ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံပေါင်း ၁၁၉ ခု သဘောတူ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က စစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေးအကျပ် အတည်းကိုနိုင်ငံတကာက အမြန်ဆုံးတုံ့ပြန်ရန် အစီရင်ခံစာ ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂက ယနေ့ သတင်းထုတ်ပြန်သည်။

သမ္မတဦး၀င်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ‌အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဩဂုတ်လတုန်းက တင်သွင်းခဲ့တဲ့အဆိုကို တရုတ်အပါအ၀င် နိုင်ငံပေါင်း ၃၆ ခုက ကန့်ကွက်ထားတဲ့အတွက် တလကျော်ကြာ

ယခု စက်တင်ဘာလကုန်မှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။အတွင်းရေးမှုးချုပ်ရဲ့အဆိုကို နိုင်ငံပေါင်း ၁၁၉ ခုက ထောက်ခံခဲ့ကြပါတယ်။

အဆိုထဲမှာ စစ်အာဏာသိမ်းမှုကြောင့် ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေအတွက် ပိုမိုခက်ခဲစေတာ၊ စစ်တပ်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်သူတွေနဲ့ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ မတရားသ တ် ဖြတ် ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံရတာ‌တွေ၊ ပျောက်ဆုံးနေတာတွေ၊

ညအချိန်ဝင်ရောက်စီးနင်းတာတွေ၊ ခြိမ်းခြောက်တာနဲ့ ညှဉ်း‌ပန်းနှိပ်စက်ခြင်းများကိုခံနေရတာတွေ၊လိင်အကြမ်းဖက်ခံနေရာတာတွေကို ဂူတာရပ်ကထောက်ပြခဲ့ပြီး စစ်တပ်ရဲ့ဒီလုပ်ရပ်‌တွေကို ရပ်တန့်ဖို့ နိုင်ငံတကာရဲ့ ညီညွတ်တဲ့လုပ်ဆောင်ချက်ကို တောင်းဆိုထားတာဖြစ်ပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်တပ်ကို

နိုင်ငံတကာနှင့်ဒေသတွင်းနိုင်ငံများက စုစည်းတုံ့ပြန်ကြရန် တိုက်တွန်းထားသည်။ထိုအစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံကအတည်ပြုခဲ့ပြီး တရုတ်အပါအဝင် နိုင်ငံပေါင်း ၃၆ ခုက မဲမပေးဘဲ နေခဲ့ကြောင်း၊ ဘီလာရုက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရှိရသည်။နိုင်ငံတကာကြိုးပမ်းအားထုတ်မှုသည်“ နိုင်ငံတော်သမ္မတ ဦး ဝင်းမြင့်၊

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားအစိုးရအရာရှိများအားချက်ချင်းလွှတ်ပေးခြင်း” နှင့်အတူလိုက်ပါရမည်ဟု Guterres က သူ၏အစီရင်ခံစာတွင် ပြောဆိုထားသည်။

စစ်တပ်ရဲအုပ်ချုပ်မှုကို စွက်ဖက် ကာကွယ်ဖို့ အခွင့်အလမ်းကကျဉ်းမြောင်းသွားနိုင်တယ်။ မြန်မာနိုင်ငံရှိပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကိုပံ့ပိုးရန်အရေးကြီးပါတယ်” ဟု Guterres ကဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာ၊ အာဖဂန်နစ္စတန် နှင့် အီသီယိုပီးယား နိုင်ငံသားများအတွက် ငြိမ်းချမ်း ရေး နှင့် တည်ငြိမ်မှု ရရှိရေးဆိုသည်မှာ ဝေးကွာလှသော အိမ်မက်များ ဖြစ်လာနေသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။

ကုလ သမဂ္ဂ အနေဖြင့် မိမိတို့၏ အကြပ်အတည်းကို ဖြေရှင်းပေးနိုင်စွမ်း မရှိ ဟု မည်သူတဦး တယောက်မှ ယုံကြည်ချင်း မခံရ ဖြစ်လာနေချိန်တွင် ပြုပြင် ပြောင်းလဲရန် အချိန်တန်လာပြီ ဖြစ်သည်။

အနည်းဆုံး လုံခြုံရေး ကောင်စီတွင် ဗီတို သုံးပြီး တင်သွင်းလာသည့် အဆိုကို ပယ်ချခံရတိုင်း အထွေထွေ ညီလာခံ ရှိ အဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ မဲခွဲမှု ဖြင့် အဆုံး အဖြတ် ပေးရမည်ဟူသော ပြင်ဆင်ချက်ကို အနည်းဆုံးတော့ ပြုလုပ်သင့်လှပေသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမြန်ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ ဂျာမဏီ ဂျပန် အိန္ဒိယနဲ့ ဘရာဇီးလ် နိုင်ငံခြားရေးဝန်ကြီးတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။ခေါတ်စနစ်တွေနဲ့ မကိုက်ညီတော့တဲ့ လုံခြုံရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာကတည်းက

