သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေ၊ အမေရယ် ဘာဖြစ်လို့လဲ ဆရာလေးရယ်လို့ မေးလိုက်တော့

သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေ၊ အမေရယ် ဘာဖြစ်လို့လဲ ဆရာလေးရယ်လို့ မေးလိုက်တော့

” လူထွက်တော့မယ် အဖေရယ် အမေရယ်…ကလင် ကလင် ဖုန်းခေါ်သံလေးကြားပြီးကိုင်လိုက်တော့ ဟဲလို သမီးလား ဟုတ်တယ်အမေ သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေ

ဘာဖြစ်လို့လဲဆရာလေးရယ် အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ပြန်ခဲ့ပါကွယ်…။ဒေါ်တင်မေ တစ်ယောက်အတွေးများစွာနှင့်နေပြီးစဉ်းစားနေတော့တယ်။

မွေးထားတဲ့သားသမီး ၃ ယောက်ထဲမှာ “သမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့်အတူတကွနေတာပေါ့သမီးလေးကို ၁၀ နှစ်အရွယ်တည်းကသီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာဘုရားစာပါဠိတွေကိုသင်ယူစေခဲ့တယ်။

သမီးလေးအဖေကငယ်ငယ်ရွယ်ရွယ်နှင့်အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကိုသနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ် စကားကိုပြောတော့

ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။သမီးလေးကိုတော့ချော့ပြောလိုက်တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရားသမီးလေး

သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေဘုရား ဆိုပြီး ဘုရားရှေ့မှာဆုတောင်းနေပြီးလေ….။ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေးသီလရှင်ပြန်လာမယ့်သတင်း ကြားတော့

ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။သူ့စိတ်ကူးကတော့သမီးလေးကို ဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့…။

ဟော…… သမီးလေးကရောက်လာပြီးအမေ……အမေ ရေလို့အော်ခေါ်ပြေးဖက်ထားပြီးသားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး

ငါ့သမီးလေးအရမ်းပိန်သွားပါလားကွယ် သမီးရယ် စိတ်တွေဘယ်လောက်ဆင်းရဲနေလို့ဟင်း အမေ့ကိုပြောပြပါကွယ်…။အမေရယ်သမီးလူထွက်ချင်တာ အမေ့ကိုသနားလို့ပါ။

အမေမောင်လေးနှစ်ယောက်ကို တစ်ယောက်တည်းလုပ်ကျွေးနေတာသမီးမကြည့်ရက်လို့ပါအမေ။သမီးရယ်အမေကိုထည့်မတွက်ပါနဲ့ သမီးလေးအဆင်ပြေဖို့ကအဓိကပါ အမေကဘာမှမဖြစ်ဘူး….

ကဲ ကဲ သမီးလေးအမေ့တွက်ဆို လူတော့မထွက်ပါနဲ့နော် အမေရယ် သမီးလေးသီလရှင်ဘဝကိုမြတ်နိုးပါတယ် ဒါပေမဲ့လေ အရာရာမှာနိမ့်ကျလွန်းပြီး ဘေးဖယ်ထားတဲ့ သမီးတို့ဘဝကိုကြာလာတော့စိတ်ပျက်မိတယ်အမေ…။

သမီးတို့မှာ ဘုန်းကြီးကိုရင်တွေလို ဆွမ်းခံစားရတာမဟုတ်ဘဲ အဖိတ်နေ့ ဥပုသ်နေ့လေးတွေမှာ ရပ်တကာ မြို့တကာလှည့်ပြီး နေပူခံမိုးရွာမိ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆန်လေးတွေလိုက်အလှူ ခံရတာပါအမေ…။

တစ်အိမ်မှာ ဆန်တစ်ဇွန်လောက်ဘဲရပြီး တစ်ရပ်ကွက်လုံးမှဆန်လေး ၃ ပြည်လောက်ရ အဲဒီဆန်တွေကို ဈေးဆိုင်မှပြန်ရောင်း ရတဲ့ငွေလေးတွေနှင့်သမီးတို့၏အာဟာရအတွက် ချက်ပြုတ်စားရတာပါအမေ…။

တစ်ချူ ိ့ဒကာတွေကပြောသေးတယ်အမေ ဒါနဆန်များပါရှင်လို့အလှူ ခံရင် နင်တို့လုပ်စားရှိလို့လား နင်တို့လင်အိမ်တွေမို့လားဆိုပြီး အပြောခံရတယ်အမေ

သူတို့လောင်းတာကနည်းနည်း ပြောခံရတာတွေများလာတော့ ပုထုဇဉ်ဆိုတဲ့သမီးတို့နှလုံးသားတွေကကြာကြာမခံနိုင်တော့ဘူးအမေ…

ဒီခေတ်ကြီးမှာတိုးတက်လာတာနှင့်အမျှ မိန်းကလေးအသုံးအဆောင်တွေကလည် လိုချင်စရာတွေပါဘဲ ဒါပေမဲ့ကိုယ့်စိတ်ကိုပြန်ထိန်းငါဟာဘုရားသမီးတော်စစ်စစ် ဒါတွေနှင့်

ငါကဘာမှမဆိုင်ဘူးဆိုပြီးအံကိုကြိတ်ပြီးစိတ်ကိုနိုင်ထိန်းထားခဲ့တယ်အမေ…တစ်ခါတစ်လေမှာလေ ဘိက္ခုနီသာသနာ သီလရှင်သာသနာစခဲ့တဲ့ မိထွေတော်ဂေါတမီတို့

