ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ

ဖားကန့်မှာ အင်တာနက်ကို တစ်နာရီ ၁၀၀၀၀(တစ်သောင်း) ပေးသုံးနေရ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်က ဖုန်းဆိုင်ကြီးအချို့မှာ အင်တာနက်လိုင်းကို (၁)နာရီ တစ်သောင်းနှုန်းနဲ့ သုံးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီဖုန်းဆိုင်ကြီး အချို့မှာ (၁)နာရီ(၁)သောင်းနဲ့သုံးနေရတဲ့အပြင် ဟိုတယ် အချို့မှာလည်း ညလုံးပြတ်(၁)သိန်းနဲ့ သုံးလို့ရတဲ့ နေရာ‌တွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်နာရီတစ်သောင်းနဲ့ ပေးသုံးနေရတယ်။ ဘယ်လိုsystem(စနစ်) စက်တွေနဲ့ သုံးလဲဆိုတာတော့ မသိဘူး။ ဖုန်းဆိုင်ကြီး အချို့မှာပဲရတယ်။ (၂)ဆိုင်(၃)ဆိုင်ပေါ့။ ဟိုတယ်မှာက တစ်ညအပြတ်ဆိုရင် တစ်ည(၁)သိန်းပေါ့။ အဲဒီလို ရတဲ့နေရာလည်း ရှိတယ်။”လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိ အွန်လိုင်းပေါ်ကနေ ဈေးရောင်းသူတွေ၊ စီးပွားရေးသမားတွေ အစရှိသူတွေက အသုံးများနေပြီး အခုလို သုံးနေရတဲ့အပေါ် အထက်ပါ ဒေသခံက “သတင်းအချက်အလက်တွေ ဖြတ်တာတော့ မကောင်းဘူးပေါ့။

ဒါပေမဲ့ မရဘူးဆိုတာထက် အခုလို ရနေတာကတော့ ဘာပဲပြောပြော နည်းနည်းထွက်ပေါက်ရှိတဲ့ သဘောပေါ့။ သုံးတာကတော့ အွန်လိုင်းပေါ်က ဈေးရောင်းတဲ့သူတွေ၊ ကျောက်ရောင်းဝယ်ရေး လုပ်တဲ့သူတွေ အများပိုင်း တွေ့ရပါတယ်။

သုံးတဲ့သူကတော့ တန်အောင် သုံးရတာပေါ့။မရှိတာထက်စာရင်‌တော့ ကောင်းပါတယ်”လို့ သူက ပြောပါတယ်။အခုလို ငွေပေးသုံးနေရတာဟာ ရက်(၂၀)လောက်ရှိနေပြီဖြစ်ပြီး အင်တာနက်လိုင်း အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုလိုတယ်လို့လည်း ဆိုပါတယ်။

ဖားကန့်မြို့နယ်မှာ ဩဂုတ်လ (၂၀) ရက်နေ့ကတည်းက အင်တာနက်လိုင်းတွေ ဖြတ်လိုက်ပြီး လက်ရှိအချိန်ထိ ဖြတ်တောက်ခံထားရဆဲလည်း ဖြစ်ပါတယ်။

NUM

 

ဖားကန႔္မွာ အင္တာနက္ကို တစ္နာရီ ၁၀၀၀၀(တစ္ေသာင္း) ေပးသုံးေနရ

ဖားကန႔္ၿမိဳ႕နယ္၊ ဆိုင္းေတာင္က ဖုန္းဆိုင္ႀကီးအခ်ိဳ႕မွာ အင္တာနက္လိုင္းကို (၁)နာရီ တစ္ေသာင္းႏႈန္းနဲ႔ သုံးေနရတယ္လို႔ ေဒသခံေတြဆီကေန သိရပါတယ္။

အဲဒီဖုန္းဆိုင္ႀကီး အခ်ိဳ႕မွာ (၁)နာရီ(၁)ေသာင္းနဲ႔သုံးေနရတဲ့အျပင္ ဟိုတယ္ အခ်ိဳ႕မွာလည္း ညလုံးျပတ္(၁)သိန္းနဲ႔ သုံးလို႔ရတဲ့ ေနရာ‌ေတြလည္း ရွိတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“တစ္နာရီတစ္ေသာင္းနဲ႔ ေပးသုံးေနရတယ္။ ဘယ္လိုsystem(စနစ္) စက္ေတြနဲ႔ သုံးလဲဆိုတာေတာ့ မသိဘူး။ ဖုန္းဆိုင္ႀကီး အခ်ိဳ႕မွာပဲရတယ္။ (၂)ဆိုင္(၃)ဆိုင္ေပါ့။ ဟိုတယ္မွာက တစ္ညအျပတ္ဆိုရင္ တစ္ည(၁)သိန္းေပါ့။ အဲဒီလို ရတဲ့ေနရာလည္း ရွိတယ္။”လို႔ ေဒသခံက ဆိုပါတယ္။

လက္ရွိ အြန္လိုင္းေပၚကေန ေဈးေရာင္းသူေတြ၊ စီးပြားေရးသမားေတြ အစရွိသူေတြက အသုံးမ်ားေနၿပီး အခုလို သုံးေနရတဲ့အေပၚ အထက္ပါ ေဒသခံက “သတင္းအခ်က္အလက္ေတြ ျဖတ္တာေတာ့ မေကာင္းဘူးေပါ့။ ဒါေပမဲ့ မရဘူးဆိုတာထက္ အခုလို ရေနတာကေတာ့ ဘာပဲေျပာေျပာ နည္းနည္းထြက္ေပါက္ရွိတဲ့ သေဘာေပါ့။ သုံးတာကေတာ့ အြန္လိုင္းေပၚက ေဈးေရာင္းတဲ့သူေတြ၊ ေက်ာက္ေရာင္းဝယ္ေရး လုပ္တဲ့သူေတြ အမ်ားပိုင္း ေတြ႕ရပါတယ္။ သုံးတဲ့သူကေတာ့ တန္ေအာင္ သုံးရတာေပါ့။ မရွိတာထက္စာရင္‌ေတာ့ ေကာင္းပါတယ္”လို႔ သူက ေျပာပါတယ္။

အခုလို ေငြေပးသုံးေနရတာဟာ ရက္(၂၀)ေလာက္ရွိေနၿပီျဖစ္ၿပီး အင္တာနက္လိုင္း အျမန္ဆုံး ျပန္ဖြင့္ေပးဖို႔ကိုလည္း ေတာင္းဆိုလိုတယ္လို႔လည္း ဆိုပါတယ္။

ဖားကန႔္ၿမိဳ႕နယ္မွာ ဩဂုတ္လ (၂၀) ရက္ေန႔ကတည္းက အင္တာနက္လိုင္းေတြ ျဖတ္လိုက္ၿပီး လက္ရွိအခ်ိန္ထိ ျဖတ္ေတာက္ခံထားရဆဲလည္း ျဖစ္ပါတယ္။

NUM