အဖွဲ့ဝင်နိုင်ငံအများစုက ထောက်ခံထားပြီးဖြစ်တယ်ဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ထောက်ခံထားတာဖြစ်လို့ အချိန်မဆွဲပဲ အကောင်အထည်ဖေါ်ဖို့ (၄) နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

လုံခြုံရေးကောင်စီကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းဖို့အရေးဟာ ရှောင်လွှဲလို့မရတဲ့အရာဖြစ်တယ်ဆိုပါတယ်။ လောလောဆယ်မှာ ဗီတိုအာဏာသုံးခွင့်ရှိတဲ့ လုံခြုံရေးကောင်စီအမြဲတမ်းကိုယ်စားလှယ်တွေအဖြစ်

အမေရိကန် တရုတ် ရုရှား ပြင်သစ်နဲ့ ဗြိတိန် (၅) နိုင်ငံပဲရှိပြီး G4 လို့ လူသိများတဲ့ ဂျပန် ဂျာမဏီ ဘရာဇီးလ်နဲ့ အိန္ဒိယ (၄) နိုင်ငံဟာ အမြဲတမ်းကိုယ်စားလှယ်နေရာရဖို့ ကြိုးစားနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Crd-Original Post

(ZAWGYI)

ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္ေရး ႏိုင္ငံေပါင္း ၁၁၉ ခု သေဘာတူ

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္အန္တိုနီယိုဂူတာရက္စ္က စစ္တပ္အာဏာသိမ္းမႈေၾကာင့္ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚခဲ့ေသာႏိုင္ငံေရးအက်ပ္ အတည္းကိုႏိုင္ငံတကာက အျမန္ဆုံးတုံ႔ျပန္ရန္ အစီရင္ခံစာ ထုတ္ျပန္ေတာင္းဆိုလိုက္ေၾကာင္း ကုလသမဂၢက ယေန႔ သတင္းထုတ္ျပန္သည္။

သမၼတဦး၀င္းျမင့္၊ ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ ဖမ္းဆီးခံထားရသူေတြကို လႊတ္ေပးဖို႔ေတာင္းဆိုထားတဲ့ ကုလသမဂၢ‌အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ ဩဂုတ္လတုန္းက တင္သြင္းခဲ့တဲ့အဆိုကို တ႐ုတ္အပါအ၀င္ ႏိုင္ငံေပါင္း ၃၆ ခုက ကန႔္ကြက္ထားတဲ့အတြက္ တလေက်ာ္ၾကာ

ယခု စက္တင္ဘာလကုန္မွ ထုတ္ျပန္ႏိုင္ခဲ့ပါတယ္။အတြင္းေရးမႈးခ်ဳပ္ရဲ႕အဆိုကို ႏိုင္ငံေပါင္း ၁၁၉ ခုက ေထာက္ခံခဲ့ၾကပါတယ္။ အဆိုထဲမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ဘဂၤလားေဒရွ႕္က ႐ိုဟင္ဂ်ာေတြနဲ႔ လူနည္းစုေတြအတြက္ ပိုမိုခက္ခဲေစတာ၊ စစ္တပ္ကိုဆန႔္က်င္ၿပီး

ဒီမိုကေရစီလႈပ္ရွားမႈေတြမွာပါဝင္သူေတြနဲ႔ သူတို႔ရဲ႕ေဆြမ်ိဳးသားခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ မတရားသ တ္ ျဖတ္ ခံရ၊ ဖမ္းဆီးထိန္းသိမ္းခံရတာ‌ေတြ၊ ေပ်ာက္ဆုံးေနတာေတြ၊ ညအခ်ိန္ဝင္ေရာက္စီးနင္းတာေတြ၊ ၿခိမ္းေျခာက္တာနဲ႔ ညႇဥ္း‌ပန္းႏွိပ္စက္ျခင္းမ်ားကိုခံေနရတာေတြ၊

လိင္အၾကမ္းဖက္ခံေနရာတာေတြကို ဂူတာရပ္ကေထာက္ျပခဲ့ၿပီး စစ္တပ္ရဲ႕ဒီလုပ္ရပ္‌ေတြကို ရပ္တန႔္ဖို႔ ႏိုင္ငံတကာရဲ႕ ညီၫြတ္တဲ့လုပ္ေဆာင္ခ်က္ကို ေတာင္းဆိုထားတာျဖစ္ပါတယ္။ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္က ျမန္မာစစ္တပ္ကို ႏိုင္ငံတကာႏွင့္ေဒသတြင္းႏိုင္ငံမ်ားက စုစည္းတုံ႔ျပန္ၾကရန္ တိုက္တြန္းထားသည္။

ထိုအစီရင္ခံစာကို ႏိုင္ငံေပါင္း ၁၁၉ ႏိုင္ငံကအတည္ျပဳခဲ့ၿပီး တ႐ုတ္အပါအဝင္ ႏိုင္ငံေပါင္း ၃၆ ခုက မဲမေပးဘဲ ေနခဲ့ေၾကာင္း၊ ဘီလာ႐ုက ကန႔္ကြက္မဲေပးခဲ့ေၾကာင္း သိရွိရသည္။ႏိုင္ငံတကာႀကိဳးပမ္းအားထုတ္မႈသည္“ ႏိုင္ငံေတာ္သမၼတ ဦး ဝင္းျမင့္၊