ယသော်ဓရာတို့ကိုအပြစ်တင်ချင်မိတယ်အမေ သူတို့ကဘုရားခွင့်မပြုခဲ့တာတောင် ဘိက္ခုနီသာသနာကိုရအောင်ဝင်ခဲ့တယ်….သူတို့အဲဒီလိုဝင်ခဲ့လိုသမီးတို့သီလရှင်တွေ

အခုလိုဝတ်နေရတာလို့အပြစ်မြင်မိတယ်အမေ ဒါတောင်တစ်ချူ ိ့ယောကျာၤးတွေက သီလရှင်တွေကိုကန့်တော့ရင်ဘုန်းနိမ့်တယ်ထင်လား မသိဘူးအမေ

သမီးတို့ဆိုယောကျာၤးတွေမရှိခိုးဘူး ရှိခိုးခံချင်လို့ပြောတာမဟုတ်ပါဘူးအမေအနှိမ်ခံရလို့ပါ…။ရဟန်းတွေ ကိုရင်တွေဆိုလှူ မယ့်လူ ရဟန်းခံမယ် ရဟန်းဒကာတွေပေါမှပေါအမေ

သမီးတို့ဆရာလေးတွေအသက် ၂၀ပြည့်လို့လဲဘယ်သူမှရဟန်းဒကာလာမခံပါဘူးအမေ….။ကိုယ်ကျက်မယ့်စာအုပ်ကို ကိုယ့်ဘာသာကိုယ်ဝယ် ကိုယ့်ဘဝကိုယ်လျှောက်လမ်းရတဲ့ခရီးတွေ ကြာလာတော့ပြိုလဲချင်နေပြီးအမေ

ပြီးတော့အမေ ကျောင်းတွေမှာနေဖို့စရိတ်ကိုလည် ကျောင်းထိုင်ဆရာကြီးတွေကိုပေးရတယ်အမေ…။သူတို့ကိုလည်အပြစ်မမြင်ပါဘူး ဒီဘက်ခေတ်မှာ ကုန်ဈေးနှုန်းတွေကကြီး ရေဖိုး မီးဖိုးတွေနှင့်

အပြင်ကကျောင်းသားတွေတက်တဲ့ ပိုက်ဆံနဲ့ဘာမှမပြောပါးပေမယ့် ဘယ်သူကမှ မလှူ တဲ့သမီးတို့ဘဝမှာတော့ ငွေတစ်သိန်းဆိုတာအင်မတန်မှရှားပါးပါတယ်အမေ့ကိုလည်းဒီထက်ဒုက္ခ မပေးချင်တော့ဘူး

ဒါကြောင့်သမီးကို လူထွက်ခွင့်ပေးပါနော် သမီးလေးက သူပြောချင်တာတွေပြောတာကိုနားထောင်ပြီး ရော့ ဒါသမီးအတွက်အမေဝယ်ပေးတာဖုန်းလေးကိုထုတ်ပေးတော့ သမီးလေးကဝမ်းသာသလိုရှိပေမဲ့ မျက်ရည်တွေကျလာတယ်…။

အမေရယ် အမေ့မှာပိုက်ဆံမရှိဘဲ ဒီဖုန်းကိုဘာလို့ ဝယ်တာလဲအမေ သမီးနှင့်အမေဖုန်းပြောရအောင်ပေါ့ကွယ် ပြီးတော့သမီးလည်တရားတွေနား ဗဟုသုတတွေလည်ရှာလို့ရတာပေါ့ကွယ်…

သမီးရယ်ယူပါသမီးလူမထွက်ရင်အမေဘာဘဲ လုပ်ပေးရ လုပ်ပေးရ ဘာမှမဖြစ်ဘူး သမီးလေးလူမထွက်ဖို့သာအဓိကပါ သမီးတို့အခက်အခဲတွေကိုနားလည်ပါတယ်သမီးရယ်

သမီးတို့မှာဒီသီလရှင်သာသနာကိုမထမ်းရင်ရှေ့ကထမ်းဆောင်သွားတဲ့ အမျူ ိးသမီးအရိယာကြီးတွေကိုအားနာတယ်သမီး အမေတို့မိန်းမသာသနာဆိုလို့ ဒီသီလရှင်သာသနာတစ်ခုဘဲရှိတယ်သမီး။

အရေအတွက်ကိုလည်ကြည့်အုံးသမီး သံဃာတွေ သိန်းချီပြီး ရှိနေပေမယ့်အမျူ ိးသမီးသာသနာပြုတွေကသောင်းဂဏန်းဘဲရှိတယ်သမီး ကျေးဇူးပြု ပြီးထမ်းဆောင်ပေးပါသမီးရယ်….

အမေတို့မိန်းမသားတွေအတွက်ဂုဏ်ယူရတဲ့ ဘုရားသာသနာအဖြစ်ထမ်းဆောင်ပေးပါသမီးရယ် သမီးလေးလည် ဒေါ်တင်မေဆုံးမချက်တွေ နားထောင်ပြီးစစ်ကိုင်းကိုပြန်စာတွေသင်ပြီး

ဓမ္မာစရိယထိပြီးအောင်နေသွားခဲ့တယ် ဆရာလေးအမည်ကတော့ မပညာနန္ဒတဲ့ သာသနာပြုနေသောအစ်မတော် ညီတော်များ၏ဘဝတွေကို ဤစာဖြင့်ရေးသားဂုဏ်ပြုလိုက်ပါသည်။

မိန်းမဘဝရပေမဲ့ရလာတဲ့လူဘဝကိုအရှုံးမပေးဘဲ ရဟန်းသံဃာများနှင့်တန်းတူသာသနာပြုနေတဲ့အတွက်အစဉ်လေးစားနေပါသည်။ သီလရှင်လေးများကိုတန်ဖိုးထားနိုင်ကြပါစေ…။ ။

Crd-Original Post