတြဟာ ျပည္တြင္းလိုအပ္ခ်က္မွာ လိုအပ္သေလာက္ ျဖည့္ဆည္းမေပးႏိုင္ဘူးဆိုတာ ရွိပါတယ္။ ဒါလည္း အျဖစ္မွန္တစ္ခုပါပဲ။ ကြၽန္ေတာ္တို႔အေနနဲ႔ ျဖည့္ဆည္းေပးထားတာကေတာ့ ႏိုင္ငံမွာထြက္တဲ့ အေျခခံစားကုန္ေတြပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မထြက္တဲ့ ျပည္ပကေန ဝယ္ယူေပးေနရတဲ့ ဟာကေတာ့ စက္သုံးဆီ၊ စားသုံးဆီ ဒါေတြနဲ႔ပတ္သက္ၿပီးလည္း ေဆာင္႐ြက္ေပးေနပါတယ္။”လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

လက္ရွိမွာ ေရရွည္လုပ္ငန္းစီမံခ်က္အေနနဲ႔ ျပည္တြင္းဆီလုံေလာက္ေရး ေဆာင္႐ြက္ ေနၾကာင္း၊ ေရနံ နဲ႔ ဓာတ္ေငြ႕မ်ားက ျပည္တြင္းဖူလုံေရးအတြက္ မျဖစ္ႏိုင္တာေၾကာင့္ တင္သြင္းေနရဦးမွာျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔ တင္သြင္းမႈေတြကိုလည္း နည္းလမ္း ၂လမ္းနဲ႔ ေျဖရွင္းဖို႔လုပ္ေနေၾကာင္း ၎က ထပ္ေလာင္းေျပာပါတယ္။

“ေဒၚလာေဈးေ႐ႊေဈးနဲ႔ ပတ္သက္ၿပီးလည္း ပထမလႈိင္းထဲက စီးပြားေရးက်ဆင္းမႈေတြ ျပည္တြင္းထုတ္ကုန္မ်ား ေလ်ာ့နည္းၿပီး ျပည္ပသြင္းကုန္ေတြ မ်ားျပားလာတာ ရွိတယ္။ ဒုတိယလႈိင္းမွာလည္း ဒီလိုပါပဲ။ ဒီၾကားထဲမွာ ျပည္ပထိုးႏွက္ခ်က္မ်ားရွိပါတယ္။ ဘယ္လိုပဲေျပာေျပာ အရင္ကလူေတြကို အပစ္တင္ေျပာေနတာထက္ မိမိလက္ထက္မွာ ျဖစ္တဲ့အတြက္ တာဝန္ယူမႈတာဝန္ခံမႈ ရွိရမွာျဖစ္တယ္။ ႏိုင္ငံေတာ္ အစိုးရအေနနဲ႔ ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ အျပည့္အစုံေျဖရွင္းႏိုင္ေရး မဟုတ္ရင္ေတာင္ အေကာင္းဆုံး ေျဖရွင္းႏိုင္ေရးကို ရွိသမွ်အင္အားနဲ႔ ေဆာင္႐ြက္ေနတယ္။”လို႔ ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ PPT