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အျခားအစိုးရအရာရွိမ်ားအားခ်က္ခ်င္းလႊတ္ေပးျခင္း” ႏွင့္အတူလိုက္ပါရမည္ဟု Guterres က သူ၏အစီရင္ခံစာတြင္ ေျပာဆိုထားသည္။

စစ္တပ္ရဲအုပ္ခ်ဳပ္မႈကို စြက္ဖက္ ကာကြယ္ဖို႔ အခြင့္အလမ္းကက်ဥ္းေျမာင္းသြားႏိုင္တယ္။ ျမန္မာႏိုင္ငံရွိျပည္သူေတြရဲ႕ ဒီမိုကေရစီဆႏၵကိုပံ့ပိုးရန္အေရးႀကီးပါတယ္” ဟု Guterres ကဆက္လက္ေျပာၾကားသည္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ျမန္မာ၊ အာဖဂန္နစၥတန္ ႏွင့္ အီသီယိုပီးယား ႏိုင္ငံသားမ်ားအတြက္ ၿငိမ္းခ်မ္း ေရး ႏွင့္ တည္ၿငိမ္မႈ ရရွိေရးဆိုသည္မွာ ေဝးကြာလွေသာ အိမ္မက္မ်ား ျဖစ္လာေနသည္ဟု သူ၏ မိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆိုသြားခဲ့သည္။

ကုလ သမဂၢ အေနျဖင့္ မိမိတို႔၏ အၾကပ္အတည္းကို ေျဖရွင္းေပးႏိုင္စြမ္း မရွိ ဟု မည္သူတဦး တေယာက္မွ ယုံၾကည္ခ်င္း မခံရ ျဖစ္လာေနခ်ိန္တြင္ ျပဳျပင္ ေျပာင္းလဲရန္ အခ်ိန္တန္လာၿပီ ျဖစ္သည္။

အနည္းဆုံး လုံၿခဳံေရး ေကာင္စီတြင္ ဗီတို သုံးၿပီး တင္သြင္းလာသည့္ အဆိုကို ပယ္ခ်ခံရတိုင္း အေထြေထြ ညီလာခံ ရွိ အဖြဲ႕ဝင္ ၁၉၃ ႏိုင္ငံ၏ မဲခြဲမႈ ျဖင့္ အဆုံး အျဖတ္ ေပးရမည္ဟူေသာ ျပင္ဆင္ခ်က္ကို အနည္းဆုံးေတာ့ ျပဳလုပ္သင့္လွေပသည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီကို အျမန္ျပန္လည္ျပင္ဆင္ဖြဲ႕စည္းဖို႔ ဂ်ာမဏီ ဂ်ပန္ အိႏၵိယနဲ႔ ဘရာဇီးလ္ ႏိုင္ငံျခားေရးဝန္ႀကီးေတြက ထပ္မံေတာင္းဆိုလိုက္ပါတယ္။ေခါတ္စနစ္ေတြနဲ႔ မကိုက္ညီေတာ့တဲ့ လုံၿခဳံေရးေကာင္စီကို ျပင္ဆင္ဖြဲ႕စည္းဖို႔ ၿပီးခဲ့တဲ့ အေထြေထြညီလာခံမွာကတည္းက

အဖြဲ႕ဝင္ႏိုင္ငံအမ်ားစုက ေထာက္ခံထားၿပီးျဖစ္တယ္ဆိုပါတယ္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ကလည္း ေထာက္ခံထားတာျဖစ္လို႔ အခ်ိန္မဆြဲပဲ အေကာင္အထည္ေဖၚဖို႔ (၄) ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ေၾကညာခ်က္မွာေဖၚျပထားပါတယ္။

လုံၿခဳံေရးေကာင္စီကို ျပင္ဆင္တိုးခ်ဲ႕ဖြဲ႕စည္းဖို႔အေရးဟာ ေရွာင္လႊဲလို႔မရတဲ့အရာျဖစ္တယ္ဆိုပါတယ္။ ေလာေလာဆယ္မွာ ဗီတိုအာဏာသုံးခြင့္ရွိတဲ့ လုံၿခဳံေရးေကာင္စီအၿမဲတမ္းကိုယ္စားလွယ္ေတြအျဖစ္

အေမရိကန္ တ႐ုတ္ ႐ုရွား ျပင္သစ္နဲ႔ ၿဗိတိန္ (၅) ႏိုင္ငံပဲရွိၿပီး G4 လို႔ လူသိမ်ားတဲ့ ဂ်ပန္ ဂ်ာမဏီ ဘရာဇီးလ္နဲ႔ အိႏၵိယ (၄) ႏိုင္ငံဟာ အၿမဲတမ္းကိုယ္စားလွယ္ေနရာရဖို႔ ႀကိဳးစားေနတဲ့ႏိုင္ငံေတြျဖစ္ပါတယ္။

Crd-Original Post