စက်သုံးဆီ စျေးများ အဆမတန် တက်ခြင်းကြောင့် မြင်းစီး၍ နွားနို့ပို့နေသော အမျိုးသား

နောင်ချိုမြို့မှာ မြင်းစီးပြီးတော့ နွားနို့လိုက်ပို့နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံတွေဟာ ဒီကနေ့ လူမှုကွန်ရက်ပေါ်မှာ မျှဝေမှုတွေ များပြားနေခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးနောက်မှာ မြင့်တက်လာတဲ့ ဒေါ်လာစျေးနှုန်းနဲ့အတူ စက်သုံးဆီစျေးနှုန်းတွေဟာလည်း စက်တင်ဘာလ ၂၈ကနေစတင်ပြီး ပြည်သူတွေ လက်လှမ်းမှီနိုင်တဲ့ စျေးနှုန်းထက်ပို ပိုမိုမြင့်တက်ခဲ့ပါတယ်။

စက်သုံးဆီဆိုင်တွေမှာ ပြည်သူအများအသုံးပြုတဲ့ 92.95 ဓာတ်ဆီတွေဟာ ဝယ်မရတဲ့အထိ ဖြစ်သွားပြီး ဆီဆိုင်အချို့ ပိတ်သိမ်းထားရအပြီးမှာ အခုလို မြင်းစီးပြီး နွားနို့ပို့နေတဲ့ အမျိုးသားရဲ့ လုပ်ဆောင်မှုကို ပြည်သူတွေက သဘောကျနေကြပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တွေကို သိမ်းဆည်းကာ စက်ဘီးစီးကြမယ်ဆိုတဲ့ မျှဝေမှုတွေကို လုပ်ဆောင်နေကြချိန်မှာ အခုလို မြစ်စီးပြီး နွားနို့ပို့တဲ့ အမျိုးသားရဲ့ပုံကို လူကြိုက်များနေကြတာပါ။

ဓာတ်ပုံ-နန်းယု

Delta News Agency

(ZAWGYI)

စက္သုံးဆီ ေစ်းမ်ား အဆမတန္ တက္ျခင္းေၾကာင့္ ျမင္းစီး၍ ႏြားႏို႔ပို႔ေနေသာ အမ်ိဳးသား

ေနာင္ခ်ိဳၿမိဳ႕မွာ ျမင္းစီးၿပီးေတာ့ ႏြားႏို႔လိုက္ပို႔ေနတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ ဓာတ္ပုံေတြဟာ ဒီကေန႔ လူမႈကြန္ရက္ေပၚမွာ မွ်ေဝမႈေတြ မ်ားျပားေနခဲ့ပါတယ္။

အၾကမ္းဖက္စစ္အုပ္စု အာဏာသိမ္းၿပီးေနာက္မွာ ျမင့္တက္လာတဲ့ ေဒၚလာေစ်းႏႈန္းနဲ႔အတူ စက္သုံးဆီေစ်းႏႈန္းေတြဟာလည္း စက္တင္ဘာလ ၂၈ကေနစတင္ၿပီး ျပည္သူေတြ လက္လွမ္းမွီႏိုင္တဲ့ ေစ်းႏႈန္းထက္ပို ပိုမိုျမင့္တက္ခဲ့ပါတယ္။

စက္သုံးဆီဆိုင္ေတြမွာ ျပည္သူအမ်ားအသုံးျပဳတဲ့ 92.95 ဓာတ္ဆီေတြဟာ ဝယ္မရတဲ့အထိ ျဖစ္သြားၿပီး ဆီဆိုင္အခ်ိဳ႕ ပိတ္သိမ္းထားရအၿပီးမွာ အခုလို ျမင္းစီးၿပီး ႏြားႏို႔ပို႔ေနတဲ့ အမ်ိဳးသားရဲ႕ လုပ္ေဆာင္မႈကို ျပည္သူေတြက သေဘာက်ေနၾကပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာလည္း ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္ေတြကို သိမ္းဆည္းကာ စက္ဘီးစီးၾကမယ္ဆိုတဲ့ မွ်ေဝမႈေတြကို လုပ္ေဆာင္ေနၾကခ်ိန္မွာ အခုလို ျမစ္စီးၿပီး ႏြားႏို႔ပို႔တဲ့ အမ်ိဳးသားရဲ႕ပုံကို လူႀကိဳက္မ်ားေနၾကတာပါ။

ဓာတ္ပုံ-နန္းယု

Delta News Agency